ႏူအာကိုမေရြးရင္ ကစားသမားပို႔မွာမဟုတ္ဘူးလုိ႔ ဂ်ာမနီအသင္းကို ဘိုင္ယန္ဥကၠဌသတိေပး

photo-daily mail

photo-EPA

ဂုိးသမားႏူအာနဲ႔ပတ္သက္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ဂ်ာမနီလက္ေရြးစင္အသင္းတို႔ၾကားက ျပည္တြင္းစစ္ဟာ ဇာတ္ရွိန္အျမင့္ဆုံးကို ေရာက္လာခဲ့ပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ ဂိုးသမားႏူအာသာ ႏိုင္ငံအသင္းမွာ ပြဲထြက္ေနရာဆုံးရႈံးရမယ္ဆုိရင္ သူ႔ရဲ႕ကလပ္ျဖစ္တဲ့ဘိုင္ယန္ျမဴးနစ္ဟာ လက္ေရြးစင္အသင္းကို သပိတ္ေမွာက္ဖို႔ ၿခိမး္ေျခာက္လိုက္တာပါပဲ။ ဘုိင္ယန္ဂိုးသမားႏူအာနဲ႔ ဘာစီလုိနာဂိုးသမားတာစတီဂန္တု႔ိဟာ လက္ေရြးစင္အသင္းရဲ႕နံပါတ္ ၁ ဂိုးသမားေနရာအတြက္ မၾကာေသးခင္တုန္းက လူသိရွင္ၾကား အျပန္အလွန္စကားမာ်းခဲ့ၾကပါတယ္။ သူတုိ႔ႏွစ္ေယာက္ထဲမွာ တာစတီဂန္က ပြဲကစားခြင့္သိပ္မရလုိ႔ မေက်နပ္ျဖစ္ေနတာပါ။

photo-gettyimages

အဲဒီထဲကို ဘိုင္ယန္ဥကၠဌအူလီဟုိးနက္စ္လည္း ပါ၀င္လာၿပီး သူတို႔ရဲ႕ဂိုးသမားသာ ဂ်ာမနီအသင္းမွာ ပြဲထြက္ေနရာဆုံးရႈံးရမယ္ဆိုရင္ လက္ေရြးစင္အသင္းကို ကစားသမားပို႔ဖို႔ ရပ္ဆိုင္းလိုက္မယ္လို႔ ၿခိမ္းေျခာက္လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႏူအာနဲ႔တာစတီဂန္တို႔ၾကားက ျပသနာဟာ အခုေတာ့ ဂ်ာမနီရဲ႕အႀကီးဆုံးကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းတုိ႔ၾကားက ျပသနာျဖစ္လာပါတယ္။ ”တာစတီဂန္က နံပါတ္ ၁ အျဖစ္ ႏူအာအစား၀င္မွာကို ကၽြန္ေတာ္တုိ႔လုံး၀လက္ခံမွာ မဟုတ္ပါဘူး။ အဲဒီလုိမျဖစ္ခင္ကတည္းက လက္ေရြးစင္အသင္းကို ကၽြန္ေတာ္တုိ႔ကစားသမားေတြ ေစလႊတ္မွာ မဟုတ္ေတာ့ဘူး”လုိ႔ ဘုိင္ယန္ဥကၠဌအူလီဟုိးနက္စ္က ေျပာခဲ့တာပါ။ ဂ်ာမနီနည္းျပဂ်ိဳအာခ်င္လုိဟာ အရင္ကလည္း ဘိုင္ယန္ကစားသမားေတြျဖစ္တဲ့ မူလာနဲ႔ဘုိတန္းတို႔ကို လက္ေရြးစင္အသင္းကေန ဖယ္ရွားဖူးပါတယ္။

photo-gettyimages

ဘုိင္ယန္ဘက္က သပိတ္ေမွာက္လာႏိုင္မႈအေပၚ စုိးရိမ္မႈရွိသလားလုိ႔ ဂ်ာမနီအသင္းမန္ေနဂ်ာဘီယာေဟာ့ဖ္ကို သတင္းဌာနတစ္ခုက ေမးျမန္းေတာ့ ဘီယာေဟာ့ဖ္က”ဖီဖာရဲ႕စည္းမ်ဥ္းေတြအရေတာ့ ဘယ္နည္းနဲ႔ပဲျဖစ္ျဖစ္ ကလပ္တစ္ခုဟာ လက္ေရြးစင္အသင္းကုိ ကစားသမားေတြေစလႊတ္ရမွာပါ”လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ တာစတီဂန္ဟာ ဒီရာသီမွာ အေကာင္းဆုံးလက္စြမ္းရရွိေနၿပီး လက္ရွိကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲက တစ္ေယာက္အျဖစ္ သတ္မွတ္ခံေနရေပမယ့္ လက္ေရြးစင္အသင္းမွာေတာ့ စတင္ပါ၀င္ခြင့္ရတဲ့ ၂၀၁၂ ကတည္းက အခုခ်ိန္ထိ ၂၂ ပြဲသာ ပါ၀င္ခြင့္ရပါေသးတယ္။ ႏူအာကေတာ့ ဘုိင္ယန္မွာ မတည္ၿငိမ္တဲ့ႏွစ္တစ္ႏွစ္ျဖတ္သန္းခဲ့ရေပမယ့္ လက္ေရြးစင္နည္းျပဂ်ိဳအာခ်င္လိုရဲ႕ယုံၾကည္မႈကိုုရရွိေနဆဲပါပဲ။

[Unicode]

ဂိုးသမားနူအာနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ဂျာမနီလက်ရွေးစင်အသင်းတို့ကြားက ပြည်တွင်းစစ်ဟာ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဂိုးသမားနူအာသာ နိုင်ငံအသင်းမှာ ပွဲထွက်နေရာဆုံးရှုံးရမယ်ဆိုရင် သူ့ရဲ့ကလပ်ဖြစ်တဲ့ဘိုင်ယန်မြူးနစ်ဟာ လက်ရွေးစင်အသင်းကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်လိုက်တာပါပဲ။ ဘိုင်ယန်ဂိုးသမားနူအာနဲ့ ဘာစီလိုနာဂိုးသမားတာစတီဂန်တု့ိဟာ လက်ရွေးစင်အသင်းရဲ့နံပါတ် ၁ ဂိုးသမားနေရာအတွက် မကြာသေးခင်တုန်းက လူသိရှင်ကြား အပြန်အလှန်စကားမာျးခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ထဲမှာ တာစတီဂန်က ပွဲကစားခွင့်သိပ်မရလို့ မကျေနပ်ဖြစ်နေတာပါ။

အဲဒီထဲကို ဘိုင်ယန်ဥက္ကဌအူလီဟိုးနက်စ်လည်း ပါဝင်လာပြီး သူတို့ရဲ့ဂိုးသမားသာ ဂျာမနီအသင်းမှာ ပွဲထွက်နေရာဆုံးရှုံးရမယ်ဆိုရင် လက်ရွေးစင်အသင်းကို ကစားသမားပို့ဖို့ ရပ်ဆိုင်းလိုက်မယ်လို့ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နူအာနဲ့တာစတီဂန်တို့ကြားက ပြသနာဟာ အခုတော့ ဂျာမနီရဲ့အကြီးဆုံးကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့ကြားက ပြသနာဖြစ်လာပါတယ်။ ”တာစတီဂန်က နံပါတ် ၁ အဖြစ် နူအာအစားဝင်မှာကို ကျွန်တော်တို့လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ အဲဒီလိုမဖြစ်ခင်ကတည်းက လက်ရွေးစင်အသင်းကို ကျွန်တော်တို့ကစားသမားတွေ စေလွှတ်မှာ မဟုတ်တော့ဘူး”လို့ ဘိုင်ယန်ဥက္ကဌအူလီဟိုးနက်စ်က ပြောခဲ့တာပါ။ ဂျာမနီနည်းပြဂျိုအာချင်လိုဟာ အရင်ကလည်း ဘိုင်ယန်ကစားသမားတွေဖြစ်တဲ့ မူလာနဲ့ဘိုတန်းတို့ကို လက်ရွေးစင်အသင်းကနေ ဖယ်ရှားဖူးပါတယ်။

ဘိုင်ယန်ဘက်က သပိတ်မှောက်လာနိုင်မှုအပေါ် စိုးရိမ်မှုရှိသလားလို့ ဂျာမနီအသင်းမန်နေဂျာဘီယာဟော့ဖ်ကို သတင်းဌာနတစ်ခုက မေးမြန်းတော့ ဘီယာဟော့ဖ်က”ဖီဖာရဲ့စည်းမျဉ်းတွေအရတော့ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကလပ်တစ်ခုဟာ လက်ရွေးစင်အသင်းကို ကစားသမားတွေစေလွှတ်ရမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ တာစတီဂန်ဟာ ဒီရာသီမှာ အကောင်းဆုံးလက်စွမ်းရရှိနေပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံနေရပေမယ့် လက်ရွေးစင်အသင်းမှာတော့ စတင်ပါဝင်ခွင့်ရတဲ့ ၂၀၁၂ ကတည်းက အခုချိန်ထိ ၂၂ ပွဲသာ ပါဝင်ခွင့်ရပါသေးတယ်။ နူအာကတော့ ဘိုင်ယန်မှာ မတည်ငြိမ်တဲ့နှစ်တစ်နှစ်ဖြတ်သန်းခဲ့ရပေမယ့် လက်ရွေးစင်နည်းပြဂျိုအာချင်လိုရဲ့ယုံကြည်မှုကိုရရှိနေဆဲပါပဲ။