ႏုိင္ငံတကာသီတင္းပတ္မွာ ၈ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ မန္စီးတီးၾကယ္ပြင့္မ်ား

photo-the sun

photo-gettyimages

ရာသီအေစာပိုင္းရဲ႕ႏိုင္ငံတကာၾကားျဖတ္ကာလမွာ မန္စီးတီးအသင္းသားအမ်ားစုဟာ သက္ဆိုင္ရာႏိုင္ငံအသင္းအတြက္ ဂိုးသြင္း၊ဂိုးဖန္တီးမႈေတြနဲ႔ ေျခစြမ္းျပကစားႏိုင္ခဲ့ၾကပါတယ္။ ဒီႏိုင္ငံတကာသီတင္းပတ္မွာ မန္စီးတီးၾကယ္ပြင့္ေတြဟာ စုစုေပါင္း ၈ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးႏိုင္ခဲ့ၾကတာပါ။ ဒီလိုမ်ိဳးကစားသမားေတြက ႏိုင္ငံအသငး္မွာလည္း ေျခစြမး္ျပေနၾကလုိ႔ နည္းျပဂြါဒီယိုလာအတြက္ ေက်နပ္စရာျဖစ္မွာပါ။

photo-gettyimages

ဒီရာသီပရီးမီးယားလိဂ္မွာ မန္စီးတီးအတြက္ ဂိုးဖန္တီးမႈေတြျပဳလုပ္ထားတဲ့ ကြင္းလယ္လူဒီဘရူနီဟာ စေကာ့တလန္ကို ၄ ဂိုးျပတ္ခဲ့တဲ့ ဘယ္လ္ဂ်ီယံရဲ႕ယူရိုေျခစစ္ပြဲမွာလည္း တစ္ဂိုးသြင္းႏိုင္ခဲ့သလုိ ဂိုဖန္တီးမႈလည္း ဟက္ထရစ္ရခဲ့တာပါ။ မန္စီးတီးအသင္းေတာင္ပံတိုက္စစ္ကစားသမားစတာလင္းကလည္း အဂၤလန္အတြက္ ယူရိုေျခစစ္ပြဲ ၂ ပြဲမွာ ၂ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ ဘူလ္ေဂးရီးယားနဲ႔ပြဲတုန္းက ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ စတာလင္းဟာ ကိုဆုိဗုိနဲ႔ပြဲမွာေတာ့ ပထမပိုင္းအတြင္းမွာတင္ ကိုယ္တိုင္ ၁ ဂိုးသြင္းၿပီး ဂုိးဖန္တီးမႈလညး္ ဟက္ထရစ္ရခဲ့တာပါ။

photo-gettyimages

ဒီလုိပဲ မန္စီးတီးအသင္းေနာက္ထပ္ေတာင္ပံတိုက္စစ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဘာနာဒိုေဆးလ္ဗားဟာလည္း ေပၚတူဂီအတြက္ ယူရိုေျခစစ္ပြဲ ၂ ပြဲမွာ ၁ ဂိုးသြင္း၊ ၃ ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ ဘာနာဒိုဟာ ဆားဘီးယားနဲ႔ပြဲမွာ ၁ ဂိုးသြင္း၊ ၁​ ဂုိးဖန္တီးႏိုင္ခဲ့သလို လစ္သူေရးနီးယားနဲ႔ပြဲမွာလညး္ စီေရာ္နယ္ဒိုသြင္းခဲ့တဲ့ဂိုးေတြထဲက ၂ ဂိုးကိုဖန္တီးေပးႏိုင္ခဲ့တာပါ။ မန္စီးတီးရဲ႕ခံစစ္ဘယ္အစြန္မွာကစားေနတဲ့ ဇင္ခ်န္ကိုဟာလည္း ယူကရိန္းအတြက္ ကစားေပးခဲ့ရတဲ့ ၂ ပြဲမွာ တစ္ဂိုးစီသြင္းႏိုင္ခဲ့ပါတယ္။ ၁၉ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားေလးဖီးလ္ဖိုဒန္ကေတာ့ အဂၤလန္ယူ-၂၁ အတြက္ ကစားေပးခဲ့တဲ့ ၂ ပြဲမွာ ၂ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏုိင္ခဲ့တာပါ။ ၅ ေယာက္ေပါင္းလုိက္ေတာ့ ၈ ဂိုးသြင္း၊ ၁၂ ဂိုးဖန္တီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

[Unicode]

ရာသီအစောပိုင်းရဲ့နိုင်ငံတကာကြားဖြတ်ကာလမှာ မန်စီးတီးအသင်းသားအများစုဟာ သက်ဆိုင်ရာနိုင်ငံအသင်းအတွက် ဂိုးသွင်း၊ဂိုးဖန်တီးမှုတွေနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ကြပါတယ်။ ဒီနိုင်ငံတကာသီတင်းပတ်မှာ မန်စီးတီးကြယ်ပွင့်တွေဟာ စုစုပေါင်း ၈ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးနိုင်ခဲ့ကြတာပါ။ ဒီလိုမျိုးကစားသမားတွေက နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြနေကြလို့ နည်းပြဂွါဒီယိုလာအတွက် ကျေနပ်စရာဖြစ်မှာပါ။

ဒီရာသီပရီးမီးယားလိဂ်မှာ မန်စီးတီးအတွက် ဂိုးဖန်တီးမှုတွေပြုလုပ်ထားတဲ့ ကွင်းလယ်လူဒီဘရူနီဟာ စကော့တလန်ကို ၄ ဂိုးပြတ်ခဲ့တဲ့ ဘယ်လ်ဂျီယံရဲ့ယူရိုခြေစစ်ပွဲမှာလည်း တစ်ဂိုးသွင်းနိုင်ခဲ့သလို ဂိုဖန်တီးမှုလည်း ဟက်ထရစ်ရခဲ့တာပါ။ မန်စီးတီးအသင်းတောင်ပံတိုက်စစ်ကစားသမားစတာလင်းကလည်း အင်္ဂလန်အတွက် ယူရိုခြေစစ်ပွဲ ၂ ပွဲမှာ ၂ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ဘူလ်ဂေးရီးယားနဲ့ပွဲတုန်းက ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့တဲ့ စတာလင်းဟာ ကိုဆိုဗိုနဲ့ပွဲမှာတော့ ပထမပိုင်းအတွင်းမှာတင် ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှုလည်း ဟက်ထရစ်ရခဲ့တာပါ။

ဒီလိုပဲ မန်စီးတီးအသင်းနောက်ထပ်တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားဟာလည်း ပေါ်တူဂီအတွက် ယူရိုခြေစစ်ပွဲ ၂ ပွဲမှာ ၁ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဘာနာဒိုဟာ ဆားဘီးယားနဲ့ပွဲမှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့သလို လစ်သူရေးနီးယားနဲ့ပွဲမှာလည်း စီရော်နယ်ဒိုသွင်းခဲ့တဲ့ဂိုးတွေထဲက ၂ ဂိုးကိုဖန်တီးပေးနိုင်ခဲ့တာပါ။ မန်စီးတီးရဲ့ခံစစ်ဘယ်အစွန်မှာကစားနေတဲ့ ဇင်ချန်ကိုဟာလည်း ယူကရိန်းအတွက် ကစားပေးခဲ့ရတဲ့ ၂ ပွဲမှာ တစ်ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။ ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဖီးလ်ဖိုဒန်ကတော့ အင်္ဂလန်ယူ-၂၁ အတွက် ကစားပေးခဲ့တဲ့ ၂ ပွဲမှာ ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ၅ ယောက်ပေါင်းလိုက်တော့ ၈ ဂိုးသွင်း၊ ၁၂ ဂိုးဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။