
photo-sport bible
photo-gettyimages
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ လိုင်လီကနေ ရောက်လာတဲ့ တောင်ပံတိုက်စစ်ကစားသမားနီကိုလက်စ်ပီပီဟာ အာဆင်နယ်ရဲ့စံချိန်တင်ကြေးရှင်ပါ။ ဒါပေမဲ့ တနင်္လာညကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲက သူ့ရဲ့လွဲချော်မှုကတော့ ဘယ်လိုမှကို မမျှော်မှန်းနိုင်လောက်အောင်ပါပဲ။ အဲဒီပွဲမှာ ပီပီဟာ ပွဲချိန်မိနစ် ၂၀ အရောက် ဦးဆောင်ဂိုးစသွင်းနိုင်မယ့် အပိုင်အခွင့်အရေးရရှိခဲ့တာပါ။
photo-gettyimages
ဘယ်တောင်ပံက ကိုလာစီနက်ရဲ့ပြီးပြည့်စုံတဲ့ဖြတ်တင်ပေးပို့မှုကို အဲဒီအိုင်ဗရီကို့စ်သားက ၆ ကိုက်စည်းအတွင်း အပိုင်ပိတ်ခွင့်ရတာဖြစ်ပေမယ့် လွဲဖြစ်အောင် လွဲသွားခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေက အောင်ပွဲခံတော့မလိုလုပ်ခဲ့ကြပေမယ့် ပီပီက ဘယ်ခြေနဲ့ပိတ်တာ ချော်ဖြစ်အောင်ကို ချော်သွားခဲ့ပါတယ်။ ပွဲတစ်ပွဲမှာ ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ခါထပ်မရနိုင်ပါဘူး။
photo-gettyimages
သူဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူဖြစ်တဲ့ဗန်ဒစ်ဂျ်ကို ကျော်ဖြတ်နိုင်ခဲ့သလို ပင်နယ်တီကနေလည်း တစ်ဂိုးသွင်းထားပါတယ်။ ဒါပေမဲ့ ပေါင် ၇၂ သန်းတောင်ပေးခဲ့ရတဲ့ကစားသမားတစ်ယောက်ဆီက အများကြီးပိုကောင်းတဲ့ အဆုံးသတ်မျိုးကို သေချာပေါက်မျှော်လင့်ထားကြမှာပါ။ အထူးသဖြင့် ဘောလုံးက ကွက်တိရောက်လာတာကို သူသန်တဲ့ဘယ်ခြေနဲ့ပိတ်ရတဲ့နေရာမှာပါ။ ပီပီဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိုင်လီနဲ့ လီဂူး ၃၈ ပွဲမှာ ၂၂ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အင်္ဂလန်က ပထမဆုံး ၃ လမှာတော့ အတော်လေးကို ရုန်းကန်နေရပါတယ်။ သူဒီလိုလွဲပြီး ၁၀ မိနစ်အကြာမှာပဲ ရှက်ဖီးယူနိုက်တက်က တစ်လုံးတည်းသောအနိုင်ဂိုးရသွားပါတယ်။
[Zawgyi]
၆ ကိုက္စည္းထဲက ပိတ္တာ ဘယ္လိုေတာင္ လြဲခဲ့တာလဲ အာဆင္နယ္ရဲ႕စံခ်ိန္တင္ေၾကးရွင္ရယ္
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ လိုင္လီကေန ေရာက္လာတဲ့ ေတာင္ပံတိုက္စစ္ကစားသမားနီကိုလက္စ္ပီပီဟာ အာဆင္နယ္ရဲ႕စံခ်ိန္တင္ေၾကးရွင္ပါ။ ဒါေပမဲ့ တနလၤာညကစားခဲ့တဲ့ ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲက သူ႔ရဲ႕လြဲေခ်ာ္မႈကေတာ့ ဘယ္လိုမွကို မေမွ်ာ္မွန္းႏိုင္ေလာက္ေအာင္ပါပဲ။ အဲဒီပြဲမွာ ပီပီဟာ ပြဲခ်ိန္မိနစ္ ၂၀ အေရာက္ ဦးေဆာင္ဂုိးစသြင္းႏိုင္မယ့္ အပိုင္အခြင့္အေရးရရွိခဲ့တာပါ။
ဘယ္ေတာင္ပံက ကိုလာစီနက္ရဲ႕ၿပီးျပည့္စုံတဲ့ျဖတ္တင္ေပးပို႔မႈကို အဲဒီအိုင္ဗရီကို႔စ္သားက ၆ ကိုက္စည္းအတြင္း အပိုင္ပိတ္ခြင့္ရတာျဖစ္ေပမယ့္ လြဲျဖစ္ေအာင္ လြဲသြားခဲ့တာပါ။ အာဆင္နယ္ပရိသတ္ေတြက ေအာင္ပြဲခံေတာ့မလိုလုပ္ခဲ့ၾကေပမယ့္ ပီပီက ဘယ္ေျခနဲ႔ပိတ္တာ ေခ်ာ္ျဖစ္ေအာင္ကို ေခ်ာ္သြားခဲ့ပါတယ္။ ပြဲတစ္ပြဲမွာ ဒီလိုအခြင့္အေရးမ်ိဳးက ေနာက္တစ္ခါထပ္မရႏိုင္ပါဘူး။
သူဟာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူျဖစ္တဲ့ဗန္ဒစ္ဂ်္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့သလို ပင္နယ္တီကေနလည္း တစ္ဂိုးသြင္းထားပါတယ္။ ဒါေပမဲ့ ေပါင္ ၇၂ သန္းေတာင္ေပးခဲ့ရတဲ့ကစားသမားတစ္ေယာက္ဆီက အမ်ားႀကီးပိုေကာင္းတဲ့ အဆုံးသတ္မ်ိဳးကို ေသခ်ာေပါက္ေမွ်ာ္လင့္ထားၾကမွာပါ။ အထူးသျဖင့္ ေဘာလုံးက ကြက္တိေရာက္လာတာကို သူသန္တဲ့ဘယ္္ေျခနဲ႔ပိတ္ရတဲ့ေနရာမွာပါ။ ပီပီဟာ ၿပီးခဲ့တဲ့ရာသီတုန္းက လိုင္လီနဲ႔ လီဂူး ၃၈ ပြဲမွာ ၂၂ ဂိုးသြင္းႏို္င္ခဲ့ေပမယ့္ အဂၤလန္က ပထမဆံုး ၃ လမွာေတာ့ အေတာ္ေလးကို ရုန္းကန္ေနရပါတယ္။ သူဒီလိုလြဲၿပီး ၁၀ မိနစ္အၾကာမွာပဲ ရွက္ဖီးယူႏိုက္တက္က တစ္လုံးတည္းေသာအႏိုင္ဂိုးရသြားပါတယ္။