
photo-gettyimages
photo-social media
ကသိကေအာက္ျဖစ္စရာ လြဲေခ်ာ္မႈေၾကာင့္ စေနညက ကစားခဲ့တဲဲ့ျပင္သစ္နဲ႔အယ္ေဘးနီးယားတို႔ရဲ႕ယူရိုေျခစစ္ပြဲစဥ္ဟာ စီစဥ္သတ္မွတ္ထားတဲ့အခ်ိန္အတုိင္း မစတင္ႏိုင္ခဲ့ဘဲ အနည္းငယ္ေႏွာင့္ေႏွးမႈျဖစ္သြားခဲ့ရပါတယ္။ အေၾကာင္းအရင္းကေတာ့ ဧည့္သည္အသင္းအယ္ေဘးနီးယားရဲ႕ႏိုင္ငံေတာ္သီခ်င္းကို အန္ဒုိရာနဲ႔မွားဖြင့္ခဲ့မိလို႔ပါပဲ။ အန္ဒိုရာဆုိတာ ျပင္သစ္နဲ႔တစ္အုပ္စုတည္းက ေနာက္ထပ္အသင္းတစ္သင္းပါ။
photo-gettyimages
အဲဒါေၾကာင့္လည္း ဧည့္သည္အသင္းကစားသမားေတြနဲ႔ နည္းျပအဖြဲ႕၀င္ေတြဟာ ႏိုင္ငံေတာ္သီခ်င္းသီဆုိဖု႔ိ ဟန္ျပင္ထားရာကေန ေၾကာင္ေတာင္ေတာင္ျဖစ္သြားၾကၿပီး ကြင္းထဲက အယ္ေဘးနီးယားပရိသတ္ေတြကလည္း ဒီအမွားကို ဆန္႔က်င္တဲ့အေနနဲ႔ ရိုင္းစုိင္းတဲ့အမူအယာေတြလုပ္ျပခဲ့ၾကတာကို ရုပ္သံကင္မရာေတြက ရိုက္ျပခဲ့ၾကပါတယ္။ ဒီအမွားေၾကာင့္ပဲ ျပင္သစ္နည္းျပဒက္စ္ခ်မ့္ဟာ အယ္ေဘးနီးယားနည္းျပရီဂ်ာနဲ႔ ကြင္းထဲမွာပဲ စကားေျပာခဲ့တာေတြ႕ရၿပီး ဧည့္သည္ဘက္က မွန္ကန္တဲ့ႏိုင္ငံေတာ္သီခ်င္းမဖြင့္မခ်င္း ကစားမွာမဟုတ္ဘူးလို႔ ျငင္းဆန္ခဲ့ပါတယ္။ အယ္ေဘးနီးယားကစားသမားေတြနဲ႔ ပရိသတ္ေတြဟာ မွန္ကန္တဲ့ႏိုင္ငံေတာ္သီခ်င္းဖြင့္ႏိုင္ဖုိ႔အထိ ေစာင့္ဆိုင္းခဲ့ၾကတာပါ။
photo-gettyimages
ဒီလုိျဖစ္သြားတဲ့အတြက္ ပြဲစတဲ့အခ်ိန္ဟာ ၁၀ မိနစ္နီးပါးအထိ ေႏွာင့္ေႏွးသြားခဲ့ရပါတယ္။ ထပ္ၿပီးေတာ့လည္း ေနာက္ထပ္အမွားေပၚေပါက္ခဲ့ရျပန္တယ္။ အဲဒါက ႏိုင္ငံေတာ္သီခ်င္းအမွန္မဖြင့္ခင္မွာ ကြင္းေၾကညာသူက ေတာင္းပန္မႈလုပ္ေတာ့ ႏိုင္ငံမွားခဲ့တာျဖစ္ၿပီး အယ္ေဘးနီးယားအစား အာေမးနီးယားလို႔ သုံႏႈန္းမိခဲ့တာပါ။ သူ႔အမွားကုိ သေဘာေပါက္သြားလို႔ ခ်က္ခ်င္းပဲ အယ္ေဘးနီးယားလုိ႔ ျပန္ျပင္ခဲ့ပါတယ္။ ႏိုင္ငံေတာ္သီခ်င္းမွားဖြင့္ခံရတဲ့အယ္ေဘးနီးယားဟာ အဲဒီပြဲမွာ ျပင္သစ္ကို ၄-၁ ဂိုးနဲ႔ရႈံးနိမ္သြားပါတယ္။ ျပင္သစ္ရဲ႕ေနာက္ပြဲစဥ္က အိမ္ကြင္းစတိတ္ဒီဖရန္႔မွာပဲ ကစားမယ့္ အန္ဒိုရာနဲ႔ပြဲျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ႏိုင္ငံေတာ္သီခ်င္းမွားဖြင့္မိတာလား။
[Unicode]
ကသိကအောက်ဖြစ်စရာ လွဲချော်မှုကြောင့် စနေညက ကစားခဲ့တဲ့ပြင်သစ်နဲ့အယ်ဘေးနီးယားတို့ရဲ့ယူရိုခြေစစ်ပွဲစဉ်ဟာ စီစဉ်သတ်မှတ်ထားတဲ့အချိန်အတိုင်း မစတင်နိုင်ခဲ့ဘဲ အနည်းငယ်နှောင့်နှေးမှုဖြစ်သွားခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ ဧည့်သည်အသင်းအယ်ဘေးနီးယားရဲ့နိုင်ငံတော်သီချင်းကို အန်ဒိုရာနဲ့မှားဖွင့်ခဲ့မိလို့ပါပဲ။ အန်ဒိုရာဆိုတာ ပြင်သစ်နဲ့တစ်အုပ်စုတည်းက နောက်ထပ်အသင်းတစ်သင်းပါ။
အဲဒါကြောင့်လည်း ဧည့်သည်အသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ နိုင်ငံတော်သီချင်းသီဆိုဖု့ိ ဟန်ပြင်ထားရာကနေ ကြောင်တောင်တောင်ဖြစ်သွားကြပြီး ကွင်းထဲက အယ်ဘေးနီးယားပရိသတ်တွေကလည်း ဒီအမှားကို ဆန့်ကျင်တဲ့အနေနဲ့ ရိုင်းစိုင်းတဲ့အမူအယာတွေလုပ်ပြခဲ့ကြတာကို ရုပ်သံကင်မရာတွေက ရိုက်ပြခဲ့ကြပါတယ်။ ဒီအမှားကြောင့်ပဲ ပြင်သစ်နည်းပြဒက်စ်ချမ့်ဟာ အယ်ဘေးနီးယားနည်းပြရီဂျာနဲ့ ကွင်းထဲမှာပဲ စကားပြောခဲ့တာတွေ့ရပြီး ဧည့်သည်ဘက်က မှန်ကန်တဲ့နိုင်ငံတော်သီချင်းမဖွင့်မချင်း ကစားမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ အယ်ဘေးနီးယားကစားသမားတွေနဲ့ ပရိသတ်တွေဟာ မှန်ကန်တဲ့နိုင်ငံတော်သီချင်းဖွင့်နိုင်ဖို့အထိ စောင့်ဆိုင်းခဲ့ကြတာပါ။
ဒီလိုဖြစ်သွားတဲ့အတွက် ပွဲစတဲ့အချိန်ဟာ ၁၀ မိနစ်နီးပါးအထိ နှောင့်နှေးသွားခဲ့ရပါတယ်။ ထပ်ပြီးတော့လည်း နောက်ထပ်အမှားပေါ်ပေါက်ခဲ့ရပြန်တယ်။ အဲဒါက နိုင်ငံတော်သီချင်းအမှန်မဖွင့်ခင်မှာ ကွင်းကြေညာသူက တောင်းပန်မှုလုပ်တော့ နိုင်ငံမှားခဲ့တာဖြစ်ပြီး အယ်ဘေးနီးယားအစား အာမေးနီးယားလို့ သုံနှုန်းမိခဲ့တာပါ။ သူ့အမှားကို သဘောပေါက်သွားလို့ ချက်ချင်းပဲ အယ်ဘေးနီးယားလို့ ပြန်ပြင်ခဲ့ပါတယ်။ နိုင်ငံတော်သီချင်းမှားဖွင့်ခံရတဲ့အယ်ဘေးနီးယားဟာ အဲဒီပွဲမှာ ပြင်သစ်ကို ၄-၁ ဂိုးနဲ့ရှုံးနိမ်သွားပါတယ်။ ပြင်သစ်ရဲ့နောက်ပွဲစဉ်က အိမ်ကွင်းစတိတ်ဒီဖရန့်မှာပဲ ကစားမယ့် အန်ဒိုရာနဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံတော်သီချင်းမှားဖွင့်မိတာလား။