႐ိုးမားအသင္းကို အငွားနဲ႔ ေရာက္ရွိသြားၿပီျဖစ္တဲ့ မီခီတာယန္

Photo Credit

Photo Credit

အဂၤလိပ္မပါ က်န္ဥေရာပေဘာလုံးေလာကရဲ႕ေႏြရသီအေျပာင္းအေရႊ႕ ပိတ္သိမ္းဖို႔ နီးကပ္လာခ်ိန္မွာ အာဆင္နယ္အသင္းကြင္းလယ္လူမီခီတာယန္ဟာ အီတလီႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ကိုေရာက္ရွိေနၿပီ ျဖစ္ၿပီး ႐ိုးမားအသင္းကို တစ္ရာသီအငွားသြားေရာက္ကစားမွာ ျဖစ္ပါတယ္။

Photo Credit

အမ္းမရိတ္စ္အေျခစုိက္အသင္းထံ နီကိုလပ္စ္ပီပီ ၊ ဒန္နီဆီဘယ္ေလာ့စ္တို႔ ေရာက္ရွိလာတာက မီခီတာယန္ကို အသင္းမွ ေျပာင္းေရႊ႕ဖို႔ ပိုမိုနီးစပ္လာတဲ့ အေနအထားတစ္ရပ္ျဖစ္သြားေစပါတယ္။ ႐ိုးမားအေနနဲ႔ မီခီတာယန္ကို အငွားနဲ႔ေခၚယူမႈအတြက္ အာဆင္နယ္အသင္းကို ယူ႐ို ၃သန္းေပးေခ်ရမွာျဖစ္ပါတယ္။

Photo Credit

ေဟာ့ဖန္ဟိမ္းကို အငွားသြားေရာက္ကစားေနခဲ့တဲ့ ရိဒ္နယ္လ္ဆင္ကလည္း အသင္းကိုျပန္လည္ေရာက္ရွိလာၿပီ ျဖစ္ၿပီး လူငယ္ကစားသမားေလးဝီလ္ေလာ့ကလည္း အသင္းရဲ႕ကြင္းလယ္တိုက္စစ္ပိုင္းမွာေျခစြမ္းေကာင္းေတြ ဆက္တိုက္ ျပသေနပါတယ္။

Photo Credit

ဒါေၾကာင့္ မီခီတာယန္က အသင္းရဲ႕အရန္ခံုမွာသာအခ်ိန္ကုန္ေနခဲ့ၿပီး အသင္းရဲ႕ပြဲစဥ္ေတြကို ၾကည့္ရႈေန႐ံုသာတတ္ႏိုင္ခဲ့ပါတယ္။ အဆိုပါ အေျပာင္းအေရႊ႕ဟာ ကစားသမားအတြက္ေရာ အသင္းအတြက္ပါ အက်ိဳးရွိေစမယ္လို႔ အာဆင္နယ္အသင္းကယူဆေနပါတယ္။

Photo Credit

ယခုအေျပာင္းအေရႊ႕ေၾကာင့္ မီခီတာယန္လည္း ပြဲထြက္ခြင့္ ပိုရလာႏိုင္ၿပီး ဂန္းနားေတြရဲ႕လူငယ္ကစားသမားေတြျဖစ္တဲ့ နယ္လ္ဆင္၊ ေႏြရာသီမွာ စာခ်ဳပ္ခ်ဳပ္ေခၚယူခဲ့တဲ့ ဂါဘရီရယ္ မာတင္နယ္လီတို႔လည္း စီနီယာအသင္းမွာ ပြဲထြက္ခြင့္ ပိုမိုရရွိလာမွာ ျဖစ္ပါတယ္။

Photo Credit

မီခီတာယန္ဟာ ၂၀၁၈ ဇန္နဝါရီက မန္ခ်က္စတာယူႏိုက္တက္ကေန ဆန္းခ်က္ဇ္နဲ႔ တိုက္႐ိုက္လဲလွယ္ခဲ့ၿပီးကတည္းက အာဆင္နယ္အသင္းမွာ ပံုမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။ မီခီတာယန္ဟာ ပြဲထြက္ခြင့္ ၅၉ ပြဲရွိခဲ့ၿပီး သြင္းဂိုး ၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

Photo Credit

ယခုရာသီအစအဖြင့္ပြဲစဥ္ နယူးကာဆယ္အသင္းနဲ႔ပြဲစဥ္မွာလည္း မီခီတာယန္ကို နည္းျပအမ္မရီက ခ်န္လွပ္ထားခဲ့ပါတယ္။ မီခီတာယန္ဟာ ႐ိုးမားအသင္းကို ေသာၾကာေန႔က မန္ခ်က္စတာယူႏိုက္တက္ကေန အငွားေရာက္ရွိလာတဲ့ ခရစၥစေမာလင္းၿပီးေနာက္ ဒုတိယေျမာက္ အငွားနဲ႔ ေရာက္ရွိလာတဲ့ ကစားသမားျဖစ္လာခဲ့ပါတယ္။

Photo Credit

Unicode

ရိုးမားအသင်းကို အငှားနဲ့ ရောက်ရှိသွားပြီဖြစ်တဲ့ မီခီတာယန်

အင်္ဂလိပ်မပါ ကျန်ဥရောပဘောလုံးလောကရဲ့နွေရသီအပြောင်းအရွှေ့ ပိတ်သိမ်းဖို့ နီးကပ်လာချိန်မှာ အာဆင်နယ်အသင်းကွင်းလယ်လူမီခီတာယန်ဟာ အီတလီနိုင်ငံရဲ့မြို့တော်ကိုရောက်ရှိနေပြီ ဖြစ်ပြီး ရိုးမားအသင်းကို တစ်ရာသီအငှားသွားရောက်ကစားမှာ ဖြစ်ပါတယ်။
အမ်းမရိတ်စ်အခြေစိုက်အသင်းထံ နီကိုလပ်စ်ပီပီ ၊ ဒန်နီဆီဘယ်လော့စ်တို့ ရောက်ရှိလာတာက မီခီတာယန်ကို အသင်းမှ ပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာတဲ့ အနေအထားတစ်ရပ်ဖြစ်သွားစေပါတယ်။ ရိုးမားအနေနဲ့ မီခီတာယန်ကို အငှားနဲ့ခေါ်ယူမှုအတွက် အာဆင်နယ်အသင်းကို ယူရို ၃သန်းပေးချေရမှာဖြစ်ပါတယ်။
ဟော့ဖန်ဟိမ်းကို အငှားသွားရောက်ကစားနေခဲ့တဲ့ ရိဒ်နယ်လ်ဆင်ကလည်း အသင်းကိုပြန်လည်ရောက်ရှိလာပြီ ဖြစ်ပြီး လူငယ်ကစားသမားလေးဝီလ်လော့ကလည်း အသင်းရဲ့ကွင်းလယ်တိုက်စစ်ပိုင်းမှာခြေစွမ်းကောင်းတွေ ဆက်တိုက် ပြသနေပါတယ်။
ဒါကြောင့် မီခီတာယန်က အသင်းရဲ့အရန်ခုံမှာသာအချိန်ကုန်နေခဲ့ပြီး အသင်းရဲ့ပွဲစဉ်တွေကို ကြည့်ရှုနေရုံသာတတ်နိုင်ခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့ဟာ ကစားသမားအတွက်ရော အသင်းအတွက်ပါ အကျိုးရှိစေမယ်လို့ အာဆင်နယ်အသင်းကယူဆနေပါတယ်။
ယခုအပြောင်းအရွှေ့ကြောင့် မီခီတာယန်လည်း ပွဲထွက်ခွင့် ပိုရလာနိုင်ပြီး ဂန်းနားတွေရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ နယ်လ်ဆင်၊ နွေရာသီမှာ စာချုပ်ချုပ်ခေါ်ယူခဲ့တဲ့ ဂါဘရီရယ် မာတင်နယ်လီတို့လည်း စီနီယာအသင်းမှာ ပွဲထွက်ခွင့် ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။
မီခီတာယန်ဟာ ၂၀၁၈ ဇန်နဝါရီက မန်ချက်စတာယူနိုက်တက်ကနေ ဆန်းချက်ဇ်နဲ့ တိုက်ရိုက်လဲလှယ်ခဲ့ပြီးကတည်းက အာဆင်နယ်အသင်းမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ မီခီတာယန်ဟာ ပွဲထွက်ခွင့် ၅၉ ပွဲရှိခဲ့ပြီး သွင်းဂိုး ၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
ယခုရာသီအစအဖွင့်ပွဲစဉ် နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာလည်း မီခီတာယန်ကို နည်းပြအမ်မရီက ချန်လှပ်ထားခဲ့ပါတယ်။ မီခီတာယန်ဟာ ရိုးမားအသင်းကို သောကြာနေ့က မန်ချက်စတာယူနိုက်တက်ကနေ အငှားရောက်ရှိလာတဲ့ ခရစ္စစမောလင်းပြီးနောက် ဒုတိယမြောက် အငှားနဲ့ ရောက်ရှိလာတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။