ႏွစ္ေယာက္စလုံးက ရႈံးတာမႀကိဳက္ဘူးလို႔ စီေရာ္နယ္ဒိုနဲ႔ၿပိဳင္ဆိုင္မႈကိုဖြင့္ဟလိုက္တဲ့မက္ဆီ

photo-gettyimages

photo-gettyimages

ဒီႏွစ္အတြက္ ဖီဖာရဲ႕The Best ကမာၻ႔အေကာင္းဆုံးကစားဆုမွာ စီေရာ္နယ္ဒိုကို ေက်ာ္ျဖတ္ရရွိခဲ့ၿပီးေနာက္ မက္ဆီက အဲဒီေပၚတူဂီၾကယ္ပြင့္နဲ႔သူ႔အၾကား ၿပိဳင္ဆိုင္မႈအေၾကာင္းကို ဖြင့္ဟလိုက္ပါတယ္။ သူနဲ႔ထာ၀ရၿပိဳင္ဘက္ျဖစ္တဲ့စီေရာ္နယ္ဒုိတုိ႔ဟာ ရႈံးတာမႀကိဳက္ဘူးလို႔ ၀န္ခံခဲ့ေပမယ့္ သူတုိ႔ၾကားက ၿပိဳင္ဆိုင္မႈဟာ ပေရာ္ဖက္ရွင္နယ္စစ္စစ္ထက္ မပိုဘူးလုိ႔လည္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။ အီတလီႏိုင္ငံ မီလန္ၿမိဳ႕မွာက်င္းပခ့ဲတဲ့ ဖီဖာရဲ႕The Best ဆုေပးပြဲအခမ္းအနားကို ဆန္ခါတင္ေနာက္ဆုံး ၃ ဦးထဲက မက္ဆီနဲ႔ဗန္ဒစ္ဂ်္တို႔ ေရာက္လာခဲ့ေပမယ့္ စီေရာ္နယ္ဒိုကေတာ့ တက္ေရာက္ျခင္းမရွိခဲ့ပါဘူး။

photo-gettyimages

ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ၾသဂုတ္လက က်င္းပခဲ့တဲ့ယူအီးအက္ဖ္ေအဆုေပးပြဲမွာ ဆုံခဲ့ၿပီးေနာက္ပိုင္း မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ ထပ္မေတြ႕ျဖစ္ခဲ့ၾကပါဘူး။ ဒီအတြက္လည္း သူတုိ႔ၾကားက ၿပိဳင္ဆိုင္မႈနဲ႔ပတ္သက္လုိ႔ မက္ဆီတစ္ေယာက္တည္းကသာ ေမးခြန္းေတြ ဒုိင္ခံေျဖၾကားခဲ့ရပါတယ္။ ဒီလိုေျဖၾကားရာမွာ သူတို႔ၾကား ကြင္းျပင္ပ ဘယ္လိုၿပိဳင္ဆိုင္မႈမွ မရွိေၾကာငး္လညး္ ထပ္မံေျပာၾကားခဲ့ပါတယ္။

photo-gettyimages

စီေရာ္နယ္ဒိုနဲ႔သူ႔အၾကားက ႏွစ္ကာလရွည္ၾကာျပငး္ထန္ခဲ့တဲ့ ၿပိဳင္ဆိုင္မႈကို လူေတြဘာေၾကာင့္ အံ့အားသင့္ေနလဲလု႔ိ ဖီဖာက အင္တာဗ်ဴးေတာ့ မက္ဆီက”လြန္ခဲ့တဲ့ႏွစ္အနညး္ငယ္အတြင္း ကၽြန္ေတာ္တုိ႔ၾကားမွာ ဖြံ႕ၿဖိဳးလာတဲ့ အားကစားၿပိဳင္ဆိုင္မႈႀကီးေၾကာင့္ပါပဲ။ ဘာေၾကာင့္လဲဆုိေတာ့ တစ္ေယာက္က ဘာစီလုိနာအတြက္ ကစားတယ္။ ေနာက္တစ္ေယာက္က ရီးရဲလ္မက္ဒရစ္အတြက္ ကစားတယ္။ ေနာက္ၿပီး ႏွစ္ေယာက္စလုံးက တစ္ဦးခ်င္းေအာင္ျမင္မႈေတြလည္း ရထားၾကတယ္။ ဒီၿပိဳင္ဆိုင္မႈဟာ ေဘာလုံးထက္ေက်ာ္လြန္တယ္လို႔ လူေတြက ထင္ၾကတယ္။ ဒါေပမဲ့ အဲဒါမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္စလုံးဟာ ကၽြန္ေတာ္တို႔အသင္းေတြအတြက္ ဘာအေကာင္းဆုံးျဖစ္မလဲဆိုတာကိုပဲ လုိခ်င္ၾကတာပါ။ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္စလုံးက ရႈံးတာကို မႀကိဳက္ပါဘူး။ အဲဒါဟာ ကၽြန္ေတာ္တို႔လက္မခံႏိုင္တဲ့တစ္စုံတစ္ခုပါ။ ဒါေၾကာင့္လည္း ကၽြန္ေတာ္တုိ႔ၾကားမွာ ၿပိဳင္ဆိုင္မႈေကာင္းရွိေနတာေပါ့။ အေရးႀကီးဆုံးအရာက အဲဒါဟာ ကြင္းထဲမွာပဲ ဆက္ရွိေနဖို႔ပါပဲ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

[Unicode]

ဒီနှစ်အတွက် ဖီဖာရဲ့The Best ကမ္ဘာ့အကောင်းဆုံးကစားဆုမှာ စီရော်နယ်ဒိုကို ကျော်ဖြတ်ရရှိခဲ့ပြီးနောက် မက်ဆီက အဲဒီပေါ်တူဂီကြယ်ပွင့်နဲ့သူ့အကြား ပြိုင်ဆိုင်မှုအကြောင်းကို ဖွင့်ဟလိုက်ပါတယ်။ သူနဲ့ထာဝရပြိုင်ဘက်ဖြစ်တဲ့စီရော်နယ်ဒိုတို့ဟာ ရှုံးတာမကြိုက်ဘူးလို့ ဝန်ခံခဲ့ပေမယ့် သူတို့ကြားက ပြိုင်ဆိုင်မှုဟာ ပရော်ဖက်ရှင်နယ်စစ်စစ်ထက် မပိုဘူးလို့လည်း အခိုင်အမာပြောကြားလိုက်ပါတယ်။ အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဖီဖာရဲ့The Best ဆုပေးပွဲအခမ်းအနားကို ဆန်ခါတင်နောက်ဆုံး ၃ ဦးထဲက မက်ဆီနဲ့ဗန်ဒစ်ဂျ်တို့ ရောက်လာခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ တက်ရောက်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့်လည်း ပြီးခဲ့တဲ့သြဂုတ်လက ကျင်းပခဲ့တဲ့ယူအီးအက်ဖ်အေဆုပေးပွဲမှာ ဆုံခဲ့ပြီးနောက်ပိုင်း မက်ဆီနဲ့စီရော်နယ်ဒိုတို့ ထပ်မတွေ့ဖြစ်ခဲ့ကြပါဘူး။ ဒီအတွက်လည်း သူတို့ကြားက ပြိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မက်ဆီတစ်ယောက်တည်းကသာ မေးခွန်းတွေ ဒိုင်ခံဖြေကြားခဲ့ရပါတယ်။ ဒီလိုဖြေကြားရာမှာ သူတို့ကြား ကွင်းပြင်ပ ဘယ်လိုပြိုင်ဆိုင်မှုမှ မရှိကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

စီရော်နယ်ဒိုနဲ့သူ့အကြားက နှစ်ကာလရှည်ကြာပြင်းထန်ခဲ့တဲ့ ပြိုင်ဆိုင်မှုကို လူတွေဘာကြောင့် အံ့အားသင့်နေလဲလု့ိ ဖီဖာက အင်တာဗျူးတော့ မက်ဆီက”လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော်တို့ကြားမှာ ဖွံ့ဖြိုးလာတဲ့ အားကစားပြိုင်ဆိုင်မှုကြီးကြောင့်ပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်က ဘာစီလိုနာအတွက် ကစားတယ်။ နောက်တစ်ယောက်က ရီးရဲလ်မက်ဒရစ်အတွက် ကစားတယ်။ နောက်ပြီး နှစ်ယောက်စလုံးက တစ်ဦးချင်းအောင်မြင်မှုတွေလည်း ရထားကြတယ်။ ဒီပြိုင်ဆိုင်မှုဟာ ဘောလုံးထက်ကျော်လွန်တယ်လို့ လူတွေက ထင်ကြတယ်။ ဒါပေမဲ့ အဲဒါမဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ကျွန်တော်တို့အသင်းတွေအတွက် ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကိုပဲ လိုချင်ကြတာပါ။ ကျွန်တော်တို့နှစ်ယောက်စလုံးက ရှုံးတာကို မကြိုက်ပါဘူး။ အဲဒါဟာ ကျွန်တော်တို့လက်မခံနိုင်တဲ့တစ်စုံတစ်ခုပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ကြားမှာ ပြိုင်ဆိုင်မှုကောင်းရှိနေတာပေါ့။ အရေးကြီးဆုံးအရာက အဲဒါဟာ ကွင်းထဲမှာပဲ ဆက်ရှိနေဖို့ပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။