ႏိုင္ပြဲ ၂၀၀ ေနာက္ကြယ္မွ အမွတ္တရ ကိန္းဂဏန္းမ်ား

PC ; Internet

က်န္ခဲ့သူေတြလြမ္းရစ္ေအာင္ လုပ္ေနသလား ေဒးဗစ္ေဆးလ္ဗားဆိုတဲ့ အသံေတြဟာ မန္စီးတီးပရိသတ္ေတြရဲ႕ လူမႈကြန္ယက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္။စပိန္ကြင္းလယ္လူဟာ ဂၽြန္တယ္ရီထက္ျမန္ခဲ့တယ္။ဖန္တီးမႈအရာမွာ ဆရာက်ခဲ့တယ္။မန္စီးတီးရဲ႕ ႀကီးျမတ္ေသာကစားသမားတစ္ဦးဆိုတာ အီတီဟတ္ကိုမစြန္႔ခြာခင္ အေကာင္းဆံုးသက္ေသျပေနလို႔ပါပဲ။အားလံုးသိၾကၿပီးျဖစ္တဲ့အတိုင္း မိုးျပာေရာင္အသင္းေခါင္းေဆာင္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာ ႏိုင္ပြဲ ၂၀၀ အျမန္ဆံုးျပည့္သူအျဖစ္ ဒီတစ္ပတ္မွာ စံခ်ိန္တင္သြားခဲ့တယ္။အဲဗာတန္ကို ၃-၁ဂိုးနဲ႔ အႏိုင္ရတဲ့ပြဲမွာ ကြင္းထဲကို သူ ၀င္လာေတာ့ ဂ်ီးဆပ္၊မာရက္ဇ္နဲ႔စတာလင္းတို႔ရဲ႕သြင္းဂိုးေတြက ပစ္မွတ္ေရာက္ႏွင့္ၿပီးၿပီ။ဒါေပမဲ့ ဂြတ္ဒီဆင္ပါ့ခ္ကႏိုင္ပြဲဟာ စပိန္လက္ေရြးစင္ေဟာင္းအတြက္ စံခ်ိန္သစ္တစ္ခုနဲ႔အတူ ခ်ိဳၿမိ္န္ေစခဲ့တယ္။ပရီးမီးယားလိဂ္သမိုင္းမွာ ႏိုင္ပြဲ ၂၀၀ အျမန္ဆံုးျပည့္တဲ့ကစားသမား ျဖစ္လာခဲ့တယ္။

PC ; Internet

ဒါက မန္စီးတီးအတြက္ သူ႔ရဲ႕ ၂၈၉ပြဲ။အရင္စံခ်ိန္ေဟာင္းပိုင္ရွင္ ခ်ဲလ္ဆီးဂႏၳ၀င္ဂၽြန္တယ္ရီက ႏိုင္ပြဲ ၂၀၀ျပည့္ဖို႔ ၃၀၅ပြဲေတာင္ ကစားခဲ့ရတယ္။တယ္ရီရဲ႕ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ပီတာခ်က္က ပြဲ၃၁၀၊အက္ရွ္ေလကိုးက ၃၁၈ပြဲနဲ႔ ႏိုင္ပြဲ ၂၀၀ အျမန္ဆံုးျပည့္သူစာရင္းရဲ႕ ထိပ္ဆံုး ၅ဦးအတြင္းရပ္တည္ေနၾကတယ္။ၿပီးေတာ့ ၃၁၅ပြဲနဲ႔ မန္ယူဂႏၳ၀င္ ရိုင္ယန္ဂစ္ရွိတယ္။တကယ္ေတာ့ ေဆးလ္ဗားဟာ ဗလန္စီယာကေရာက္လာတဲ့ ၂၀၁၀ ကတည္းက မန္စီးတီးရဲ႕ထာ၀ရအေကာင္းဆံုးျဖစ္လာမယ့္သူလို႔ မွတ္ခ်က္ေပးတာေတြခံခဲ့ရသူပါ။အီတီဟတ္မွာ ဒီရာသီက သူ႔အတြက္ေနာက္ဆံုးပါပဲ။ သူ႔ရဲ႕အမွတ္ရစရာ ကိန္းဂဏန္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ ၄ထပ္ကြမ္းရွင္ကို ဂုဏ္ျပဳလိုက္ပါတယ္။

PC ; Internet

ႏိုင္ပြဲ ၂၀၀ အျမန္ဆံုးျပည့္ခဲ့တဲ့ကစားသမားဆိုတဲ့ စံခ်ိန္သစ္ကိုျဖစ္ေပၚေစတဲ့ နံပါတ္ ၂၀၀ ေနာက္ကြယ္က အမွတ္ရစရာ ကိန္းဂဏန္းအခ်ိဳ႔ကိုေပါ့။၂၀၁၀ မွာ မန္စီးတီးအတြက္ စတင္ပြဲထြက္ခြင့္ရကတည္းက ေဆးလ္ဗားထက္ ပြဲပိုမ်ားတာဆိုလို႔ ဘန္ေဖာ္စတာတစ္ေယာက္ပဲရွိပါတယ္။ဒီဂိုးသမားက ပရီးမီးယားလိဂ္ ၂၉၂ပြဲ ကစားခဲ့ပါတယ္။ေဆးလ္ဗားသြင္းခဲ့တဲ့ ပရီးမီးယားလိဂ္ဂိုးစုစုေပါင္းက ၅၅ဂိုးပါ။ဒါဟာလည္း ယာယာတိုေရး(၆၂ဂိုး)နဲ႔ဆီဂတ္ဆန္(၅၉ဂိုး)တို႔ေနာက္မွာ တတိယေျမာက္ ဂိုးအမ်ားဆံုးကြင္းလယ္လူအျဖစ္ မွတ္တမ္း၀င္ေနပါတယ္။ဖန္တီးမႈမွာေတာ့ သူဟာ ၿပိဳင္စံရွားပါပဲ။ပရီးမီးယားလိဂ္သြင္းဂိုးေပါင္း ၈၇ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာဟာ အဲရစ္ဆင္(၆၁ဂိုး)ထက္ အပံုႀကီးသာေနပါတယ္။

PC ; Internet

ေနာက္ေတာ့ အခြင့္အေရးဖန္တီးမႈေတြ။ၿပိဳင္ဘက္ ဂိုးဧရိယာတစ္၀ိုက္မွာ သူ႔ရဲ႕ႏြဲ႔ေႏွာင္းၿပီးလွပေသသပ္တဲ့ ကစားဟန္ကေန အခြင့္အေရးေပါင္း ၇၅၁ႀကိမ္ေပၚေပါက္ခဲ့ပါတယ္။၂၀၁၀ ၾသဂုတ္လက စၿပီးဆိုပါေတာ့။ဒါဟာ ဟာဇက္ရဲ႕ ၅၉၅ႀကိမ္ထက္ အေတာ္ေလးမ်ားေနပါတယ္။ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္မွာ ရုပ္ပိုင္းဆိုင္ရာအသားေပးကစားရတာေတြရွိေနတာေၾကာင့္ ေဆးလ္ဗားရဲ႕ခႏာကို္အေနအထားနဲ႔အဆင္ေျပပါ့မလားဆိုတာ သံသယ၀င္ခဲ့မိတယ္လို႔ ဂြါဒီယိုလာကိုယ္တိုင္ ၀န္ခံခဲ့ဖူးပါတယ္။အေတာ္မ်ားမ်ားကလည္း ဒီလိုပဲသံုးသပ္ခဲ့ၾကေပမယ့္ ေဆးလ္ဗားရဲ႕ေျခစြမ္းက ဟာကြက္မရွိခဲ့ဘူးဆိုတာ မျငင္းႏိုင္ၾကေတာ့ပါဘူး။ေဆးလ္ဗားထက္ သြင္းဂိုးေတြနဲ႔အမ်ားဆံုးပါ၀င္ပတ္သက္ခဲ့တဲ့ စပိန္သားဆိုလို႔ ဖာဘရီဂတ္စ္တစ္ေယာက္ပဲရွိပါတယ္။ေဆးလ္ဗားက ၁၄၂ဂိုး၊အာဆင္နယ္နဲ႔ခ်ဲလ္ဆီးကစားသမားေဟာင္းက ၁၆၁ဂိုးပါ။ဂိုးဖန္တီးမႈမွာလည္း ေဆးလ္ဗားထက္သာေပမယ့္ ၁၁၁ဂိုးဖန္တီးႏိုင္ေအာင္ ဖာဘရီဂတ္စ္က ပြဲ ၃၅၀ ကစားခဲ့ရၿပီး ေဆးလ္ဗားက ၂၈၉ ပြဲနဲ႔ ၈၇ဂိုးဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။

PC ; Internet

ေဆးလ္ဗားထက္ ပရီးမီးယားလိဂ္မွာ ဂိုးပိုသြင္းႏိုင္တဲ့ စပိန္သားကလည္း ဖာနန္ဒိုေတာရက္စ္(၈၅ဂိုး)ပဲရွိပါတယ္။ေနာက္ေတာ့ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ပြဲအမ်ားဆံုးကစားထားသူေပါ့။ဂ်ိဳးဟတ္(၂၆၆ပြဲ)၊ကြန္ပနီ(၂၆၅ပြဲ)၊ရစ္ခ်တ္ဒန္း(၂၅၃ပြဲ)တို႔က ေဆးလ္ဗားေနာက္မွာ ျပတ္က်န္ေနပါေသးတယ္။အဲဒီကာလမွာ မန္စီးတီးအတြက္ အေကာင္းဆံုးအဆံုးသတ္သမားက အဂူရို(၁၇၂ဂိုး)ျဖစ္ခဲ့ေပမယ့္ ေဆးလ္ဗားဟာ မိုးျပာေရာင္ေတြနဲ႔ေရစက္မကုန္ခင္အထိ တီဗက္ဇ္(၅၈ဂိုး)၊ယာယာတိုေရး(၆၂ဂိုး)တို႔ကို ေက်ာ္ျဖတ္ၿပီး ဒုတိယေနရာပိုင္ဆိုင္ႏိုင္ခြင့္ရွိေနပါေသးတယ္။

PC ; Internet

သြင္းဂိုးေတြနဲ႔ပါ၀င္ပတ္သက္မႈမွာလည္း အာဂ်င္တီးနားတိုက္စစ္မွဴးက ၂၁၇ဂိုးနဲ႔ထိပ္ဆံုးမွာေျပးေနေပမယ့္ ဒုတိယေနရာက ေဆးလ္ဗား(၁၄၂ဂိုး)ကို အမီလိုက္ဖို႔ေတာင္ က်န္တဲ့မန္စီးတီးကစားသမားေတြ အေတာ္ေလးႀကိဳးစားရဦးမွာပါ။လက္ရွိမန္စီးတီးကစားသမားေတြထဲမွာ ေဆးလ္ဗားေနာက္ ဂိုးပါ၀င္ပတ္သက္မႈအမ်ားဆံုးျဖစ္ေနတဲ့ စတာလင္းေတာင္ ၈၃ဂိုးပဲရွိေနတာပါ။အီတီဟတ္မွာက်န္ခဲ့မယ့္ စပိန္ၾကယ္ပြင့္ရဲ႕ေျခရာေတြဟာ လြမ္းစရာျဖစ္ေနဦးေတာ့မယ္လို႔သာ…..

(unicode)

ကျန်ခဲ့သူတွေလွမ်းရစ်အောင် လုပ်နေသလား ဒေးဗစ်ဆေးလ်ဗားဆိုတဲ့ အသံတွေဟာ မန်စီးတီးပရိသတ်တွေရဲ့ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေတယ်။စပိန်ကွင်းလယ်လူဟာ ဂျွန်တယ်ရီထက်မြန်ခဲ့တယ်။ဖန်တီးမှုအရာမှာ ဆရာကျခဲ့တယ်။မန်စီးတီးရဲ့ ကြီးမြတ်သောကစားသမားတစ်ဦးဆိုတာ အီတီဟတ်ကိုမစွန့်ခွာခင် အကောင်းဆုံးသက်သေပြနေလို့ပါပဲ။အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မိုးပြာရောင်အသင်းခေါင်းဆောင်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်သူအဖြစ် ဒီတစ်ပတ်မှာ စံချိန်တင်သွားခဲ့တယ်။အဲဗာတန်ကို ၃-၁ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ကွင်းထဲကို သူ ဝင်လာတော့ ဂျီးဆပ်၊မာရက်ဇ်နဲ့စတာလင်းတို့ရဲ့သွင်းဂိုးတွေက ပစ်မှတ်ရောက်နှင့်ပြီးပြီ။ဒါပေမဲ့ ဂွတ်ဒီဆင်ပါ့ခ်ကနိုင်ပွဲဟာ စပိန်လက်ရွေးစင်ဟောင်းအတွက် စံချိန်သစ်တစ်ခုနဲ့အတူ ချိုမြိန်စေခဲ့တယ်။ပရီးမီးယားလိဂ်သမိုင်းမှာ နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်တဲ့ကစားသမား ဖြစ်လာခဲ့တယ်။ဒါက မန်စီးတီးအတွက် သူ့ရဲ့ ၂၈၉ပွဲ။အရင်စံချိန်ဟောင်းပိုင်ရှင် ချဲလ်ဆီးဂန္ထဝင်ဂျွန်တယ်ရီက နိုင်ပွဲ ၂၀၀ပြည့်ဖို့ ၃၀၅ပွဲတောင် ကစားခဲ့ရတယ်။တယ်ရီရဲ့ချဲလ်ဆီးအသင်းဖော်ဟောင်း ပီတာချက်က ပွဲ၃၁၀၊အက်ရှ်လေကိုးက ၃၁၈ပွဲနဲ့ နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်သူစာရင်းရဲ့ ထိပ်ဆုံး ၅ဦးအတွင်းရပ်တည်နေကြတယ်။ပြီးတော့ ၃၁၅ပွဲနဲ့ မန်ယူဂန္ထဝင် ရိုင်ယန်ဂစ်ရှိတယ်။တကယ်တော့ ဆေးလ်ဗားဟာ ဗလန်စီယာကရောက်လာတဲ့ ၂၀၁၀ ကတည်းက မန်စီးတီးရဲ့ထာဝရအကောင်းဆုံးဖြစ်လာမယ့်သူလို့ မှတ်ချက်ပေးတာတွေခံခဲ့ရသူပါ။အီတီဟတ်မှာ ဒီရာသီက သူ့အတွက်နောက်ဆုံးပါပဲ။ သူ့ရဲ့အမှတ်ရစရာ ကိန်းဂဏန်းတွေနဲ့အတူ ပရီးမီးယားလိဂ် ၄ထပ်ကွမ်းရှင်ကို ဂုဏ်ပြုလိုက်ပါတယ်။နိုင်ပွဲ ၂၀၀ အမြန်ဆုံးပြည့်ခဲ့တဲ့ကစားသမားဆိုတဲ့ စံချိန်သစ်ကိုဖြစ်ပေါ်စေတဲ့ နံပါတ် ၂၀၀ နောက်ကွယ်က အမှတ်ရစရာ ကိန်းဂဏန်းအချို့ကိုပေါ့။၂၀၁၀ မှာ မန်စီးတီးအတွက် စတင်ပွဲထွက်ခွင့်ရကတည်းက ဆေးလ်ဗားထက် ပွဲပိုများတာဆိုလို့ ဘန်ဖော်စတာတစ်ယောက်ပဲရှိပါတယ်။ဒီဂိုးသမားက ပရီးမီးယားလိဂ် ၂၉၂ပွဲ ကစားခဲ့ပါတယ်။ဆေးလ်ဗားသွင်းခဲ့တဲ့ ပရီးမီးယားလိဂ်ဂိုးစုစုပေါင်းက ၅၅ဂိုးပါ။ဒါဟာလည်း ယာယာတိုရေး(၆၂ဂိုး)နဲ့ဆီဂတ်ဆန်(၅၉ဂိုး)တို့နောက်မှာ တတိယမြောက် ဂိုးအများဆုံးကွင်းလယ်လူအဖြစ် မှတ်တမ်းဝင်နေပါတယ်။ဖန်တီးမှုမှာတော့ သူဟာ ပြိုင်စံရှားပါပဲ။ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း ၈၇ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဟာ အဲရစ်ဆင်(၆၁ဂိုး)ထက် အပုံကြီးသာနေပါတယ်။နောက်တော့ အခွင့်အရေးဖန်တီးမှုတွေ။ပြိုင်ဘက် ဂိုးဧရိယာတစ်ဝိုက်မှာ သူ့ရဲ့နွဲ့နှောင်းပြီးလှပသေသပ်တဲ့ ကစားဟန်ကနေ အခွင့်အရေးပေါင်း ၇၅၁ကြိမ်ပေါ်ပေါက်ခဲ့ပါတယ်။၂၀၁၀ သြဂုတ်လက စပြီးဆိုပါတော့။ဒါဟာ ဟာဇက်ရဲ့ ၅၉၅ကြိမ်ထက် အတော်လေးများနေပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ရုပ်ပိုင်းဆိုင်ရာအသားပေးကစားရတာတွေရှိနေတာကြောင့် ဆေးလ်ဗားရဲ့ခနာကိုအနေအထားနဲ့အဆင်ပြေပါ့မလားဆိုတာ သံသယဝင်ခဲ့မိတယ်လို့ ဂွါဒီယိုလာကိုယ်တိုင် ဝန်ခံခဲ့ဖူးပါတယ်။အတော်များများကလည်း ဒီလိုပဲသုံးသပ်ခဲ့ကြပေမယ့် ဆေးလ်ဗားရဲ့ခြေစွမ်းက ဟာကွက်မရှိခဲ့ဘူးဆိုတာ မငြင်းနိုင်ကြတော့ပါဘူး။ဆေးလ်ဗားထက် သွင်းဂိုးတွေနဲ့အများဆုံးပါဝင်ပတ်သက်ခဲ့တဲ့ စပိန်သားဆိုလို့ ဖာဘရီဂတ်စ်တစ်ယောက်ပဲရှိပါတယ်။ဆေးလ်ဗားက ၁၄၂ဂိုး၊အာဆင်နယ်နဲ့ချဲလ်ဆီးကစားသမားဟောင်းက ၁၆၁ဂိုးပါ။ဂိုးဖန်တီးမှုမှာလည်း ဆေးလ်ဗားထက်သာပေမယ့် ၁၁၁ဂိုးဖန်တီးနိုင်အောင် ဖာဘရီဂတ်စ်က ပွဲ ၃၅၀ ကစားခဲ့ရပြီး ဆေးလ်ဗားက ၂၈၉ ပွဲနဲ့ ၈၇ဂိုးဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ဆေးလ်ဗားထက် ပရီးမီးယားလိဂ်မှာ ဂိုးပိုသွင်းနိုင်တဲ့ စပိန်သားကလည်း ဖာနန်ဒိုတောရက်စ်(၈၅ဂိုး)ပဲရှိပါတယ်။နောက်တော့ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲအများဆုံးကစားထားသူပေါ့။ဂျိုးဟတ်(၂၆၆ပွဲ)၊ကွန်ပနီ(၂၆၅ပွဲ)၊ရစ်ချတ်ဒန်း(၂၅၃ပွဲ)တို့က ဆေးလ်ဗားနောက်မှာ ပြတ်ကျန်နေပါသေးတယ်။အဲဒီကာလမှာ မန်စီးတီးအတွက် အကောင်းဆုံးအဆုံးသတ်သမားက အဂူရို(၁၇၂ဂိုး)ဖြစ်ခဲ့ပေမယ့် ဆေးလ်ဗားဟာ မိုးပြာရောင်တွေနဲ့ရေစက်မကုန်ခင်အထိ တီဗက်ဇ်(၅၈ဂိုး)၊ယာယာတိုရေး(၆၂ဂိုး)တို့ကို ကျော်ဖြတ်ပြီး ဒုတိယနေရာပိုင်ဆိုင်နိုင်ခွင့်ရှိနေပါသေးတယ်။သွင်းဂိုးတွေနဲ့ပါဝင်ပတ်သက်မှုမှာလည်း အာဂျင်တီးနားတိုက်စစ်မှူးက ၂၁၇ဂိုးနဲ့ထိပ်ဆုံးမှာပြေးနေပေမယ့် ဒုတိယနေရာက ဆေးလ်ဗား(၁၄၂ဂိုး)ကို အမီလိုက်ဖို့တောင် ကျန်တဲ့မန်စီးတီးကစားသမားတွေ အတော်လေးကြိုးစားရဦးမှာပါ။လက်ရှိမန်စီးတီးကစားသမားတွေထဲမှာ ဆေးလ်ဗားနောက် ဂိုးပါဝင်ပတ်သက်မှုအများဆုံးဖြစ်နေတဲ့ စတာလင်းတောင် ၈၃ဂိုးပဲရှိနေတာပါ။အီတီဟတ်မှာကျန်ခဲ့မယ့် စပိန်ကြယ်ပွင့်ရဲ့ခြေရာတွေဟာ လွမ်းစရာဖြစ်နေဦးတော့မယ်လို့သာ…..