
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မျက်မှောက်ခေတ်ဘောလုံးလောကမှာ အသင်းဖော်၊ ကစားဖက်တွေရဲ့ ချစ်ခြင်းတွေနဲ့ သံယောဇဉ်တွေဟာ ငွေကြေးတွေရဲ့ ဦးဆောင်မှုနောက်မှာ တည်ဆောက်ဖို့ထက် ပျောက်ကွယ်ဖို့တွေဖြစ်လာခဲ့ကြတယ်။
မနှစ်က နွေရာသီမှာ မက်ဆီနဲ့ ဆွာရဇ်တို့ရဲ့ အပြောင်းအရွှေ့ဟာလည်း ခိုင်မာတဲ့သံယောဇဉ်တွေကို ဝေးကွာစေခဲ့သလို ဒီနှစ်မှာလည်း ဒီဂီယာနဲ့ ရိုမဲရိုးတို့ရဲ့ သံယောဇဉ်ဟာလည်း သူတို့လိုပါပဲ။
တိုက်စစ်ကစားသမားနှစ်ယောက်အတွက် ရှေ့တန်းနေရာဟာ နည်းပြရဲ့ ကစားကွက်ပေါ်မူတည်ပြီး တွဲကစားရတာဖြစ်နိုင်သလို တစ်ဦးတည်းအထောင်ကစားရသလို အမျိုးမျိုးဖြစ်နိုင်ပေမယ့် ဂိုးသမားနေရာကတော့ ပွဲစဉ်တစ်ပွဲမှာ ပူးတွဲဆိုတာမရှိနိုင်ပါဘူး။
ဒီဂီယာနဲ့ ရိုမဲရိုးတို့ဟာ နေရာတစ်နေရာအတွက် ပွဲထွက်ခွင့်ကို တိုက်ပွဲဝင်ရပေမယ့် သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ သံယောဇဉ်ကလည်း လေးစားစရာကောင်းပါတယ်။
(၆)နှစ်ကြာ အသင်းဖော်ဖြစ်ခဲ့ကြတဲ့ ဒီဂီယာနဲ့ ရိုမဲရိုးဟာ လေ့ကျင့်ရေးကွင်းမှာဆိုရင်လည်း စနောက်ပျော်ရွှင်နေတဲ့ပုံရိပတ်တွေကို တွေ့ကြရမှာဖြစ်သလို
အခုလိုခွဲခွာရတော့မယ့်အချိန်မှာ ဒီဂီယာက ရိုမဲရိုးအတွက် ဆုတောင်းစကားတွေကိုလည်း facebook,တွစ်တာတို့လို ဆိုရှယ်မီဒီယာတွေပေါ်မှာ “ကံကောင်းပါစေ Chiqui ရယ်”
“မင်းအောင်မြင်ဖို့ ငါဆုတောင်းပေးပါတယ် သူငယ်ချင်း။
စိန်ခေါ်မှုအသစ်တွေကို မင်းရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။ပျော်ရွှင်ပါစေ” လို့ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာတော့မယ့် သူငယ်ချင်းဖြစ်သူအတွက် ဆုတောင်းပေးထားပါတယ်။
လူးဝစ်ဗန်ဂေါကြောင့် ၂၀၁၅ခုနှစ်က ယူနိုက်တက် အသင်းကိုရောက်ရှိလာခဲ့တဲ့ ဂိုးသမားရိုမဲရိုးဟာ မနှစ်က နွေရာသီအပြောင်းအရွှေ့ကာလထဲက အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဟာ မဖြစ်ခဲ့ပါဘူး။
ဒီနှစ်မှာတော့ အသင်းက ရိုမဲရိုးအပါအဝင် ကစားသမား (၈)ဦးကို သောကြာနေ့ နေ့လယ်ပိုင်းကတည်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပေးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။
အာဂျင်တီးနားအသင်းမှာလက်ရွေးစဉ်ဂိုးသမားဖြစ်ပေမယ့် ယူနိုက်တက်မှာ အရံဂိုးသမားနေရာကနေရှိနေခဲ့တာတောင်မှ ပွဲထွက်ခွင့်ရဖို့ မငြီးငြူခဲ့တဲ့ ကစားသမားတစ်ယောက်အတွက် ဒီဆုံးဖြတ်ချက်ဟာ ယူနိုက်တက်ပရိသတ်တွေကတော့ စိတ်ပျက်စေခဲ့ပါတယ်။
ယူနိုက်တက်မှာ ကစားခွင့်ရတဲ့ပွဲစဉ်တွေဆိုရင် လက်စွမ်းတည်ငြိမ်ခဲ့သလို အမှားအယွင်းနဲတဲ့ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက် အတွက် ဒီအခြေအနေဟာ ထိုက်တန်ရဲ့လား။
ပြီးခဲ့တဲ့နှစ်နွေရာသီက ရှက်ဖီးလ်ယူနိုက်တက်ကနေ ဟန်ဒါဆင် ပြန်လည် ရောက်ရှိလာတဲ့နောက်မှာ အရံဂိုးသမားနေရာမှာတောင် နေရာမရတော့ပဲ ဆိုးလ်ရှားရဲ့ လျစ်လျူရှုခြင်းကို ခံခဲ့ရပါတယ်။
ရိုမဲရိုးဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက သူကစားခွင့်ရတဲ့ ဖလားပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် သုံးပွဲလုံးမှာ ပါဝင်ကစားခွင့် မရရှိခဲ့ဘဲ ဆိုလ်ရှားက ဒီဂီယာနဲ့ အစားထိုးခဲ့သလို အောင်မြင်မှုလည်းမရရှိခဲ့ပါဘူး။ ဒီနှစ် ဘောလုံးရာသီမှတော့ အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။
ယူနိုက်တက်ကနေ ထွက်ခွာရမယ့် နောက်ထပ် ကစားသမားတွေကတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဂိုးသမား ဂျိုးလ်ပါရဲရား ဖြစ်ပြီး သူဟာ ဟက်ဒါလ်စ်ဖီးလ်သို့ အငှားထွက်ကစားခဲ့ပေမယ့် ချန်ပီယံရှစ်ပွဲစဉ် နှစ်ပွဲသာ ကစားခဲ့ရပါတယ်။
အကယ်ဒမီကစားသမားတွေထဲကလည်း မက်တေလာ၊ထရာအိုရေး၊ ဂျက်ကော့ ကာနေး၊ မက်ဟမ်း၊ Iestyn Hughes၊ Arnau Puigmal တို့ကို သက်တမ်းတိုးအစီအစဉ်ထဲမှ မပါဝင်တော့ဘဲ အသင်းက ထွက်ခွာခွင့် ပေးသွားတော့မယ်လို့ ဖော်ပြထားပါတယ်။
Zawgyi
(၆)ႏွစ္ၾကာ အတူရွိခဲ့တဲ့ သံေယာဇဥ္ေတြ အတြက္ ဒီဂီယာရဲ႕ ဆုေတာင္းစကား
မ်က္ေမွာက္ေခတ္ေဘာလံုးေလာကမွာ အသင္းေဖာ္၊ ကစားဖက္ေတြရဲ႕ ခ်စ္ျခင္းေတြနဲ႕ သံေယာဇဥ္ေတြဟာ ေငြေၾကးေတြရဲ႕ ဦးေဆာင္မႈေနာက္မွာ တည္ေဆာက္ဖို႕ထက္ ေပ်ာက္ကြယ္ဖို႕ေတြျဖစ္လာခဲ့ၾကတယ္။ မႏွစ္က ေႏြရာသီမွာ မက္ဆီနဲ႕ ဆြာရဇ္တို႕ရဲ႕ အေျပာင္းအေရႊ႕ဟာလည္း ခိုင္မာတဲ့သံေယာဇဥ္ေတြကို ေဝးကြာေစခဲ့သလို ဒီႏွစ္မွာလည္း ဒီဂီယာနဲ႕ ႐ိုမဲ႐ိုးတို႕ရဲ႕ သံေယာဇဥ္ဟာလည္း သူတို႕လိုပါပဲ။
တိုက္စစ္ကစားသမားႏွစ္ေယာက္အတြက္ ေရွ႕တန္းေနရာဟာ နည္းျပရဲ႕ ကစားကြက္ေပၚမူတည္ၿပီး တြဲကစားရတာျဖစ္ႏိုင္သလို တစ္ဦးတည္းအေထာင္ကစားရသလို အမ်ိဳးမ်ိဳးျဖစ္ႏိုင္ေပမယ့္ ဂိုးသမားေနရာကေတာ့ ပြဲစဥ္တစ္ပြဲမွာ ပူးတြဲဆိုတာမရွိႏိုင္ပါဘူး။ ဒီဂီယာနဲ႕ ႐ိုမဲ႐ိုးတို႕ဟာ ေနရာတစ္ေနရာအတြက္ ပြဲထြက္ခြင့္ကို တိုက္ပြဲဝင္ရေပမယ့္ သူတို႕ႏွစ္ေယာက္ရဲ႕ တစ္ေယာက္အေပၚတစ္ေယာက္ထားရွိတဲ့ သံေယာဇဥ္ကလည္း ေလးစားစရာေကာင္းပါတယ္။
(၆)ႏွစ္ၾကာ အသင္းေဖာ္ျဖစ္ခဲ့ၾကတဲ့ ဒီဂီယာနဲ႕ ႐ိုမဲ႐ိုးဟာ ေလ့က်င့္ေရးကြင္းမွာဆိုရင္လည္း စေနာက္ေပ်ာ္ရႊင္ေနတဲ့ပံုရိပတ္ေတြကို ေတြ႕ၾကရမွာျဖစ္သလို အခုလိုခြဲခြာရေတာ့မယ့္အခ်ိန္မွာ ဒီဂီယာက ႐ိုမဲ႐ိုးအတြက္ ဆုေတာင္းစကားေတြကိုလည္း facebook,တြစ္တာတို႕လို ဆိုရွယ္မီဒီယာေတြေပၚမွာ “ကံေကာင္းပါေစ Chiqui ရယ္” “မင္းေအာင္ျမင္ဖို႔ ငါဆုေတာင္းေပးပါတယ္ သူငယ္ခ်င္း။ စိန္ေခၚမႈအသစ္ေတြကို မင္းရင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္။ေပ်ာ္ရႊင္ပါေစ” လို႔ အိုးလ္ထရက္ဖို႔ဒ္က ထြက္ခြာေတာ့မယ့္ သူငယ္ခ်င္းျဖစ္သူအတြက္ ဆုေတာင္းေပးထားပါတယ္။
လူးဝစ္ဗန္ေဂါေၾကာင့္ ၂၀၁၅ခုႏွစ္က ယူႏိုက္တက္ အသင္းကိုေရာက္ရွိလာခဲ့တဲ့ ဂိုးသမား႐ိုမဲ႐ိုးဟာ မႏွစ္က ေႏြရာသီအေျပာင္းအေရႊ႕ကာလထဲက အသင္းေျပာင္းေရႊ႕ဖို႕ သတင္းေတြထြက္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ဟာ မျဖစ္ခဲ့ပါဘူး။ ဒီႏွစ္မွာေတာ့ အသင္းက ႐ိုမဲ႐ိုးအပါအဝင္ ကစားသမား (၈)ဦးကို ေသာၾကာေန႔ ေန႔လယ္ပိုင္းကတည္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႕ထြက္ခြာခြင့္ေပးလိုက္ၿပီလို႕ ေၾကျငာခဲ့ပါတယ္။
အာဂ်င္တီးနားအသင္းမွာလက္ေရြးစဥ္ဂိုးသမားျဖစ္ေပမယ့္ ယူႏိုက္တက္မွာ အရံဂိုးသမားေနရာကေနရွိေနခဲ့တာေတာင္မွ ပြဲထြက္ခြင့္ရဖို႕ မျငီးျငဴခဲ့တဲ့ ကစားသမားတစ္ေယာက္အတြက္ ဒီဆံုးျဖတ္ခ်က္ဟာ ယူႏိုက္တက္ပရိသတ္ေတြကေတာ့ စိတ္ပ်က္ေစခဲ့ပါတယ္။ ယူႏိုက္တက္မွာ ကစားခြင့္ရတဲ့ပြဲစဥ္ေတြဆိုရင္ လက္စြမ္းတည္ျငိမ္ခဲ့သလို အမွားအယြင္းနဲတဲ့ ကမၻာ့အဆင့္ကစားသမားတစ္ေယာက္ အတြက္ ဒီအေျခအေနဟာ ထိုက္တန္ရဲ႕လား။
ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီက ရွက္ဖီးလ္ယူႏိုက္တက္ကေန ဟန္ဒါဆင္ ျပန္လည္ ေရာက္ရွိလာတဲ့ေနာက္မွာ အရံဂိုးသမားေနရာမွာေတာင္ ေနရာမရေတာ့ပဲ ဆိုးလ္ရွားရဲ႕ လ်စ္လ်ဴရႈျခင္းကို ခံခဲ့ရပါတယ္။ ႐ိုမဲ႐ိုးဟာ ၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီက သူကစားခြင့္ရတဲ့ ဖလားျပိဳင္ပြဲေတြရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္ သုံးပြဲလုံးမွာ ပါဝင္ကစားခြင့္ မရရွိခဲ့ဘဲ ဆိုလ္ရွားက ဒီဂီယာနဲ႕ အစားထိုးခဲ့သလို ေအာင္ျမင္မႈလည္းမရရွိခဲ့ပါဘူး။ ဒီႏွစ္ ေဘာလုံးရာသီမွေတာ့ အသင္းအတြက္ တစ္ပြဲမွ ပါဝင္ကစားခြင့္ မရရွိခဲ့ပါဘူး။
ယူႏိုက္တက္ကေန ထြက္ခြာရမယ့္ ေနာက္ထပ္ ကစားသမားေတြကေတာ့ အသက္ ၂၄ ႏွစ္ရွိၿပီျဖစ္တဲ့ ဂိုးသမား ဂ်ိဳးလ္ပါရဲရား ျဖစ္ၿပီး သူဟာ ဟက္ဒါလ္စ္ဖီးလ္သို႔ အငွားထြက္ကစားခဲ့ေပမယ့္ ခ်န္ပီယံရွစ္ပြဲစဥ္ ႏွစ္ပြဲသာ ကစားခဲ့ရပါတယ္။ အကယ္ဒမီကစားသမားေတြထဲကလည္း မက္ေတလာ၊ထရာအိုေရး၊ ဂ်က္ေကာ့ ကာေနး၊ မက္ဟမ္း၊ Iestyn Hughes၊ Arnau Puigmal တို႔ကို သက္တမ္းတိုးအစီအစဥ္ထဲမွ မပါဝင္ေတာ့ဘဲ အသင္းက ထြက္ခြာခြင့္ ေပးသြားေတာ့မယ္လို႕ ေဖာ္ျပထားပါတယ္။