ၿပိဳင္ဘက္ကစားသမားကိုယ္တုိင္ ဖြင့္ဟလာတဲ့ မက္ဆီရဲ႕စိတ္ေနသေဘာထား

Photo Credit

Photo Credit

အယ္လ္မီရီယာကစားသမားေဟာင္း ေဖဘီယန္ဗားဂတ္စ္က ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီ အဓိကေနရာကေန ပါ၀င္ေနတဲ့ သူ႕ကစားသမားဘ၀ရဲ႕အေရးပါတဲ့ကာလကို ဖြင့္ဟလာပါတယ္။ ဘိုကာဂ်ဴနီယာကစားသမားေဟာင္း ဗားဂတ္စ္ဟာ အယ္လ္မီရီယာအသင္းအတြက္ ပါ၀င္ကစားေနစဥ္ ၂၀၁၀ ခုႏွစ္က ဘာစီလုိနာကို အရွက္ရဖြယ္ ၈-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတဲ့ပြဲမွာလည္း ပါ၀င္ကစားခဲ့ပါတယ္။

Photo Credit

ဒါေပမဲ့ အသက္ ၃၉ ႏွစ္အရြယ္ရွိ ကြင္းလယ္လူေဟာင္း ဗားဂတ္စ္က အဲဒီပဲြမတုိင္ခင္မွာ မက္ဆီကို ေတာင္းဆုိမႈတစ္ခုျပဳလုပ္ခဲ့ပါတယ္။ ”အဲဒီပဲြမတိုင္ခင္ သူငယ္ခ်င္းတခ်ိဳ႕က ကၽြန္ေတာ့္ေမြးရပ္ေျမ ကိုလံဘီယာႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ေရႀကီးမႈေၾကာင့္ အတိဒုကၡေရာက္ေနသူေတြကို ကူညီဖုိ႔ ကၽြန္ေတာ့္ဂ်ာစီကို ေလလံတင္ခ်င္တယ္လုိ႔ ေျပာလာပါတယ္။ ကၽြန္ေတာ္ကလည္း ဘာစီလုိနာနဲ႔ကစားရတဲ့အခ်က္ကို အခြင့္ေကာင္းယူခဲ့ပါတယ္”

Photo Credit ; Getty Images / AFP

”အဲဒါနဲ႔ပြဲမတိုင္ခင္ လီယိုဆီ သြားၿပီး ေမြးရပ္ေျမမွာျဖစ္ပ်က္ေနတာေတြကို ေသခ်ာရွင္းျပၿပီး တကယ္လုိ႔ အဆင္ေျပရင္ ကၽြန္ေတာ့္ကို သူ႕ဂ်ာစီေပးႏိုင္မလားလို႔ ေတာင္းဆိုခဲ့ပါတယ္”လုိ႔ ဗားဂတ္စ္က ေျပာပါတယ္။ ၈-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တာက ဘယ္ကစားသမားကိုမဆို စိတ္ပ်က္၀မ္းနည္းေစမွာျဖစ္ၿပီး အဲဒီအထဲမွာ ဗားဂတ္စ္လည္း ပါ၀င္ခဲ့ပါတယ္။

Photo Credit

အဲဒီအတြက္ေၾကာင့္ပဲ ကိုလံဘီယာလက္ေရြးစင္ေဟာင္းဟာ ပြဲအၿပီးမွာ မက္ဆီရဲ႕အက်ႌဂ်ာစီ ယူဖုိ႔ ေမ့သြားပါတယ္။ ”ကၽြန္ေတာ္လည္း ၈ဂိုးျပတ္အ႐ံႈးေၾကာင့္ ကြင္းထဲကေန ေဒါသထြက္၊ ၀မ္းနည္းစိတ္ေတြနဲ႔အတူ ထြက္လာခဲ့ပါတယ္။ မက္ဆီကို သူ႕အက်ႌလက္ေဆာင္ေပးဖို႔ ေတာင္းဆုိထားတာလည္း ေမ့သြားပါတယ္”လုိ႔ ဗားဂတ္စ္က ေျပာပါတယ္။

Photo Credit

ဒါေပမဲ့ တစ္စုံတစ္ေယာက္ကေတာ့ အဲဒီျဖစ္ရပ္ကို မေမ့ခဲ့ပါဘူး။ အ၀တ္လဲခန္းအတြင္း ဗားဂတ္စ္ရွိေနစဥ္ အယ္လ္မီရီယအသင္း၀န္ထမ္းတစ္ဦးေရာက္လာၿပီး တစ္ေယာက္ေယာက္က သူ႕ကို ေတြ႕ခ်င္ေနတဲ့အေၾကာင္း အသိေပးပါတယ္။ အမွန္ပါပဲ။ မက္ဆီက ဗားဂတ္စ္နဲ႔စကားေျပာဖို႔ ေရာက္လာပါတယ္။

Photo Credit

”ကၽြန္ေတာ္လည္း အခန္းအျပင္ဘက္ထြက္လိုက္တာေပါ့။ အဲဒီမွာ လက္ထဲမွာ အိတ္တစ္လုံးကိုင္ထားတဲ့ မက္ဆီကို ေတြ႕လုိက္ပါတယ္။ အခုခ်ိန္အထိ သူေျပာတာကို ကၽြန္ေတာ္မွတ္မိေနပါေသးတယ္။ ‘ဒီမွာ ခင္ဗ်ားအတြက္ ကၽြန္ေတာ္ စုၿပီးယူလာတဲ့အက်ႌေတြ’လုိ႔ သူက ေျပာပါတယ္။ ကၽြန္ေတာ္ကလည္း ေက်းဇူးတင္ေၾကာင္း ျပန္ေျပာၿပီး ေပြ႕ဖက္လုိက္ပါတယ္”

Photo Credit

”စိတ္ထဲမွာေတာ့ ကၽြန္ေတာ္ေတာင္းထားတဲ့ သူ႕အက်ႌတစ္ထည္ပဲ ပါလိမ့္မယ္လုိ႔ ေတြးေနမိတာေပါ့”လုိ႔ ဗားဂတ္စ္က အေျခအေနကို ရွင္းျပပါတယ္။ အ၀တ္လဲခန္းထဲ ဗားဂတ္စ္ျပန္ေရာက္လာလုိ႔ အိတ္ကို ဖြင့္ၾကည့္လုိက္ေတာ့မွ သူလည္း အေတာ္ေလးအံ့အားသင့္သြားပါတယ္။ ”ကၽြန္ေတာ္ အခန္းထဲျပန္ေရာက္လုိ႔ အိတ္ကို ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ မက္ဆီရဲ႕အက်ႌတစ္ထည္တည္းရွိေနတာမဟုတ္ဘူး”

Photo Credit

”ဇာဗီ၊ အင္နီေယစတာ၊ အဲလ္ဗက္စ္၊ ပီေကးနဲ႔ ပူယိုးလ္တုိ႔ရဲ႕အက်ႌဂ်ာစီေတြလည္း ပါေနပါတယ္။ မက္ဆီရဲ႕ၾကင္နာအေလးထားမႈကို ကၽြန္ေတာ္ ဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး။ သူ႕ရဲ႕စိတ္ေနသေဘာထားႀကီးျမတ္မႈေၾကာင့္ အခုလိုပဲ စံခ်ိန္ေတြ ဆက္ခ်ိဳးႏုိင္ပါေစလုိ႔ ကၽြန္ေတာ္ဆုေတာင္းေပးပါတယ္”လုိ႔ ဗားဂတ္စ္က ေျပာပါတယ္။

Photo Credit

Unicode

ပြိုင်ဘက်ကစားသမားကိုယ်တိုင် ဖွင့်ဟလာတဲ့ မက်ဆီရဲ့စိတ်နေသဘောထား

အယ်လ်မီရီယာကစားသမားဟောင်း ဖေဘီယန်ဗားဂတ်စ်က ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ အဓိကနေရာကနေ ပါဝင်နေတဲ့ သူ့ကစားသမားဘဝရဲ့အရေးပါတဲ့ကာလကို ဖွင့်ဟလာပါတယ်။ ဘိုကာဂျူနီယာကစားသမားဟောင်း ဗားဂတ်စ်ဟာ အယ်လ်မီရီယာအသင်းအတွက် ပါဝင်ကစားနေစဉ် ၂၀၁၀ ခုနှစ်က ဘာစီလိုနာကို အရှက်ရဖွယ် ၈-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရတဲ့ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၃၉ နှစ်အရွယ်ရှိ ကွင်းလယ်လူဟောင်း ဗားဂတ်စ်က အဲဒီပွဲမတိုင်ခင်မှာ မက်ဆီကို တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ”အဲဒီပွဲမတိုင်ခင် သူငယ်ချင်းတချို့က ကျွန်တော့်မွေးရပ်မြေ ကိုလံဘီယာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် အတိဒုက္ခရောက်နေသူတွေကို ကူညီဖို့ ကျွန်တော့်ဂျာစီကို လေလံတင်ချင်တယ်လို့ ပြောလာပါတယ်။ ကျွန်တော်ကလည်း ဘာစီလိုနာနဲ့ကစားရတဲ့အချက်ကို အခွင့်ကောင်းယူခဲ့ပါတယ်”
”အဲဒါနဲ့ပွဲမတိုင်ခင် လီယိုဆီ သွားပြီး မွေးရပ်မြေမှာဖြစ်ပျက်နေတာတွေကို သေချာရှင်းပြပြီး တကယ်လို့ အဆင်ပြေရင် ကျွန်တော့်ကို သူ့ဂျာစီပေးနိုင်မလားလို့ တောင်းဆိုခဲ့ပါတယ်”လို့ ဗားဂတ်စ်က ပြောပါတယ်။ ၈-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တာက ဘယ်ကစားသမားကိုမဆို စိတ်ပျက်ဝမ်းနည်းစေမှာဖြစ်ပြီး အဲဒီအထဲမှာ ဗားဂတ်စ်လည်း ပါဝင်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့်ပဲ ကိုလံဘီယာလက်ရွေးစင်ဟောင်းဟာ ပွဲအပြီးမှာ မက်ဆီရဲ့အင်္ကျီဂျာစီ ယူဖို့ မေ့သွားပါတယ်။ ”ကျွန်တော်လည်း ၈ဂိုးပြတ်အရှုံးကြောင့် ကွင်းထဲကနေ ဒေါသထွက်၊ ဝမ်းနည်းစိတ်တွေနဲ့အတူ ထွက်လာခဲ့ပါတယ်။ မက်ဆီကို သူ့အင်္ကျီလက်ဆောင်ပေးဖို့ တောင်းဆိုထားတာလည်း မေ့သွားပါတယ်”လို့ ဗားဂတ်စ်က ပြောပါတယ်။
ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ အဲဒီဖြစ်ရပ်ကို မမေ့ခဲ့ပါဘူး။ အဝတ်လဲခန်းအတွင်း ဗားဂတ်စ်ရှိနေစဉ် အယ်လ်မီရီယအသင်းဝန်ထမ်းတစ်ဦးရောက်လာပြီး တစ်ယောက်ယောက်က သူ့ကို တွေ့ချင်နေတဲ့အကြောင်း အသိပေးပါတယ်။ အမှန်ပါပဲ။ မက်ဆီက ဗားဂတ်စ်နဲ့စကားပြောဖို့ ရောက်လာပါတယ်။
”ကျွန်တော်လည်း အခန်းအပြင်ဘက်ထွက်လိုက်တာပေါ့။ အဲဒီမှာ လက်ထဲမှာ အိတ်တစ်လုံးကိုင်ထားတဲ့ မက်ဆီကို တွေ့လိုက်ပါတယ်။ အခုချိန်အထိ သူပြောတာကို ကျွန်တော်မှတ်မိနေပါသေးတယ်။ ‘ဒီမှာ ခင်ဗျားအတွက် ကျွန်တော် စုပြီးယူလာတဲ့အင်္ကျီတွေ’လို့ သူက ပြောပါတယ်။ ကျွန်တော်ကလည်း ကျေးဇူးတင်ကြောင်း ပြန်ပြောပြီး ပွေ့ဖက်လိုက်ပါတယ်”
”စိတ်ထဲမှာတော့ ကျွန်တော်တောင်းထားတဲ့ သူ့အင်္ကျီတစ်ထည်ပဲ ပါလိမ့်မယ်လို့ တွေးနေမိတာပေါ့”လို့ ဗားဂတ်စ်က အခြေအနေကို ရှင်းပြပါတယ်။ အဝတ်လဲခန်းထဲ ဗားဂတ်စ်ပြန်ရောက်လာလို့ အိတ်ကို ဖွင့်ကြည့်လိုက်တော့မှ သူလည်း အတော်လေးအံ့အားသင့်သွားပါတယ်။ ”ကျွန်တော် အခန်းထဲပြန်ရောက်လို့ အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ မက်ဆီရဲ့အင်္ကျီတစ်ထည်တည်းရှိနေတာမဟုတ်ဘူး”
”ဇာဗီ၊ အင်နီယေစတာ၊ အဲလ်ဗက်စ်၊ ပီကေးနဲ့ ပူယိုးလ်တို့ရဲ့အင်္ကျီဂျာစီတွေလည်း ပါနေပါတယ်။ မက်ဆီရဲ့ကြင်နာအလေးထားမှုကို ကျွန်တော် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ သူ့ရဲ့စိတ်နေသဘောထားကြီးမြတ်မှုကြောင့် အခုလိုပဲ စံချိန်တွေ ဆက်ချိုးနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်”လို့ ဗားဂတ်စ်က ပြောပါတယ်။