ႀကီးက်ယ္တဲ့ကလပ္မွာ ကစားခ်င္လုိ႔ သူ႕ကို ကမ္းလွမ္းဖို႔ ယူႏုိက္တက္ကို ဟြန္ဒါ ေတာင္းဆို

Photo Credit

 

Photo Credit

ဂ်ပန္အသင္းကြင္းလယ္လူ ဟြန္ဒါဟာ ယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ကစားဖို႔ စိတ္အားထက္သန္ေနတာေၾကာင့္ သူ႕ကို ကမ္းလွမ္းမႈေတြျပဳလုပ္ဖုိ႔ လူမႈမီဒီယာကေန ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြဆီ ေတာင္းဆုိလုိက္ပါတယ္။

Photo Credit

အသက္ ၃၃ႏွစ္အရြယ္ရွိ ဟြန္ဒါဟာ ၾသစေၾတးလ်ေအလိဂ္ကလပ္ မဲလ္ဘုန္းဗစ္ထရီအသင္းနဲ႔ လမ္းခြဲခဲ့ၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ၿပီး ယူႏိုက္တက္အသင္းဘက္က ကမ္းလွမ္းလာမႈကို ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

 

Photo Credit

ဟြန္ဒါဟာ သူ႕ရဲ႕လူမႈမီဒီယာျဖစ္တဲ့ တြစ္တာအေကာင့္ကေန ”ကၽြန္ေတာ့္အတြက္ ကမ္းလွမ္းမႈျပဳလုပ္ေပးပါ။ ကၽြန္ေတာ့္အတြက္ ပုိက္ဆံမလိုပါဘူး။ ႀကီးက်ယ္တဲ့အသင္းမွာ ႀကီးက်ယ္တဲ့အသင္းေဖာ္ေတြနဲ႔ပဲ လက္တြဲကစားဖို႔ လိုအပ္ေနတာပါ”လုိ႔ ေရးသားခဲ့ပါတယ္။

Photo Credit

ယူႏုိက္တက္ပရိသတ္ေတြကလည္း ဟြန္ဒါရဲ႕ပို႔စ္ကို သေဘာက်ေနၿပီး ”ဟြန္ဒါရဲ႕လုပ္အားႏႈန္းေကာင္းမြန္မႈကို သေဘာက်တယ္”။ ”ျပစ္ဒဏ္ေဘာေတြကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ဖုိ႔ ဟြန္ဒါကို ေခၚလုိက္ပါ”။

Photo Credit ; Getty Images

”ဟြန္ဒါေရာ ကၽြန္ေတာ့္ကလပ္ကို အေရာက္လာၿပီး ကယ္တင္ေပးပါလား”လုိ႔ ပရိသတ္ေတြက သူတုိ႔ရဲ႕ခံစားခ်က္ေတြကို ေရးသားခဲ့ပါတယ္။

Photo Credit

ဟြန္ဒါဟာ ကစားသမားဘ၀တစ္ေလွ်ာက္ နာဂိုယာဂရမ္းပတ္စ္၊ ဗန္လုိ၊ CSKA ေမာ္စကို၊ ေအစီမီလန္၊ ပါခ်ီကာနဲ႔ မဲလ္ဘုန္းဗစ္ထရီအသင္းေတြမွာ ကစားခဲ့ၿပီး ဂ်ပန္အသင္းမွာလည္း အဓိကကစားသမားတစ္ဦးအျဖစ္ ကာလရွည္ရပ္တည္ခ့ဲပါတယ္။

Photo Credit

Unicode

ကြီးကျယ်တဲ့ကလပ်မှာ ကစားချင်လို့ သူ့ကို ကမ်းလှမ်းဖို့ ယူနိုက်တက်ကို ဟွန်ဒါ တောင်းဆို

ဂျပန်အသင်းကွင်းလယ်လူ ဟွန်ဒါဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတာကြောင့် သူ့ကို ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ လူမှုမီဒီယာကနေ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုလိုက်ပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ ဟွန်ဒါဟာ သြစတြေးလျအေလိဂ်ကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းနဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပြီး ယူနိုက်တက်အသင်းဘက်က ကမ်းလှမ်းလာမှုကို မျှော်လင့်နေတာဖြစ်ပါတယ်။
ဟွန်ဒါဟာ သူ့ရဲ့လူမှုမီဒီယာဖြစ်တဲ့ တွစ်တာအကောင့်ကနေ ”ကျွန်တော့်အတွက် ကမ်းလှမ်းမှုပြုလုပ်ပေးပါ။ ကျွန်တော့်အတွက် ပိုက်ဆံမလိုပါဘူး။ ကြီးကျယ်တဲ့အသင်းမှာ ကြီးကျယ်တဲ့အသင်းဖော်တွေနဲ့ပဲ လက်တွဲကစားဖို့ လိုအပ်နေတာပါ”လို့ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း ဟွန်ဒါရဲ့ပို့စ်ကို သဘောကျနေပြီး ”ဟွန်ဒါရဲ့လုပ်အားနှုန်းကောင်းမွန်မှုကို သဘောကျတယ်”။ ”ပြစ်ဒဏ်ဘောတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ ဟွန်ဒါကို ခေါ်လိုက်ပါ”။
”ဟွန်ဒါရော ကျွန်တော့်ကလပ်ကို အရောက်လာပြီး ကယ်တင်ပေးပါလား”လို့ ပရိသတ်တွေက သူတို့ရဲ့ခံစားချက်တွေကို ရေးသားခဲ့ပါတယ်။
ဟွန်ဒါဟာ ကစားသမားဘဝတစ်လျှောက် နာဂိုယာဂရမ်းပတ်စ်၊ ဗန်လို၊ CSKA မော်စကို၊ အေစီမီလန်၊ ပါချီကာနဲ့ မဲလ်ဘုန်းဗစ်ထရီအသင်းတွေမှာ ကစားခဲ့ပြီး ဂျပန်အသင်းမှာလည်း အဓိကကစားသမားတစ်ဦးအဖြစ် ကာလရှည်ရပ်တည်ခဲ့ပါတယ်။