ႏိုင္ပြဲတိုင္းဟာ မလွပႏိုင္ပါဘူးလို႔ ဂ်ာဂင္ကေလာ့ပ္ေျပာဆို

PC ; Internet

ႏို္င္ပြဲတိုင္းဟာ မလွပႏိုင္ဘူးလို႔ ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ရတဲ့ပြဲအၿပီးမွာ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ေျပာဆိုလိုက္ပါတယ္။ပရီးမီးယားလိဂ္ပြဲစဥ္ ၇ အျဖစ္ယွဥ္ၿပိဳင္ခဲ့တဲ့ အဲဒီပြဲမွာ လီဗာပူးဟာ အိမ္ရွင္အသင္းကိုအႏိုင္ရဖို႔ ရုန္းကန္ခဲ့ရၿပီး ၁ဂိုးတည္းနဲ႔ကပ္ႏိုင္ခဲ့ပါတယ္။တစ္နည္းအားျဖင့္ ၀ွစ္ခ်္နယ္ဒန္ရဲ႕ေျမမက်ကန္ခ်က္ဂိုးမ၀င္ခင္အထိ ဒီရာသီမွာ အမွတ္ဆံုးရံႈးရတဲ့ ပထမဆံုးပြဲျဖစ္လာေတာ့မလားလို႔ ထင္မွတ္ခဲ့ရပါတယ္။ၿပိဳင္ဘက္ဂိုးသမားဟန္ဒါဆန္ရဲ႕အမွားေၾကာင့္ရခဲ့တဲ့ဂိုးျဖစ္ေနတာေၾကာင့္လည္း ESPA ပြဲသံုးသပ္သူေတြက လီဗာပူးရဲ႕ဒီရာသီအဆိုးရြားဆံုးပြဲျဖစ္ခဲ့ၿပီး ကံေကာင္းခဲ့တယ္လို႔မွတ္ခ်က္ေပးၾကပါတယ္။

PC ; Internet

ဒါေပမဲ့ ရာသီအဖြင့္လိဂ္ ၇ပြဲလံုးအႏိုင္ရခဲ့တဲ့အတြက္ နည္းျပဂ်ာဂင္ကေလာ့ပ္ကေတာ့ ေက်နပ္ေနၿပီး အႏိုင္ရလဒ္နဲ႔ထိုက္တန္တယ္ဆိုတာ သံသယမရွိပါဘူးလို႔ဆိုပါတယ္။“ ဒီလိုပြဲအားလံုးဟာ မလွပပါဘူး။ဒီရလဒ္အတြက္ ခက္ခက္ခဲခဲလုပ္ခဲ့ၾကရတယ္။ကၽြန္ေတာ္တို႔မွာ ေကာင္းမြန္တဲ့အခိုက္အတန္႔ေတြရွိခဲ့ေပမယ့္ ဒီပြဲကေတာ့ သိပ္အမ်ားႀကီးမေတြးရမယ့္ ပြဲတစ္ပြဲပါပဲ။အႏိုင္နဲ႔ တစ္သင္းသာ ထိုက္တန္မယ္။အဲဒါ ကၽြန္ေတာ္တို႔ျဖစ္ခဲ့တယ္။ရွက္ဖီးကိုေတာ့ ေလးစားပါတယ္။သူတို႔ဟာ ခက္ခဲတဲ့ၿပိဳင္ဘက္ေကာင္းပါ။မခ်င့္မရဲျဖစ္ရတဲ့အေၾကာင္းကို ပထမပိုင္းအၿပီးမွာ ကၽြန္ေတာ္တို႔ေျပာခဲ့ၾကေသးတယ္။သူတို႔ဟာ ကၽြန္ေတာ္တို႔ကို တကယ္ပဲခက္ခဲေစခဲ့ၿပီး ၿခိမ္းေျခာက္မႈေတြလုပ္ႏိုင္ခဲ့တာပါ။ဒါေပမဲ့ ဒီပြဲနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ေအးေဆးပါ။အေပ်ာ္လြန္တာမ်ိဳးလည္မရွိပါဘူး။ကၽြန္ေတာ္တို႔ရဲ႕ အေကာင္းဆံုးပံုစံကိုမျပႏိုင္ခဲ့ေပမယ့္ ကၽြန္ေတာ္တို႔ ဘာဆိုတာေတာ့လုပ္ျပႏိုင္ခဲ့ပါတယ္ ”လို႔ ဂ်ာဂင္ကေလာ့ပ္က ဖြင့္ဟသြားပါတယ္။

PC ; Internet

လီဗာပူးဟာ ဒီႏိုင္ပြဲေၾကာင့္ ၿပိဳင္ဘက္ေတြကိုအမွတ္ျဖတ္ၿပီး  ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့သလို လိဂ္ဖလားအပါအ၀င္ အေ၀းကြင္း ၃ပြဲဆက္အႏိုင္ရခဲ့တာပါ။

(unicode)

နိုင်ပွဲတိုင်းဟာ မလှပနိုင်ဘူးလို့ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရတဲ့ပွဲအပြီးမှာ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။ပရီးမီးယားလိဂ်ပွဲစဉ် ၇ အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ လီဗာပူးဟာ အိမ်ရှင်အသင်းကိုအနိုင်ရဖို့ ရုန်းကန်ခဲ့ရပြီး ၁ဂိုးတည်းနဲ့ကပ်နိုင်ခဲ့ပါတယ်။တစ်နည်းအားဖြင့် ဝှစ်ချ်နယ်ဒန်ရဲ့မြေမကျကန်ချက်ဂိုးမဝင်ခင်အထိ ဒီရာသီမှာ အမှတ်ဆုံးရှုံးရတဲ့ ပထမဆုံးပွဲဖြစ်လာတော့မလားလို့ ထင်မှတ်ခဲ့ရပါတယ်။ပြိုင်ဘက်ဂိုးသမားဟန်ဒါဆန်ရဲ့အမှားကြောင့်ရခဲ့တဲ့ဂိုးဖြစ်နေတာကြောင့်လည်း ESPA ပွဲသုံးသပ်သူတွေက လီဗာပူးရဲ့ဒီရာသီအဆိုးရွားဆုံးပွဲဖြစ်ခဲ့ပြီး ကံကောင်းခဲ့တယ်လို့မှတ်ချက်ပေးကြပါတယ်။ဒါပေမဲ့ ရာသီအဖွင့်လိဂ် ၇ပွဲလုံးအနိုင်ရခဲ့တဲ့အတွက် နည်းပြဂျာဂင်ကလော့ပ်ကတော့ ကျေနပ်နေပြီး အနိုင်ရလဒ်နဲ့ထိုက်တန်တယ်ဆိုတာ သံသယမရှိပါဘူးလို့ဆိုပါတယ်။“ ဒီလိုပွဲအားလုံးဟာ မလှပပါဘူး။ဒီရလဒ်အတွက် ခက်ခက်ခဲခဲလုပ်ခဲ့ကြရတယ်။ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် ဒီပွဲကတော့ သိပ်အများကြီးမတွေးရမယ့် ပွဲတစ်ပွဲပါပဲ။အနိုင်နဲ့ တစ်သင်းသာ ထိုက်တန်မယ်။အဲဒါ ကျွန်တော်တို့ဖြစ်ခဲ့တယ်။ရှက်ဖီးကိုတော့ လေးစားပါတယ်။သူတို့ဟာ ခက်ခဲတဲ့ပြိုင်ဘက်ကောင်းပါ။မချင့်မရဲဖြစ်ရတဲ့အကြောင်းကို ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ပြောခဲ့ကြသေးတယ်။သူတို့ဟာ ကျွန်တော်တို့ကို တကယ်ပဲခက်ခဲစေခဲ့ပြီး ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့တာပါ။ဒါပေမဲ့ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် အေးဆေးပါ။အပျော်လွန်တာမျိုးလည်မရှိပါဘူး။ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကိုမပြနိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ဘာဆိုတာတော့လုပ်ပြနိုင်ခဲ့ပါတယ် ”လို့ ဂျာဂင်ကလော့ပ်က ဖွင့်ဟသွားပါတယ်။လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ဘက်တွေကိုအမှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့သလို လိဂ်ဖလားအပါအဝင် အဝေးကွင်း ၃ပွဲဆက်အနိုင်ရခဲ့တာပါ။