၆၃ နှစ်အတွင်းပြင်သစ်အတွက်ပထမဆုံး ၄ ဂိုးသွင်းသူဖြစ်လာတဲ့ ဘာပေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြင်သစ်အသင်းဟာမနေ့ညက ကာဇက်စတန်ကို ၈-၀ နဲ့အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာတစ်ဦးတည်း ၄ ဂိုးသွင်းယူခဲ့တဲ့တိုက်စစ်မှူး ဘာပေ ဟာ ၆၃ နှစ်အတွင်းမှာပြင်သစ်အတွက်ပထမဆုံး ၄ ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဖြစ်တဲ့ ဘာပေ ဟာပြင်သစ်ကအလွယ်တကူနိုင်ခဲ့တဲ့အဲဒီပွဲမှာပထမပိုင်းကတည်းက ၃ ဂိုးသွင်းထားခဲ့ပြီး ဒုတိယပိုင်းမှာတစ်ဂိုးထပ်မံသွင်းယူခဲ့ပါတယ်။

ပြင်သစ်အတွက်နောက်ထပ်ဂိုးတွေကိုတော့ ဘင်ဇီမာက ၂ ဂိုး၊ ဂရစ်ဇ်မန်းနဲ့ ရာဘီယော့တို့ကတစ်ဂိုးစီသွင်းယူခဲ့ကြတာပါ။

ဒီနိုင်ပွဲကြောင့် ပြင်သစ်အသင်းဟာလည်း ကာတာမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

အရင်ကပြင်သစ်အတွက် ၄ ဂိုးသွင်းယူခဲ့သူက ဂျက်စ်ဖောင်တိန်ဖြစ်ပြီး ၁၉၅၈ ဇွန်လတုန်းကအနောက်ဂျာမနီနဲ့ယှဥ်ပြိုင်ခဲ့တဲ့ပွဲမှာ ၄ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းဘယ်သူကမှ ပြင်သစ်အတွက် ၄ ဂိုးသွင်းယူခဲ့တာမရှိတော့ဘဲ ၆၃ နှစ်ကြာမှ ဘာပေ ကပြန်လည်သွင်းယူကာ မှတ်တမ်းကောင်းရရှိခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အသင်းမှာဟက်ထရစ်သွင်းယူနိုင်သူလည်းရှားပါးခဲ့ပြီး နောက်ဆုံးအကြိမ်ဟက်ထရစ်ရရှိခဲ့သူက ဒိုမင်နစ်ရိုချီတူ ဖြစ်ပြီး ၁၉၈၅ တုန်းက လူဇင်ဘတ်နဲ့ပွဲမှာ ၃ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာဘာပေက” ပွဲစဥ်ဘောလုံးကတော့အဝတ်လဲခန်းထဲမှာရောက်နေပြီဗျ။ အရေးအကြီးဆုံးကတော့ ခြေစစ်ပွဲအောင်ဖို့ဘဲလေ။

ထပ်ဆောင်းပြောရမယ်ဆိုရင်တော့ ခြေစစ်ပွဲအုပ်စုထဲမှာ ကမ္ဘာ့ဖလားမကစားဘူးတဲ့သူတွေအများကြီးဘဲ။

ကျွန်တော့်လိုမျိုး ကမ္ဘာ့ဖလားကို ဒုတိယအကြိမ်ကစားရမယ့်သူအဖို့ကတော့ တကယ့်အိပ်မက်ပါဘဲ။

ကျွန်တော်ထင်ပါတယ် ဒီကနေ့ညမှာပရိသတ်တွေပျော်ကြမယ်လို့လေ။

ဒီတော့ကျွန်တော်တို့လည်းပျော်ရတာပေါ့။

ပြိုင်ဘက်ကိုလေးစားတဲ့အတွက်လည်းပွဲနောက်ဆုံးအချိန်အထိကြိုးစားခဲ့လို့ ဂိုးပြတ်ခဲ့တာပါ။

ကျွန်တော့်နေနဲ့ခြေစွမ်းမပြနိုင်တဲ့ပွဲတွေရှိခဲ့တာကတော့အမှန်ပါဘဲ။

ဒါပေမယ့်ဒီနှစ်ထဲမှာကျွန်တော်တိုးတက်လာပြီး ကျွန်တော်ဖြစ်တဲ့ရည်မှန်းချက်ကိုစတင်နေပြီလို့ဆိုရပါမယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာပြင်သစ်ဗိုလ်စွဲခဲ့သလို ၂၀၂၂ မှာလည်းဗိုလ်စွဲဖို့သာရည်ရွယ်ထားပါတယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၆၃ ႏွစ္အတြင္းျပင္သစ္အတြက္ပထမဆုံး ၄ ဂိုးသြင္းသူျဖစ္လာတဲ့ ဘာေပ

ျပင္သစ္အသင္းဟာမေန႔ညက ကာဇက္စတန္ကို ၈-၀ နဲ႔အႏိုင္ရရွိခဲ့ၿပီး ဒီပြဲမွာတစ္ဦးတည္း ၄ ဂိုးသြင္းယူခဲ့တဲ့တိုက္စစ္မႉး ဘာေပ ဟာ ၆၃ ႏွစ္အတြင္းမွာျပင္သစ္အတြက္ပထမဆုံး ၄ ဂိုးသြင္းသူအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မႉးျဖစ္တဲ့ ဘာေပ ဟာျပင္သစ္ကအလြယ္တကူႏိုင္ခဲ့တဲ့အဲဒီပြဲမွာပထမပိုင္းကတည္းက ၃ ဂိုးသြင္းထားခဲ့ၿပီး ဒုတိယပိုင္းမွာတစ္ဂိုးထပ္မံသြင္းယူခဲ့ပါတယ္။ ျပင္သစ္အတြက္ေနာက္ထပ္ဂိုးေတြကိုေတာ့ ဘင္ဇီမာက ၂ ဂိုး၊ ဂရစ္ဇ္မန္းနဲ႔ ရာဘီေယာ့တို႔ကတစ္ဂိုးစီသြင္းယူခဲ့ၾကတာပါ။

ဒီႏိုင္ပြဲေၾကာင့္ ျပင္သစ္အသင္းဟာလည္း ကာတာမွာက်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။ အရင္ကျပင္သစ္အတြက္ ၄ ဂိုးသြင္းယူခဲ့သူက ဂ်က္စ္ေဖာင္တိန္ျဖစ္ၿပီး ၁၉၅၈ ဇြန္လတုန္းကအေနာက္ဂ်ာမနီနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ၄ ဂိုး သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းဘယ္သူကမွ ျပင္သစ္အတြက္ ၄ ဂိုးသြင္းယူခဲ့တာမရွိေတာ့ဘဲ ၆၃ ႏွစ္ၾကာမွ ဘာေပ ကျပန္လည္သြင္းယူကာ မွတ္တမ္းေကာင္းရရွိခဲ့တာျဖစ္ပါတယ္။ ျပင္သစ္အသင္းမွာဟက္ထရစ္သြင္းယူႏိုင္သူလည္းရွားပါးခဲ့ၿပီး ေနာက္ဆုံးအႀကိမ္ဟက္ထရစ္ရရွိခဲ့သူက ဒိုမင္နစ္႐ိုခ်ီတူ ျဖစ္ၿပီး ၁၉၈၅ တုန္းက လူဇင္ဘတ္နဲ႔ပြဲမွာ ၃ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာဘာေပက” ပြဲစဥ္ေဘာလုံးကေတာ့အဝတ္လဲခန္းထဲမွာေရာက္ေနၿပီဗ်။ အေရးအႀကီးဆုံးကေတာ့ ေျခစစ္ပြဲေအာင္ဖို႔ဘဲေလ။ ထပ္ေဆာင္းေျပာရမယ္ဆိုရင္ေတာ့ ေျခစစ္ပြဲအုပ္စုထဲမွာ ကမာၻ႔ဖလားမကစားဘူးတဲ့သူေတြအမ်ားႀကီးဘဲ။

ကြၽန္ေတာ့္လိုမ်ိဳး ကမာၻ႔ဖလားကို ဒုတိယအႀကိမ္ကစားရမယ့္သူအဖို႔ကေတာ့ တကယ့္အိပ္မက္ပါဘဲ။ ကြၽန္ေတာ္ထင္ပါတယ္ ဒီကေန႔ညမွာပရိသတ္ေတြေပ်ာ္ၾကမယ္လို႔ေလ။ ဒီေတာ့ကြၽန္ေတာ္တို႔လည္းေပ်ာ္ရတာေပါ့။ ၿပိဳင္ဘက္ကိုေလးစားတဲ့အတြက္လည္းပြဲေနာက္ဆုံးအခ်ိန္အထိႀကိဳးစားခဲ့လို႔ ဂိုးျပတ္ခဲ့တာပါ။

ကြၽန္ေတာ့္ေနနဲ႔ေျခစြမ္းမျပႏိုင္တဲ့ပြဲေတြရွိခဲ့တာကေတာ့အမွန္ပါဘဲ။ ဒါေပမယ့္ဒီႏွစ္ထဲမွာကြၽန္ေတာ္တိုးတက္လာၿပီး ကြၽန္ေတာ္ျဖစ္တဲ့ရည္မွန္းခ်က္ကိုစတင္ေနၿပီလို႔ဆိုရပါမယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားမွာျပင္သစ္
ဗိုလ္စြဲခဲ့သလို ၂၀၂၂ မွာလည္းဗိုလ္စြဲဖို႔သာရည္႐ြယ္ထားပါတယ္” လို႔ေျပာသြားပါတယ္။