
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မနေ့က ယှဉ်ပြိုင်သွားတဲ့ အိုင်ဗရီကို့စ်အသင်းနှင့် ဘာကီနာဖာဆိုအသင်းတို့ ရဲ့ခြေစမ်းပွဲစဉ်မှာ ဒီယာလိုက နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ဖရီးကစ်ကနေ အိုင်ဗရီကို့စ်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
အိုင်ဗရီကို့စ်အသင်းဟာ ပွဲစပိုင်း (၁၆) မိနစ်မှာဘဲဘီကီနာဖာဆိုအသင်းရဲ့တိုက်စစ်မှူးထရာအိုရေးရဲ့သွင်းဂိုးကြောင့် (ဝ-၁)ရလဒ်နဲ့ ရှုံးနိမ့်နေပြီး ဒုတိယပိုင်းမှာလည်း တိုက်စစ်ပိုင်းမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ လာဂို ဂျူနီယာအစား ဒီယာလိုကို ပွဲကစားချိန် (၆၃) မိနစ်မှာ လူစားလဲခဲ့ပါတယ်။
ဒီယာလိုဝင်ရောက်လာချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းက ပိုမိုအား ကောင်းလာခဲ့သလို ပွဲကစားချိန် ( ၇၂ ) မိနစ်မှာ ကွင်းလယ် ဘယ်တောင်ပံ ကစားသမား အီဗရာဟင် ဆင်ဂါရီ က ချေပဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် ( ၁-၁ ) ရလဒ် ဖြစ်လာခဲ့ပါတယ်။
ပွဲပြီးခါနီး မိနစ် (၉၀)ကျော် နာကျင်အချိန်ပိုမှာတော့ အိုင်ဗရီကို့စ်အသင်းဟာ ဘာကီနာဖာဆိုအသင်းရဲ့ ဂိုးဧရိယာရှေ့မှာ ဖရီးကစ်ကန်ခွင့်ရခဲ့ပြီး အဲ့သည့် ဖရီးကစ်ကို ဒီယာလိုက ဂိုးသမားရဲ့ ညာဘက်ထောင့် အပေါ်ကို ဘယ်ခြေနဲ့ လှလှပပ သွင်းယူသွားခဲ့ပါတယ်။
ဒီယာလိုရဲ့သွင်းဂိုးကြောင့်လည်း အိုင်ဗရီကိုစ်အသင်းဟာ ၂ဂိုး တစ်ဂိုး ရလဒ်နဲ့ ဘာကီနာဖာဆိုအသင်းနဲ့ ခြေစမ်းပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ဘာကီနာဖာဆိုအသင်းရဲ့ တိုက်စစ်မှူး ထရာအိုရေးဟာ အသက် (၂၀) အရွယ်သာရှိသေးပေမယ့် နိုင်ငံအသင်းအတွက် နောက်ဆုံး၁၂ပွဲမှာ၆ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ် မန်နေဂျာ ပတ်ထရစ် က ဒီနှစ် မတ်လမှာ ဒီယာလိုကို ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခဲ့ပြီး (၂)လအကြာမှာပဲ အာမက် ဒီယာလိုဟာ လက်ရွေးစင်အသင်းနဲ့ ဒုတိယမြောက်ပွဲစဉ်မှာ သူ့ရဲ့ ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီယာလိုဟာ အတ္တလန္တာအသင်းကြီးနဲ့အတူ စီနီယာပွဲစဉ် ( ၅ ) ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် ဇန်နဝါရီလမှာတော့ ပြောင်းရွေ့ကြေး ပေါင် ( ၃၇ ) သန်းနဲ့ ယူနိုက်တက်ထံ ပြောင်းရွေ့လာခဲ့သူလည်းဖြစ်ပါတယ်။
ဒီယာလိုကို ယူနိုက်တက်အသင်းဝယ်ယူခဲ့ချိန်က အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦီးအတွက်ပေါင်သန်း၄၀ နီးပါး ပြောင်းရွှေ့ကြေး ပေးချေခဲ့ရမှု အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ (ယူ ၂၁) အသင်းသားအဖြစ်နဲ့သာ ကစားနေခဲ့ရပေမယ့် သူ့ရဲ့ လူငယ်ကစားသမားတစ်ဦးထက်ပိုမိုသာလွန်တဲ့ ခြေစွမ်းပြသခဲ့မှုကြောင့် ဆိုးရှားက ဒီယာလိုကို ယူနိုက်တက် အသင်းကြီးမှာ ပွဲစဉ်အနည်းငယ်မှာ ပါဝင်ကစားခွင့်ပြချိန်မှာလည်း သူဟာသူ့ရဲ့တန်ဖိုးကို ပြသနိုင်ခဲ့ပါတယ်။
ကစားခွင့်ရတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်နေတဲ့ ဒီယာလိုအတွက် ရှေ့ဘောလုံးရာသီမှာ ဆိုးရှားဘယ်လိုဆုံးဖြတ်မလဲဆိုတာ ယူနိုက်တက်ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာကောင်းနေမှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
(၉၇)မိနစ္မွာ ဖရီးကစ္ကေန ဂိုးသြင္းယူခဲ့ၿပီး ဆိုးရွားကို ရာသီအသစ္အတြက္ လႈပ္ႏိုးလိုက္တဲ့ ဒီယာလို
မေန႔က ယွဥ္ၿပိဳင္သြားတဲ့ အိုင္ဗရီကို႔စ္အသင္းႏွင့္ ဘာကီနာဖာဆိုအသင္းတို႔ ရဲ႕ေျခစမ္းပြဲစဥ္မွာ ဒီယာလိုက နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ ဖရီးကစ္ကေန အိုင္ဗရီကို႔စ္အသင္းအတြက္ အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။ အိုင္ဗရီကို႔စ္အသင္းဟာ ပြဲစပိုင္း (၁၆) မိနစ္မွာဘဲဘီကီနာဖာဆိုအသင္းရဲ႕တိုက္စစ္မႉးထရာအိုေရးရဲ႕သြင္းဂိုးေၾကာင့္ (ဝ-၁)ရလဒ္နဲ႔ ရႈံးနိမ့္ေနၿပီး ဒုတိယပိုင္းမွာလည္း တိုက္စစ္ပိုင္းမွာ ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ လာဂို ဂ်ဴနီယာအစား ဒီယာလိုကို ပြဲကစားခ်ိန္ (၆၃) မိနစ္မွာ လူစားလဲခဲ့ပါတယ္။
ဒီယာလိုဝင္ေရာက္လာခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းက ပိုမိုအား ေကာင္းလာခဲ့သလို ပြဲကစားခ်ိန္ ( ၇၂ ) မိနစ္မွာ ကြင္းလယ္ ဘယ္ေတာင္ပံ ကစားသမား အီဗရာဟင္ ဆင္ဂါရီ က ေခ်ပဂိုးသြင္းယူ ႏိုင္ခဲ့တာေၾကာင့္ ( ၁-၁ ) ရလဒ္ ျဖစ္လာခဲ့ပါတယ္။ ပြဲၿပီးခါနီး မိနစ္ (၉၀)ေက်ာ္ နာက်င္အခ်ိန္ပိုမွာေတာ့ အိုင္ဗရီကို႔စ္အသင္းဟာ ဘာကီနာဖာဆိုအသင္းရဲ႕ ဂိုးဧရိယာေရွ႕မွာ ဖရီးကစ္ကန္ခြင့္ရခဲ့ၿပီး အဲ့သည့္ ဖရီးကစ္ကို ဒီယာလိုက ဂိုးသမားရဲ႕ ညာဘက္ေထာင့္ အေပၚကို ဘယ္ေျခနဲ႔ လွလွပပ သြင္းယူသြားခဲ့ပါတယ္။ ဒီယာလိုရဲ႕သြင္းဂိုးေၾကာင့္လည္း အိုင္ဗရီကိုစ္အသင္းဟာ ၂ဂိုး တစ္ဂိုး ရလဒ္နဲ႔ ဘာကီနာဖာဆိုအသင္းနဲ႔ ေျခစမ္းပြဲမွာ အႏိုင္ရရွိခဲ့ပါတယ္။
ဒီပြဲမွာ ဘာကီနာဖာဆိုအသင္းရဲ႕ တိုက္စစ္မႉး ထရာအိုေရးဟာ အသက္ (၂၀) အ႐ြယ္သာရွိေသးေပမယ့္ ႏိုင္ငံအသင္းအတြက္ ေနာက္ဆုံး၁၂ပြဲမွာ၆ဂိုးအထိသြင္းယူထားႏိုင္ခဲ့ပါတယ္။ အိုင္ဗရီကို႔စ္ မန္ေနဂ်ာ ပတ္ထရစ္ က ဒီႏွစ္ မတ္လမွာ ဒီယာလိုကို ပထမဆုံးအႀကိမ္အျဖစ္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခဲ့ၿပီး (၂)လအၾကာမွာပဲ အာမက္ ဒီယာလိုဟာ လက္ေ႐ြးစင္အသင္းနဲ႔ ဒုတိယေျမာက္ပြဲစဥ္မွာ သူ႔ရဲ႕ ပထမဆုံး ႏိုင္ငံတကာသြင္းဂိုးကို ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
ဒီယာလိုဟာ အတၱလႏၲာအသင္းႀကီးနဲ႔အတူ စီနီယာပြဲစဥ္ ( ၅ ) ပြဲသာ ကစားခြင့္ရခဲ့ေပမယ့္ ဇန္နဝါရီလမွာေတာ့ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၃၇ ) သန္းနဲ႔ ယူႏိုက္တက္ထံ ေျပာင္းေ႐ြ႕လာခဲ့သူလည္းျဖစ္ပါတယ္။ ဒီယာလိုကို ယူႏိုက္တက္အသင္းဝယ္ယူခဲ့ခ်ိန္က အသက္၁၈ႏွစ္အ႐ြယ္ လူငယ္တစ္ဦီးအတြက္ေပါင္သန္း၄၀ နီးပါး ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်ခဲ့ရမႈ အေပၚ ေဝဖန္မႈေတြရွိခဲ့ပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ (ယူ ၂၁) အသင္းသားအျဖစ္နဲ႔သာ ကစားေနခဲ့ရေပမယ့္ သူ႕ရဲ႕ လူငယ္ကစားသမားတစ္ဦးထက္ပိုမိုသာလြန္တဲ့ ေျခစြမ္းျပသခဲ့မႈေၾကာင့္ ဆိုးရွားက ဒီယာလိုကို ယူႏိုက္တက္ အသင္းၾကီးမွာ ပြဲစဥ္အနည္းငယ္မွာ ပါဝင္ကစားခြင့္ျပခ်ိန္မွာလည္း သူဟာသူ႔ရဲ႕တန္ဖိုးကို ျပသႏိုင္ခဲ့ပါတယ္။ ကစားခြင့္ရတဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ေနတဲ့ ဒီယာလိုအတြက္ ေရွ႕ေဘာလံုးရာသီမွာ ဆိုးရွားဘယ္လိုဆံုးျဖတ္မလဲဆိုတာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ စိတ္ဝင္စားစရာေကာင္းေနမွာပါ။