
photo-daily mail
photo-gettyimages
လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ဟာ ဒီနှစ်ရဲ့ Ballon d’Or ဆုအတွက် အံ့သြစရာကောင်းလောင်အောင် နီးစပ်ခဲ့ပြီး စံချိန်တင်ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီနဲ့ ၇ မှတ်သာကွာဟခဲ့တာပါ။ အဲဒီဆုကို ပေးအပ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကလည်း မက်ဆီရဲ့စံချိန်တင်ဆုရရှိသွားမှုဟာ ၆၃ နှစ်ကြာ Ballon d’Or ဆုသမိုင်းမှာ အကျဉ်းမြောင်းဆုံးအောင်မြင်မှုဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဗန်ဒစ်ဂျ်ဟာ ရေပန်းအစားဆုံးဖြစ်ခဲ့ပြီးမှ Ballon d’Or ဆုနဲ့ ကပ်လွဲခဲ့ရတာပါ။
photo-REX
ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီဟာ မဲပေးမှုအရ စုစုပေါင်း ၆၈၆ မှတ်ရရှိခဲ့ပါတယ်။ လီဗာပူးနောက်ခံလူဗန်ဒစ်ဂျ်ကတော့ ၆၇၉ မှတ်တည်းနဲ့ ကပ်ခံလိုက်ရတာပါ။ ဆုပေးပွဲမတက်ရောက်ခဲ့တဲ့ တတိယနေရာက စီရော်နယ်ဒိုကတော့ ၄၇၆ မှတ်ရခဲ့ပြီး အဓိကပြိုင်ဘက်မက်ဆီထက် ၂၁၀ မှတ်ပိုနည်းခဲ့ပါတယ်။ စတုတ္ထနေရာက လီဗာပူးတိုက်စစ်မှုးမာနီကတော့ ၃၄၇ မှတ်ရခဲ့ပြီး ထိပ်ဆုံး ၃ ယောက်ပြင်ပမှာ ရမှတ် ၂၀၀ ကျော်တဲ့ တစ်ဦးတည်းသောကစားသမားလည်း ဖြစ်ပါတယ်။
photo-gettyimages
၂၀၁၉ Ballon d’Or ဆုအတွက် ရမှတ်အများဆုံး ထိပ်ဆုံး ၁၀ ယောက်
၁။ မက်ဆီ(ဘာစီလိုနာ) – ၆၈၆ မှတ်
၂။ ဗန်ဒစ်ဂျ်(လီဗာပူး) – ၆၇၉ မှတ်
၃။ စီရော်နယ်ဒို(ဂျူဗင်တပ်) – ၄၇၆ မှတ်
၄။ မာနီ(လီဗာပူး) – ၃၄၇ မှတ်
၅။ ဆာလာ(လီဗာပူး) – ၁၇၈ မှတ်
၆။ အမ်ဘက်ပီ(ပီအက်စ်ဂျီ) – ၈၉ မှတ်
၇။ အယ်လစ်ဆန်(လီဗာပူး)း – ၆၇ မှတ်
၈။ လီဝန်ဒေါစကီး(ဘိုင်ယန်မြူးနစ်) – ၄၄ မှတ်
၉။ ဘာနာဒိုဆေးလ်ဗား(မန်စီးတီး) – ၄၁ မှတ်
၁၀။ မာရက်ဇ်(မန်စီးတီး) – ၃၃ မှတ်
[Zawgyi]
၇ မွတ္တည္းနဲ႔ မက္ဆီထံ Ballon d’Or ဆု လက္လႊတ္ခဲ့ရတဲ့ ဗန္ဒစ္ဂ်္
လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ဟာ ဒီႏွစ္ရဲ႕ Ballon d’Or ဆုအတြက္ အံ့ၾသစရာေကာင္းေလာင္ေအာင္ နီးစပ္ခဲ့ၿပီး စံခ်ိန္တင္ဆြတ္ခူးႏိုင္ခဲ့တဲ့ မက္ဆီနဲ႔ ၇ မွတ္သာကြာဟခဲ့တာပါ။ အဲဒီဆုကို ေပးအပ္ခ်ီးျမွင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းကလည္း မက္ဆီရဲ႕စံခ်ိန္တင္ဆုရရွိသြားမႈဟာ ၆၃ ႏွစ္ၾကာ Ballon d’Or ဆုသမိုင္းမွာ အက်ဥ္းေျမာင္းဆုံးေအာင္ျမင္မႈျဖစ္ခဲ့တယ္လုိ႔ ထုတ္ျပန္ခ့ဲပါတယ္။ ဗန္ဒစ္ဂ်္ဟာ ေရပန္းအစားဆုံးျဖစ္ခဲ့ၿပီးမွ Ballon d’Or ဆုနဲ႔ ကပ္လြဲခဲ့ရတာပါ။
ဘာစီလိုနာအသင္းေခါင္းေဆာင္ျဖစ္တဲ့ မက္ဆီဟာ မဲေပးမႈအရ စုစုေပါင္း ၆၈၆ မွတ္ရရွိခဲ့ပါတယ္။ လီဗာပူးေနာက္ခံလူဗန္ဒစ္ဂ်္ကေတာ့ ၆၇၉ မွတ္တည္းနဲ႔ ကပ္ခံလိုက္ရတာပါ။ ဆုေပးပြဲမတက္ေရာက္ခဲ့တဲ့ တတိယေနရာက စီေရာ္နယ္ဒိုကေတာ့ ၄၇၆ မွတ္ရခဲ့ၿပီး အဓိကၿပိဳင္ဘက္မက္ဆီထက္ ၂၁၀ မွတ္ပုိနည္းခဲ့ပါတယ္။ စတုတၳေနရာက လီဗာပူးတိုက္စစ္မႈးမာနီကေတာ့ ၃၄၇ မွတ္ရခဲ့ၿပီး ထိပ္ဆုံး ၃ ေယာက္ျပင္ပမွာ ရမွတ္ ၂၀၀ ေက်ာ္တဲ့ တစ္ဦးတည္းေသာကစားသမားလည္း ျဖစ္ပါတယ္။
၂၀၁၉ Ballon d’Or ဆုအတြက္ ရမွတ္အမ်ားဆုံး ထိပ္ဆံုး ၁၀ ေယာက္
၁။ မက္ဆီ(ဘာစီလိုနာ) – ၆၈၆ မွတ္
၂။ ဗန္ဒစ္ဂ်္(လီဗာပူး) – ၆၇၉ မွတ္
၃။ စီေရာ္နယ္ဒို(ဂ်ဴဗင္တပ္) – ၄၇၆ မွတ္
၄။ မာနီ(လီဗာပူး) – ၃၄၇ မွတ္
၅။ ဆာလာ(လီဗာပူး) – ၁၇၈ မွတ္
၆။ အမ္ဘက္ပီ(ပီအက္စ္ဂ်ီ) – ၈၉ မွတ္
၇။ အယ္လစ္ဆန္(လီဗာပူး)း – ၆၇ မွတ္
၈။ လီ၀န္ေဒါစကီး(ဘုိင္ယန္ျမဴးနစ္) – ၄၄ မွတ္
၉။ ဘာနာဒိုေဆးလ္ဗား(မန္စီးတီး) – ၄၁ မွတ္
၁၀။ မာရက္ဇ္(မန္စီးတီး) – ၃၃ မွတ္