၇ ပွဲသာကိုင်တွယ်ခဲ့ရပြီးနောက် အေစီမီလန်နည်းပြရာထူးကနေ ဂျီယန်ပေါ်လိုထုတ်ပယ်ခံရ

Photo- Internet
Photo- Internet

အေစီမီလန်အသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်တွေဆက်တိုက် ဆိုးရွားခဲ့ပြီးနောက် နည်းပြဂျီယန်ပေါ်လို ကိုရာထူးကနေထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ သူဟာ အေစီကိုစီးရီးအေ ၇ ပွဲသာကိုင်တွယ်ခဲ့ရပြီးနောက် ၃ ပွဲသာအနိုင်ရခဲ့လို့ အခုလိုရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

အေစီမီလန်ဟာ ပြီးခဲ့တဲ့စနေနေ့က ဂျီနိုအာကိုအဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရခဲ့ပေမယ့် အူဒီးနီးစ်၊ အင်တာမီလန်၊ တိုရီနိုနဲ့ ဖီအိုရင်တီးနား တို့ကိုရှုံးခဲ့တာပါ။ လက်ရှိမှာ အေစီဟာ ၇ ပွဲကစားပြီးချိန် ၉ မှတ်သာရပြီး တန်းဆင်းဇုန်နဲ့လည်း ၃ မှတ်သာကွာဟနေတဲ့အတွက် ဂျီယန်ပေါ်လိုအထုတ်ခံလိုက်ရတာဖြစ်ပါတယ်။

Photo- Internet

အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဂျီယန်ပေါ်လိုဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက ဂတ်တူဆိုရဲ့နေရာမှာအစားင်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ အေစီဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့လို့ ဂတ်တူဆိုကိုထုတ်ပြီး ဂျီယန်ပေါ်လိုနဲ့အစားထိုးခဲ့ပေမယ့် သူကလည်း ရလဒ်တွေကောင်းအောင်မလုပ်ပေးနိုင်ခဲ့တဲ့ အတွက်ရာသီအစောပိုင်းမှာဘဲ ထုတ်ပယ်ခံလိုက်ရတာပါ။

Photo- Internet

ဒီရာသီစီးရီးအေမှာ ပထမဆုံးထုတ်ပယ်ခံရသူဖြစ်လာတဲ့ ဂျီယန်ပေါ်လိုရဲ့နေရာမှာ အင်တာမီလန်အသင်းနည်းပြဟောင်း စတီဖာနိုပီအိုလီ အစားဝင်မယ်လို့ သတင်းတွေထွက်နေပါတယ်။ မကြာသေးခင်က ဆမ်ဒိုးရီးယားနည်းပြ ဒီဖရန်ဆက်စကိုဟာ အသင်းနဲ့လမ်းခွဲခဲ့ရသေးပေမယ့် သူက ကလပ်နဲ့နှစ်ဖက်သဘောတူညီချက် ရယူပြီးလမ်းခွဲခဲ့တာဖြစ်လို့ ဂျီယန်ပေါ်လိုက ပထမဆုံးထုတ်ပယ်ခံရသူဖြစ်လာတာပါ။

Photo- Internet

ဥရောပချန်ပီယံ ၇ ကြိမ်ဖြစ်ခဲ့တဲ့ အေစီမီလန်ဟာ ချန်ပီယံလိဂ်မှာနောက်ဆုံးကစားခဲ့တာ ၂၀၁၃-၁၄ ဘောလုံးရာသီကဖြစ်ပြီး စီးရီးအေချန်ပီယံဘွဲ့ကိုလည်း ၂၀၁၁ ကနောက်ဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ယူရိုပါလိဂ် ဝင်ခွင့်ရခဲ့ပေမယ့်လည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ပြိုင်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

၇ ပြဲသာကိုင္တြယ္ခဲ့ရၿပီးေနာက္ ေအစီမီလန္နည္းျပရာထူးကေန ဂ်ီယန္ေပၚလိုထုတ္ပယ္ခံရ

ေအစီမီလန္အသင္းဟာ ရာသီအစပိုင္းမွာ ရလဒ္ေတြဆက္တိုက္ ဆိုးရြားခဲ့ၿပီးေနာက္ နည္းျပဂ်ီယန္ေပၚလို ကိုရာထူးကေနထုတ္ပယ္လိုက္တယ္လို႔ သိရပါတယ္။ သူဟာ ေအစီကိုစီးရီးေအ ၇ ပြဲသာကိုင္တြယ္ခဲ့ရၿပီးေနာက္ ၃ ပြဲသာအႏိုင္ရခဲ့လို႔ အခုလိုရာထူးကေန ထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။

ေအစီမီလန္ဟာ ၿပီးခဲ့တဲ႔စေနေန႔က ဂ်ီႏိုအာကိုအေ၀းကြင္းမွာ ၂-၁ နဲ႔အႏိုင္ရခဲ့ေပမယ္႔ အူဒီးနီးစ္၊ အင္တာမီလန္၊ တိုရီႏိုနဲ႔ ဖီအိုရင္တီးနား တို႔ကိုရႈံးခဲ့တာပါ။ လက္ရွိမွာ ေအစီဟာ ၇ ပြဲကစားၿပီးခ်ိန္ ၉ မွတ္သာရၿပီး တန္းဆင္းဇုန္နဲ႔လည္း ၃ မွတ္သာကြာဟေနတဲ႔အတြက္ ဂ်ီယန္ေပၚလိုအထုတ္ခံလိုက္ရတာျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္ရွိၿပီျဖစ္တဲ႔ ဂ်ီယန္ေပၚလိုဟာ ၿပီးခဲ့တဲ႔ဇြန္လတုန္းက ဂတ္တူဆိုရဲ႕ေနရာမွာအစားင္တာ၀န္ယူခဲ့သူ ျဖစ္ပါတယ္။ ေအစီဟာ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့လို႔ ဂတ္တူဆိုကိုထုတ္ၿပီး ဂ်ီယန္ေပၚလိုနဲ႔အစားထိုးခဲ့ေပမယ္႔ သူကလည္း ရလဒ္ေတြေကာင္းေအာင္မလုပ္ေပးႏိုင္ခဲ့တဲ႔ အတြက္ရာသီအေစာပိုင္းမွာဘဲ ထုတ္ပယ္ခံလိုက္ရတာပါ။

ဒီရာသီစီးရီးေအမွာ ပထမဆုံးထုတ္ပယ္ခံရသူျဖစ္လာတဲ႔ ဂ်ီယန္ေပၚလိုရဲ႕ေနရာမွာ အင္တာမီလန္အသင္းနည္းျပေဟာင္း စတီဖာႏိုပီအိုလီ အစား၀င္မယ္လို႔ သတင္းေတြထြက္ေနပါတယ္။ မၾကာေသးခင္က ဆမ္ဒိုးရီးယားနည္းျပ ဒီဖရန္ဆက္စကိုဟာ အသင္းနဲ႔လမ္းခြဲခဲ့ရေသးေပမယ္႔ သူက ကလပ္နဲ႔ႏွစ္ဖက္သေဘာတူညီခ်က္ ရယူၿပီးလမ္းခြဲခဲ့တာျဖစ္လို႔ ဂ်ီယန္ေပၚလိုက ပထမဆုံးထုတ္ပယ္ခံရသူျဖစ္လာတာပါ။

ဥေရာပခ်န္ပီယံ ၇ ႀကိမ္ျဖစ္ခဲ့တဲ႔ ေအစီမီလန္ဟာ ခ်န္ပီယံလိဂ္မွာေနာက္ဆုံးကစားခဲ့တာ ၂၀၁၃-၁၄ ေဘာလုံးရာသီကျဖစ္ၿပီး စီးရီးေအခ်န္ပီယံဘြဲ႕ကိုလည္း ၂၀၁၁ ကေနာက္ဆုံးရရွိခဲ့တာျဖစ္ပါတယ္။ ဒီရာသီမွာ ယူရိုပါလိဂ္ ၀င္ခြင့္ရခဲ့ေပမယ္႔လည္း ဘ႑ာေရးစည္းမ်ဥ္း ခ်ဳိးေဖာက္မႈေၾကာင့္ ၿပိဳင္၀င္ခြင့္ ပိတ္ပင္ခံခဲ့ရတာျဖစ္ပါတယ္။