နှိမ့်ချဆက်ဆံတယ်လို့ ခံစားနေရတဲ့ဆန်ချို ဒေါ့တ်မန်ကို စွန့်ခွာဖို့များနေ

PC ; Internet

ဒေါ့တ်မန်မှာကစားရတာ ဆန်ချိုအဆင်မပြေဘူးဆိုတဲ့ သတင်းတွေထွက်လာပါတယ်။အထူးသဖြင့် ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာ သူ့အပေါ်နှိမ့်ချပြီးဓားစာခံတစ်ယောက်လိုဆက်ဆံခဲ့တယ်လို့ ခံစားနေရကြောင်း သတင်းတွေထွက်လာခဲ့တာဖြစ်ပါတယ်။အဲဒီပွဲမှာ ပွဲချိန်အစောပိုင်းကတည်းက လူစားလဲခံလိုက်ရတာဟာ အဓိကအကြောင်းရင်းဖြစ်တယ်လို့လည်း ရေးသားနေကြပါတယ်။ဒေါ့တ်မန်ဟာ ဘိုင်ယန်မြူးနစ်ကို ၄ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ဆန်ချိုကတော့ ၃၆မိနစ်မှာတင် လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

PC ; Internet

နည်းပြဖာဗရီက အင်္ဂလန်လက်ရွေးစင်ဟာ လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိတာကြောင့် လူစားလဲလိုက်ရတာလို့ နောက်ပိုင်းမှာ ရှင်းလင်းခဲ့ပေမယ့် ဆန်ချိုဟာ သူတို့ရဲ့ချန်ပီယံအိပ်မက်မှာ အဓိက ကစားသမားတစ်ဦးဖြစ်နေတာတော့ မငြင်းနိုင်ပါဘူး။ဒါကိုလည်း ပါဒါဘွန်းနဲ့နောက်ဆုံးပွဲစဉ်မှာ သက်သေပြခဲ့ပါတယ်။ပထမပိုင်းမှာ ဧည့်သည်ပါဒါဘွန်းက ၃ဂိုးပြတ်ဦးဆောင်ထားပေမယ့် ဆန်ချိုဟာ ဒုတိယပိုင်းစတာနဲ့ ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့သလို အဖိုးတန် ၁မှတ်ရစေမယ့် တတိယချေပဂိုးကိုလည်း ဖန်တီးပေးခဲ့တာပါ။

PC ; Internet

အခုလို ဒေါ့တ်မန်မှာအဆင်မပြေတာဟာ သူ့ကို စိတ်ဝင်စားနေကြတဲ့ ဘာစီလိုနာ၊ရီးရဲလ်၊လီဗာပူးနဲ့မန်ယူတို့လို ထိပ်သီးအသင်းတွေအတွက်တော့ သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ဆန်ချိုဟာ ဒီရာသီမှာ ဒေါ့တ်မန်အတွက် ၁၇ပွဲကစား ၅ဂိုးသွင်းပြီး ၉ကြိမ်ဖန်တီးပေးထားသူပါ။အသက် ၁၉နှစ်သာရှိသေးပေမယ့် ဥရောပရဲ့အလားအလာအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်နေတာကြောင့် ဒေါ့တ်မန်အနေနဲ့ ဆန်ချိုကိုအကောင်းဆုံးနှစ်သိမ့်မှုမပေးနိုင်ရင် လာမယ့်ဇန်နဝါရီဈေးကွက်မှာမဟုတ်ရင်တောင် နွေရာသီမှာဆုံးရှုံးရဖို့ရှိနေတယ်လို့ မီဒီယာတွေကရေးသားနေကြပါတယ်။

(zawgyi)

ေဒါ့တ္မန္မွာကစားရတာ ဆန္ခ်ိဳအဆင္မေျပဘူးဆိုတဲ့ သတင္းေတြထြက္လာပါတယ္။အထူးသျဖင့္ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲစဥ္မွာ သူ႔အေပၚႏွိမ့္ခ်ၿပီးဓားစာခံတစ္ေယာက္လိုဆက္ဆံခဲ့တယ္လို႔ ခံစားေနရေၾကာင္း သတင္းေတြထြက္လာခဲ့တာျဖစ္ပါတယ္။အဲဒီပြဲမွာ ပြဲခ်ိန္အေစာပိုင္းကတည္းက လူစားလဲခံလိုက္ရတာဟာ အဓိကအေၾကာင္းရင္းျဖစ္တယ္လို႔လည္း ေရးသားေနၾကပါတယ္။ေဒါ့တ္မန္ဟာ ဘိုင္ယန္ျမဴးနစ္ကို ၄ဂိုးျပတ္ရံႈးနိမ့္ခဲ့ၿပီး ဆန္ခ်ိဳကေတာ့ ၃၆မိနစ္မွာတင္ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။နည္းျပဖာဗရီက အဂၤလန္လက္ေရြးစင္ဟာ လံုေလာက္တဲ့ေကာင္းမြန္မႈမ်ိဳးမရွိတာေၾကာင့္ လူစားလဲလိုက္ရတာလို႔ ေနာက္ပိုင္းမွာ ရွင္းလင္းခဲ့ေပမယ့္ ဆန္ခ်ိိဳဟာ သူတို႔ရဲ႕ခ်န္ပီယံအိပ္မက္မွာ အဓိက ကစားသမားတစ္ဦးျဖစ္ေနတာေတာ့ မျငင္းႏိုင္ပါဘူး။ဒါကိုလည္း ပါဒါဘြန္းနဲ႔ေနာက္ဆံုးပြဲစဥ္မွာ သက္ေသျပခဲ့ပါတယ္။ပထမပိုင္းမွာ ဧည့္သည္ပါဒါဘြန္းက ၃ဂိုးျပတ္ဦးေဆာင္ထားေပမယ့္ ဆန္ခ်ိဳဟာ ဒုတိယပိုင္းစတာနဲ႔ ေခ်ပဂိုးတစ္ဂိုးသြင္းေပးခဲ့သလို အဖိုးတန္ ၁မွတ္ရေစမယ့္ တတိယေခ်ပဂိုးကိုလည္း ဖန္တီးေပးခဲ့တာပါ။အခုလို ေဒါ့တ္မန္မွာအဆင္မေျပတာဟာ သူ႔ကို စိတ္၀င္စားေနၾကတဲ့ ဘာစီလိုနာ၊ရီးရဲလ္၊လီဗာပူးနဲ႔မန္ယူတို႔လို ထိပ္သီးအသင္းေတြအတြက္ေတာ့ သတင္းေကာင္းျဖစ္လာခဲ့ပါတယ္။ဆန္ခ်ိဳဟာ ဒီရာသီမွာ ေဒါ့တ္မန္အတြက္ ၁၇ပြဲကစား ၅ဂိုးသြင္းၿပီး ၉ႀကိမ္ဖန္တီးေပးထားသူပါ။အသက္ ၁၉ႏွစ္သာရွိေသးေပမယ့္ ဥေရာပရဲ႕အလားအလာအေကာင္းဆံုး ကစားသမားတစ္ေယာက္ျဖစ္ေနတာေၾကာင့္ ေဒါ့တ္မန္အေနနဲ႔ ဆန္ခ်ိဳကိုအေကာင္းဆံုးႏွစ္သိမ့္မႈမေပးႏိုင္ရင္ လာမယ့္ဇန္န၀ါရီေစ်းကြက္မွာမဟုတ္ရင္ေတာင္ ေႏြရာသီမွာဆံုးရံႈးရဖို႔ရွိေနတယ္လို႔ မီဒီယာေတြကေရးသားေနၾကပါတယ္။