ႏိုင္ငံအသင္းေဘာလုံးက ပ်င္းစရာေကာင္းလုိ႔ဆုိၿပီး ႏုတ္ထြက္ေတာ့မယ့္ ေကာ္စတာရီကာနည္းျပ

photo-gettyimates

photo-gettyimages

လက္ေရြးစင္နည္းျပတစ္ေယာက္ျဖစ္ရတာ အရမ္းပ်င္းစရာေကာင္းမွန္းမသိခဲ့တာေၾကာင့္ ေကာ္စတာရီကာအသင္းကေန ႏုတ္ထြက္ေတာ့မယ္လုိ႔ နည္းျပဂတ္စတာဗိုမာတုိဆက္က အံ့အားသင့္ဖြယ္ေျပာၾကားလိုက္ပါတယ္။ အသက္ ၅၂ ႏွစ္အရြယ္ အဲဒီအာဂ်င္တီးနားသားဟာ ႏိုင္ငံအသင္းကိုင္တြယ္ရတာ သူ႔စိတ္နဲ႔မကိုက္ညီဘူးဆုိတာကို လွ်င္ျမန္စြာနဲ႔ ေတြ႕ရွိသြားခဲ့တာပါ။ ဒါေၾကာင့္ ၿငီးေငြ႕မႈနဲ႔ ပြဲေတြအၾကား အခ်ိန္ကြာဟမႈကို အေၾကာင္းျပခဲ့ပါတယ္။ ဒါ့အျပင္ အဲဒါဟာ သူ႔အတြက္ အက်ိးမျဖစ္ထြန္းေစဘူးလုိ႔လည္း ခံစားေနရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလကမွ ေကာ္စတာရီကာကို စတင္ကိုင္တြယ္ခဲ့တာပါ။

photo-zuma wire

”လက္ေရြးစင္အသင္းမွာ အက်ိဳးမျဖစ္ထြန္းဘူးဆုိတာ နားလည္သေဘာေပါက္လာၿပီး ဗီဒီယုိေတြထိုင္ၾကည့္ေနရတာကလည္း ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္အညြန္႔ခ်ိဳးေနသလုိပါပဲ။ အဲဒါဟာ ကၽြန္ေတာ္လုပ္ခ်င္တဲ့ဟာ မဟုတ္ပါဘူး။ ေန႔စဥ္ေလ့က်င့္ေပးႏုိင္မယ့္ကစားသမားေတြမရွိတာဟာ ခက္ခဲပါတယ္။ ႏွစ္လတိုင္းမွ တစ္ပတ္ေလာက္ပဲ ကစားသမားေတြကို ကၽြန္ေတာ္ရၿပီး အဲဒါဟာ ကၽြန္ေတာ့္ကို သတ္ေနတာပါ။ လက္ေရြးစင္နည္းျပတစ္ေယာက္ျဖစ္ရတာ အရမ္းပ်င္းစရာေကာင္းတယ္ဆိုတာ ကၽြန္ေတာ္ မသိခဲ့ပါဘူး။ ဒါကို ကၽြန္ေတာ္ ေနာင္တမရပါဘူး။ ကၽြန္ေတာ့္ဘက္က အေကာင္းဆုံးေပးဆပ္ခဲ့လုိ႔ မခ်င့္မရျဖစ္စရာလည္း မရွိပါဘူး။ လက္ေရြးစင္အသင္းတစ္သင္းကို ကၽြန္ေတာ္ထပ္မံကိုင္တြယ္မွာ မဟုတ္ေတာ့ပါဘူး”လို႔ ႏိုင္ငံတကာရက္သတၱပတ္အတြက္ သတင္းစာရွင္းလင္းပြဲမွာ မာတိုဆက္က ေျပာၾကားခဲ့ပါတယ္။

photo-gettyimages

မာတိုဆက္ဟာ မကၠဆီကိုလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာက်င္လည္ခဲ့ဖူးၿပီး ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ဖူးကာ အခုလည္း မကၠဆီကိုကလပ္အသင္းတစ္သင္းနဲ႔ သတင္းထြက္ေနပါတယ္။ မာတိုဆက္ရဲ႕ေကာ္စတာရီကာနည္းျပဘ၀ ေနာက္ဆုံးပြဲဟာ လာမယ့္စေနန႔နံနက္ကစားမယ့္ ဥရုေဂြးနဲ႔ ေျခစမ္းပြဲျဖစ္ပါတယ္။

[Unicode]

လက်ရွေးစင်နည်းပြတစ်ယောက်ဖြစ်ရတာ အရမ်းပျင်းစရာကောင်းမှန်းမသိခဲ့တာကြောင့် ကော်စတာရီကာအသင်းကနေ နုတ်ထွက်တော့မယ်လို့ နည်းပြဂတ်စတာဗိုမာတိုဆက်က အံ့အားသင့်ဖွယ်ပြောကြားလိုက်ပါတယ်။ အသက် ၅၂ နှစ်အရွယ် အဲဒီအာဂျင်တီးနားသားဟာ နိုင်ငံအသင်းကိုင်တွယ်ရတာ သူ့စိတ်နဲ့မကိုက်ညီဘူးဆိုတာကို လျှင်မြန်စွာနဲ့ တွေ့ရှိသွားခဲ့တာပါ။ ဒါကြောင့် ငြီးငွေ့မှုနဲ့ ပွဲတွေအကြား အချိန်ကွာဟမှုကို အကြောင်းပြခဲ့ပါတယ်။ ဒါ့အပြင် အဲဒါဟာ သူ့အတွက် အကျိးမဖြစ်ထွန်းစေဘူးလို့လည်း ခံစားနေရပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ ကော်စတာရီကာကို စတင်ကိုင်တွယ်ခဲ့တာပါ။

”လက်ရွေးစင်အသင်းမှာ အကျိုးမဖြစ်ထွန်းဘူးဆိုတာ နားလည်သဘောပေါက်လာပြီး ဗီဒီယိုတွေထိုင်ကြည့်နေရတာကလည်း ကျွန်တော့်ကိုယ်ကျွန်တော်အညွန့်ချိုးနေသလိုပါပဲ။ အဲဒါဟာ ကျွန်တော်လုပ်ချင်တဲ့ဟာ မဟုတ်ပါဘူး။ နေ့စဉ်လေ့ကျင့်ပေးနိုင်မယ့်ကစားသမားတွေမရှိတာဟာ ခက်ခဲပါတယ်။ နှစ်လတိုင်းမှ တစ်ပတ်လောက်ပဲ ကစားသမားတွေကို ကျွန်တော်ရပြီး အဲဒါဟာ ကျွန်တော့်ကို သတ်နေတာပါ။ လက်ရွေးစင်နည်းပြတစ်ယောက်ဖြစ်ရတာ အရမ်းပျင်းစရာကောင်းတယ်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး။ ဒါကို ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော့်ဘက်က အကောင်းဆုံးပေးဆပ်ခဲ့လို့ မချင့်မရဖြစ်စရာလည်း မရှိပါဘူး။ လက်ရွေးစင်အသင်းတစ်သင်းကို ကျွန်တော်ထပ်မံကိုင်တွယ်မှာ မဟုတ်တော့ပါဘူး”လို့ နိုင်ငံတကာရက်သတ္တပတ်အတွက် သတင်းစာရှင်းလင်းပွဲမှာ မာတိုဆက်က ပြောကြားခဲ့ပါတယ်။

မာတိုဆက်ဟာ မက္ကဆီကိုလိဂ်မှာ နှစ်ပေါင်းများစွာကျင်လည်ခဲ့ဖူးပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ဖူးကာ အခုလည်း မက္ကဆီကိုကလပ်အသင်းတစ်သင်းနဲ့ သတင်းထွက်နေပါတယ်။ မာတိုဆက်ရဲ့ကော်စတာရီကာနည်းပြဘဝ နောက်ဆုံးပွဲဟာ လာမယ့်စနေန့နံနက်ကစားမယ့် ဥရုဂွေးနဲ့ ခြေစမ်းပွဲဖြစ်ပါတယ်။