ႏူးကမ့္မွာ ၂ ဂိုးသြင္းၿပီး ထူးထူးျခားျခားေအာင္ပြဲခံခဲ့တဲ့ ဂရစ္ဇ္မန္း

photo-gettyimages

photo-gettyimages

မေန႔ည ဘက္တစ္နဲ႔ပြဲမွာ အႏိုင္ရေစမယ့္ စြမ္းေဆာင္မႈမ်ိဳးလုပ္ႏိုင္ဖို႔ ဘာစီလိုနာတုိက္စစ္မႈးဂရစ္ဇ္မန္းအေပၚ ဖိအားရွိခဲ့ပါတယ္။ ေျပာင္းေရႊ႕ေၾကးယူရိုသန္း ၁၂၀ နဲ႔ အက္သလက္တီကိုကေနေရာက္လာတဲ့အဲဒီျပင္သစ္သားဟာ ဘီလ္ဘာအိုနဲ႔လာလီဂါအဖြင့္ပြဲတုန္းက ဘာစီလိုနာမရႈံးေအာင္ ကာကြယ္တားဆီးေပးႏိုင္ျခင္း မရွိခဲ့ပါဘူး။ မက္ဆီက မပါႏုိင္ေသးသလို ဆြာရက္ဇ္ကလည္း နားေနရတဲ့အတြက္ ဘက္တစ္နဲ႔ပြဲက ဘာစီလိုနာတုိက္စစ္မွာ ဂရစ္ဇ္မန္းကသာ တစ္ဦးတည္းေသာအားကိုးစရာျဖစ္ခဲ့တာပါ။

photo-gettyimages

အက္သလက္တီကိုကစားသမားဘ၀ကတည္းက ဂရစ္ဇ္မန္းဟာ ဘာစီလုိနာအိမ္ကြင္းမွာ တစ္ခါမွ ဂိုးသြင္းဖူးျခင္း မရွိပါဘူး။ ပြဲအစ ၁၅ မိနစ္မွာတင္ ဘီလ္ဘာအိုက ဦးေဆာင္ဂိုးသြင္းလုိက္ေတာ့ ေနာက္ထပ္အဆိုးဆုံးနဲ႔ႀကဳံရမွာကို ဂရစ္ဇ္မန္းစိုးရိမ္သြားေလာက္ပါတယ္။ ဒါေပမဲ့လည္း ပထမပိုင္းမၿပီးခင္မွာ သူဟာ ေခ်ပဂိုးကို ေလွ်ာထုိးပိတ္သြင္းႏိုင္ခဲ့ၿပီး အဲဒါဟာ ဘာစီလိုနာအတြက္ သူ႔ရဲ႕ၿပိဳင္ပြဲအသြင္ပထမဆုံးဂိုးလညး္ ျဖစ္လာခဲ့ပါတယ္။ ဒုတိယပိုင္းျပန္အစမွာ သူသြင္းခဲ့တဲ့ ဒုတိယဂိုးကေတာ့ တကယ္ကိုလွပပါတယ္။ ပင္နယ္တီဧရိယာအစပ္မွာ ေဘာလုံးရယူၿပီး အေ၀းတိုင္ေထာင့္ထဲ ေ၀့၀ိုက္ကန္သြင္းခဲ့တာပါ။ မက္ဆီသြင္းသလုိ သြင္းခဲ့တာပါလို႔လည္း ပြဲအၿပီးမွာ သူ၀န္ခံခဲ့ပါတယ္။

photo-sportbible

အဲဒီဂိုးသြင္းၿပီးေတာ့ ဂရစ္ဇ္မန္းဟာ ေထာင့္ကန္ေဘာအလံတိုင္ရွိရာသြားတဲ့အခါ ကြင္း၀န္ထမ္းတစ္ေယာက္က ထြက္လာၿပီး ဘူးေလးထဲကေန ၿပိဳးၿပိိဳးျပက္ျပက္လက္တဲ့ ေရာင္စုံစကၠဴတခ်ိဳ႕ကို သူ႔လက္ထဲထည့္ေပးလိုက္ပါတယ္။ အဲဒီၿပိဳးၿပိဳးျပက္ျပက္ေတြကို ဂရစ္ဇ္မန္းက ေလထဲမွာႀကဲၿပီး ေအာင္ပြဲခံမႈလုပ္ခဲ့တာပါ။ အဲဒီလို ဂရစ္ဇ္မန္းက ထူးထူးျခားျခားေအာင္ပြဲခံတာကို ပြဲၾကည့္စင္ေပၚမွာရွိေနတဲ့မက္ဆီက သေဘာက်ရယ္ေမာသြားတာကို ရုပ္သံကင္မရာေတြက ရိုက္ယူလိုက္ႏိုင္ခဲ့ပါတယ္။ ပြဲၿပီးေတာ့ ဂရစ္ဇ္မန္းက ဘတ္စ္ကတ္ေဘာဂႏၳ၀င္လီဘရြန္ဂ်ိမ္းစ္လို ေအာင္ပြဲခံတာပါလို႔ ဖြင့္ဟခဲ့ပါတယ္။ လီဘရြန္ဂ်ိမ္းစ္ဟာ ပရီးမီးယားလိဂ္ကလပ္လီဗာပူးရဲ႕ရွယ္ယာရွင္တစ္ေယာက္ျဖစ္သလို လီဗာပူးပရိသတ္တစ္ေယာက္လည္း ျဖစ္ပါတယ္။

[Unicode]

မနေ့ည ဘက်တစ်နဲ့ပွဲမှာ အနိုင်ရစေမယ့် စွမ်းဆောင်မှုမျိုးလုပ်နိုင်ဖို့ ဘာစီလိုနာတိုက်စစ်မှုးဂရစ်ဇ်မန်းအပေါ် ဖိအားရှိခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးယူရိုသန်း ၁၂၀ နဲ့ အက်သလက်တီကိုကနေရောက်လာတဲ့အဲဒီပြင်သစ်သားဟာ ဘီလ်ဘာအိုနဲ့လာလီဂါအဖွင့်ပွဲတုန်းက ဘာစီလိုနာမရှုံးအောင် ကာကွယ်တားဆီးပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ မက်ဆီက မပါနိုင်သေးသလို ဆွာရက်ဇ်ကလည်း နားနေရတဲ့အတွက် ဘက်တစ်နဲ့ပွဲက ဘာစီလိုနာတိုက်စစ်မှာ ဂရစ်ဇ်မန်းကသာ တစ်ဦးတည်းသောအားကိုးစရာဖြစ်ခဲ့တာပါ။

အက်သလက်တီကိုကစားသမားဘဝကတည်းက ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအိမ်ကွင်းမှာ တစ်ခါမှ ဂိုးသွင်းဖူးခြင်း မရှိပါဘူး။ ပွဲအစ ၁၅ မိနစ်မှာတင် ဘီလ်ဘာအိုက ဦးဆောင်ဂိုးသွင်းလိုက်တော့ နောက်ထပ်အဆိုးဆုံးနဲ့ကြုံရမှာကို ဂရစ်ဇ်မန်းစိုးရိမ်သွားလောက်ပါတယ်။ ဒါပေမဲ့လည်း ပထမပိုင်းမပြီးခင်မှာ သူဟာ ချေပဂိုးကို လျှောထိုးပိတ်သွင်းနိုင်ခဲ့ပြီး အဲဒါဟာ ဘာစီလိုနာအတွက် သူ့ရဲ့ပြိုင်ပွဲအသွင်ပထမဆုံးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။ ဒုတိယပိုင်းပြန်အစမှာ သူသွင်းခဲ့တဲ့ ဒုတိယဂိုးကတော့ တကယ်ကိုလှပပါတယ်။ ပင်နယ်တီဧရိယာအစပ်မှာ ဘောလုံးရယူပြီး အဝေးတိုင်ထောင့်ထဲ ဝေ့ဝိုက်ကန်သွင်းခဲ့တာပါ။ မက်ဆီသွင်းသလို သွင်းခဲ့တာပါလို့လည်း ပွဲအပြီးမှာ သူဝန်ခံခဲ့ပါတယ်။

အဲဒီဂိုးသွင်းပြီးတော့ ဂရစ်ဇ်မန်းဟာ ထောင့်ကန်ဘောအလံတိုင်ရှိရာသွားတဲ့အခါ ကွင်းဝန်ထမ်းတစ်ယောက်က ထွက်လာပြီး ဘူးလေးထဲကနေ ပြိုးပြိုးပြက်ပြက်လက်တဲ့ ရောင်စုံစက္ကူတချို့ကို သူ့လက်ထဲထည့်ပေးလိုက်ပါတယ်။ အဲဒီပြိုးပြိုးပြက်ပြက်တွေကို ဂရစ်ဇ်မန်းက လေထဲမှာကြဲပြီး အောင်ပွဲခံမှုလုပ်ခဲ့တာပါ။ အဲဒီလို ဂရစ်ဇ်မန်းက ထူးထူးခြားခြားအောင်ပွဲခံတာကို ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့မက်ဆီက သဘောကျရယ်မောသွားတာကို ရုပ်သံကင်မရာတွေက ရိုက်ယူလိုက်နိုင်ခဲ့ပါတယ်။ ပွဲပြီးတော့ ဂရစ်ဇ်မန်းက ဘတ်စ်ကတ်ဘောဂန္ထဝင်လီဘရွန်ဂျိမ်းစ်လို အောင်ပွဲခံတာပါလို့ ဖွင့်ဟခဲ့ပါတယ်။ လီဘရွန်ဂျိမ်းစ်ဟာ ပရီးမီးယားလိဂ်ကလပ်လီဗာပူးရဲ့ရှယ်ယာရှင်တစ်ယောက်ဖြစ်သလို လီဗာပူးပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။