၆၂ သန္းနဲ႔ေရာက္လာၿပီး ၂ လအၾကာမွာပဲ အငွားခ်ခံရမယ့္သတင္းေတြထြက္ေနတဲ့ဂ်ိဳဗစ္

photo-gettyimages

photo-gettyimages

တုိက္စစ္မႈးလူကာဂ်ိဳဗစ္ဟာ ေျပာင္းေရႊ႕ေၾကးေပါင္ ၆၂ သန္းနဲ႔ ရီးရဲလ္မက္ဒရစ္ကိုေရာက္လာတာ ၂ လပဲရွိပါေသးတယ္။ ဒါေပမဲ့လည္း အံ့ၾသဖြယ္ေကာငး္ေလာက္ေအာင္ပဲ ဂ်ဳိဗစ္ဟာ အျခားအသင္းတစ္ခုကို အငွားခ်ခံရႏိုင္တဲ့သတင္းေတြထြက္ေပၚေနပါတယ္။ အဲဒီဆားဘီးယားလက္ေရြးစင္တုိက္စစ္မႈးဟာ ၿပီးခဲ့တဲ့ဇြန္လကမွ ဘာေနဗ်ဴးကိုေရာက္လာၿပီး ၆ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ကာ နည္းျပဇီဒန္းရဲ႕ဒီေႏြရာသီအေျပာင္းအေရႊ႕ပထမဆုံးေခၚယူမႈျဖစ္လာခဲ့တာပါ။

photo-gettyimages

ဒါေပမဲ့လညး္ ဇီဒန္းဟာ ဒီတိုက္စစ္မႈးရဲ႕ေျခစြမ္းနဲ႔ပတ္သက္လုိ႔ သေဘာမက်ျဖစ္ေနပုံရၿပီး သူ႔ကိုအငွားခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ စပိန္မွာ သတင္းေတြထြက္ေပၚေနပါတယ္။ အထူးသျဖင့္ မက္ဒရစ္အေျခစိုက္နာမည္ႀကီးစပိန္အားကစားသတင္းစာျဖစ္တဲ့မာကာက ဂ်ိဳဗစ္ရဲ႕ဇာတိေျမဆားဘီးယားကထြက္ေပၚလာတဲ့သတင္းႏွစ္ပုဒ္ကိုကိုးကားေဖာ္ျပခဲ့တာပါ။

photo-AP

၂၁ ႏွစ္အရြယ္ဂ်ိဳဗစ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဖရန္႔ဖတ္အတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၄၈ ပြဲမွာ ၂၇ သြင္းေပးႏိုင္ခဲ့ၿပီး အဲဒီထဲမွာ ယူရိုပါလိဂ္ၿပိဳင္ပြဲက ၁၀ ဂိုးလည္းပါ၀င္ပါတယ္။ ဒါေပမဲ့လည္း ဂ်ဳိဗစ္ဟာ ရီးရဲလ္ကိုေရာက္လာၿပီးကတည္းက ရာသီႀကိဳမွာ တစ္ဂိုးမွသြင္းယူႏိုင္ျခင္းမရွိေသးပါဘူး။ ဒါ့အျပင္ ၿမိဳ႕ခံၿပိဳင္ဘက္အက္သလက္တီကိုကို ၇-၃ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ရာသီႀကိဳပြဲစဥ္မွာလည္း ဒဏ္ရာျပသနာနဲ႔ႀကဳံခဲ့ရပါေသးတယ္။ ဇီဒန္းရဲ႕တစ္ေက်ာ့ျပန္လက္ထက္ ဒီႏွစ္ရာသီႀကိဳမွာ ရီးရဲလ္ရဲ႕ရလဒ္ေတြကလည္း ေကာင္းမြန္ခဲ့တာ မဟုတ္ပါဘူး။

[Unicode]

တိုက်စစ်မှုးလူကာဂျိုဗစ်ဟာ ပြောင်းရွှေ့ကြေးပေါင် ၆၂ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကိုရောက်လာတာ ၂ လပဲရှိပါသေးတယ်။ ဒါပေမဲ့လည်း အံ့သြဖွယ်ကောင်းလောက်အောင်ပဲ ဂျိုဗစ်ဟာ အခြားအသင်းတစ်ခုကို အငှားချခံရနိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီဆားဘီးယားလက်ရွေးစင်တိုက်စစ်မှုးဟာ ပြီးခဲ့တဲ့ဇွန်လကမှ ဘာနေဗျူးကိုရောက်လာပြီး ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ နည်းပြဇီဒန်းရဲ့ဒီနွေရာသီအပြောင်းအရွှေ့ပထမဆုံးခေါ်ယူမှုဖြစ်လာခဲ့တာပါ။

ဒါပေမဲ့လည်း ဇီဒန်းဟာ ဒီတိုက်စစ်မှုးရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ သဘောမကျဖြစ်နေပုံရပြီး သူ့ကိုအငှားချဖို့ ပြင်ဆင်နေတယ်လို့ စပိန်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။ အထူးသဖြင့် မက်ဒရစ်အခြေစိုက်နာမည်ကြီးစပိန်အားကစားသတင်းစာဖြစ်တဲ့မာကာက ဂျိုဗစ်ရဲ့ဇာတိမြေဆားဘီးယားကထွက်ပေါ်လာတဲ့သတင်းနှစ်ပုဒ်ကိုကိုးကားဖော်ပြခဲ့တာပါ။

၂၁ နှစ်အရွယ်ဂျိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖရန့်ဖတ်အတွက် ပြိုင်ပွဲအရပ်ရပ် ၄၈ ပွဲမှာ ၂၇ သွင်းပေးနိုင်ခဲ့ပြီး အဲဒီထဲမှာ ယူရိုပါလိဂ်ပြိုင်ပွဲက ၁၀ ဂိုးလည်းပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဂျိုဗစ်ဟာ ရီးရဲလ်ကိုရောက်လာပြီးကတည်းက ရာသီကြိုမှာ တစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် မြို့ခံပြိုင်ဘက်အက်သလက်တီကိုကို ၇-၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ရာသီကြိုပွဲစဉ်မှာလည်း ဒဏ်ရာပြသနာနဲ့ကြုံခဲ့ရပါသေးတယ်။ ဇီဒန်းရဲ့တစ်ကျော့ပြန်လက်ထက် ဒီနှစ်ရာသီကြိုမှာ ရီးရဲလ်ရဲ့ရလဒ်တွေကလည်း ကောင်းမွန်ခဲ့တာ မဟုတ်ပါဘူး။