၅ ႏွစ္အတြင္း ဘာစီလုိနာ၏ အေျပာင္းအေရႊ႕အသံုးစရိတ္ ယူရို တစ္ဘီလီယံေက်ာ္သြားခဲ့

ဘာစီလိုနာအသင္းဟာ အက္သလက္တီကိုတုိက္စစ္မွဴး ဂေရ႕ဇ္မန္းကို ေခၚယူခဲ့ၿပီးေနာက္မွာ ငါးႏွစ္အတြင္း သံုးစြဲခဲ့တဲ့ အေျပာင္းအေရႊ႕စရိတ္ ယူရို တစ္ဘီလ်ံျပည့္သြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ျပင္သစ္တုိက္စစ္မွဴးဂေရ႕ဇ္မန္းကို ယူရို သန္း 120 နဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီေျပာင္းေရႊ႕ေၾကးေၾကာင့္ 5 ႏွစ္အတြင္း သံုးစြဲခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးစရိတ္ဟာ ယူရို တစ္ဘီလ်ံျပည့္ ေျမာက္ခဲ့တာျဖစ္ၿပီး 5 ႏွစ္တာကာလအတြင္း အသံုးစရိတ္အမ်ားဆံုးသံုးစြဲခဲ့တဲ့ အသင္းျဖစ္လာခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ အခုေႏြရာသီေစ်းကြက္ကာလအတြင္း ေအဂ်က္ဇ္မွ ဖရန္ကီဒီေဂ်ာင္နဲ႔အတူ ဂေရ႕ဇ္မန္းကို ေခၚယူခဲ့သလုိ လြန္ခဲ့တဲ့ 5 ႏွစ္အတြင္း ေကာ္တင္ဟုိ၊ ဒမ္ဘီလီ၊ မယ္ကြန္၊ ဆြာရက္ဇ္တို႔ကို ေခၚယူခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္း အသံုးစရိတ္ဟာ ယူရို တစ္ဘီလီယံအျဖစ္လာခဲ့တာပါ။

လြန္ခဲ့တဲ့ 5 ႏွစ္အတြင္း အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာ ေငြသံုးအမ်ားဆံုးအသင္းမွာ ဘာစီလုိနာက ယူရို 1.08 ဘီလ်ံနဲ႔ ထိပ္ဆံုးက ဦးေဆာင္ေနၿပီး ဒုတိယေနရာမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းက ယူရို 996 သန္းနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ တတိယေနရာမွာ မန္ယူအသင္းက ယူရိုသန္း 890 သုံးစြဲခဲ့တာျဖစ္ပါတယ္။

ဘာစီလုိနာရဲ႕ ၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ လြန္ခဲ့တဲ့ 5 ႏွစ္အတြင္း ေျပာင္းေရႊ႕ေၾကး ယူရို 755 သန္းသာ သံုးစြဲထားၿပီး အဆင့္ 8 ေနရာရပ္တည္ေနပါတယ္။ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြျဖစ္တဲ့ မန္စီးတီးနဲ႔ မန္ယူအသင္းတုိ႔ဟာ ယခု ေႏြေစ်းကြက္အတြင္း ကစားသမားသစ္ေတြ ထပ္မံေခၚယူခဲ့မယ္ဆုိရင္ေတာ့ ဘာစီလိုနာလိုပဲ အေျပာင္းအေရႊ႕စရိတ္ ယူရို တစ္ဘီလံယံကိုေက်ာ္ျဖတ္သြားဖြယ္ရိွေနပါတယ္။

ဘာစီလိုနာအသင္းဟာ လြန္ခဲ့တဲ့ 5 ႏွစ္အတြင္း ေျပာင္းေရႊ႕ေၾကး ယူရို တစ္ဘီလီယံကို သံုးစြဲခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ တစ္ႀကိမ္သာဗိုလ္စြဲခဲ့တာေၾကာင့္ ရီးရဲလ္ပရိသတ္ေတြကို ေလွာင္ေျပာင္မႈေတြ ျပဳလုပ္ေနၾကၿပီး ဘာစီလုိနာအေနနဲ႔ ရီးရဲလ္မက္ဒရစ္လုိ ခ်န္ပီယံလိဂ္ 13 ႀကိမ္ဗိုလ္စြဲႏုိင္ဖို႔ဆိုရင္ ေနာက္ထပ္ ယူရို 8 ဘီလ်ံေလာက္သံုးစြဲရဖြယ္ရိွေနတယ္လုိ႔ ေလွာင္ေျပာင္ေနၾကတာျဖစ္ပါတယ္။

5 ႏွစ္အတြင္း ဥေရာပထိပ္တန္းအသင္းမ်ား၏ အေျပာင္းအေရႊ႕အသံုးစရိတ္မ်ား
1) ဘာစီလိုနာ ( ယူရို 1.8 ဘီလ်ံ)
2) မန္စီးတီး (ယူရို 996 သန္း)
3) မန္ယူ (ယူရို 890 သန္း)
4) ခ်ဲလ္ဆီး ( ယူရို 875 သန္း)
5) ဂ်ဴဗင္တပ္ (ယူရို 868 သန္း)
6) အက္သလက္တီကို (ယူရို 800 သန္း)
7) ပီအက္စ္ဂ်ီ (ယူရို 773 သန္း)
8) ရီးရဲလ္မက္ဒရစ္ ( ယူရို 755 သန္း)
9) လီဗာပူး (ယူရို 714 သန္း)
10) ရိုးမား (ယူရို 586 သန္း)

[Unicode]

၅ နှစ်အတွင်း ဘာစီလိုနာ၏ အပြောင်းအရွှေ့အသုံးစရိတ် ယူရို တစ်ဘီလီယံကျော်သွားခဲ့
=====================================

ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး ဂရေ့ဇ်မန်းကို ခေါ်ယူခဲ့ပြီးနောက်မှာ ငါးနှစ်အတွင်း သုံးစွဲခဲ့တဲ့ အပြောင်းအရွှေ့စရိတ် ယူရို တစ်ဘီလျံပြည့်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြင်သစ်တိုက်စစ်မှူးဂရေ့ဇ်မန်းကို ယူရို သန်း 120 နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီပြောင်းရွှေ့ကြေးကြောင့် 5 နှစ်အတွင်း သုံးစွဲခဲ့တဲ့ ပြောင်းရွှေ့ကြေးစရိတ်ဟာ ယူရို တစ်ဘီလျံပြည့် မြောက်ခဲ့တာဖြစ်ပြီး 5 နှစ်တာကာလအတွင်း အသုံးစရိတ်အများဆုံးသုံးစွဲခဲ့တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနွေရာသီဈေးကွက်ကာလအတွင်း အေဂျက်ဇ်မှ ဖရန်ကီဒီဂျောင်နဲ့အတူ ဂရေ့ဇ်မန်းကို ခေါ်ယူခဲ့သလို လွန်ခဲ့တဲ့ 5 နှစ်အတွင်း ကော်တင်ဟို၊ ဒမ်ဘီလီ၊ မယ်ကွန်၊ ဆွာရက်ဇ်တို့ကို ခေါ်ယူခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်အတွင်း အသုံးစရိတ်ဟာ ယူရို တစ်ဘီလီယံအဖြစ်လာခဲ့တာပါ။

လွန်ခဲ့တဲ့ 5 နှစ်အတွင်း အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ငွေသုံးအများဆုံးအသင်းမှာ ဘာစီလိုနာက ယူရို 1.8 ဘီလျံနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး ဒုတိယနေရာမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းက ယူရို 996 သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ တတိယနေရာမှာ မန်ယူအသင်းက ယူရိုသန်း 890 သုံးစွဲခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကတော့ လွန်ခဲ့တဲ့ 5 နှစ်အတွင်း ပြောင်းရွှေ့ကြေး ယူရို 755 သန်းသာ သုံးစွဲထားပြီး အဆင့် 8 နေရာရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူအသင်းတို့ဟာ ယခု နွေဈေးကွက်အတွင်း ကစားသမားသစ်တွေ ထပ်မံခေါ်ယူခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာလိုပဲ အပြောင်းအရွှေ့စရိတ် ယူရို တစ်ဘီလံယံကိုကျော်ဖြတ်သွားဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ 5 နှစ်အတွင်း ပြောင်းရွှေ့ကြေး ယူရို တစ်ဘီလီယံကို သုံးစွဲခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ တစ်ကြိမ်သာဗိုလ်စွဲခဲ့တာကြောင့် ရီးရဲလ်ပရိသတ်တွေကို လှောင်ပြောင်မှုတွေ ပြုလုပ်နေကြပြီး ဘာစီလိုနာအနေနဲ့ ရီးရဲလ်မက်ဒရစ်လို ချန်ပီယံလိဂ် 13 ကြိမ်ဗိုလ်စွဲနိုင်ဖို့ဆိုရင် နောက်ထပ် ယူရို 8 ဘီလျံလောက်သုံးစွဲရဖွယ်ရှိနေတယ်လို့ လှောင်ပြောင်နေကြတာဖြစ်ပါတယ်။

5 နှစ်အတွင်း ဥရောပထိပ်တန်းအသင်းများ၏ အပြောင်းအရွှေ့အသုံးစရိတ်များ
1) ဘာစီလိုနာ ( ယူရို 1.8 ဘီလျံ)
2) မန်စီးတီး (ယူရို 996 သန်း)
3) မန်ယူ (ယူရို 890 သန်း)
4) ချဲလ်ဆီး ( ယူရို 875 သန်း)
5) ဂျူဗင်တပ် (ယူရို 868 သန်း)
6) အက်သလက်တီကို (ယူရို 800 သန်း)
7) ပီအက်စ်ဂျီ (ယူရို 773 သန်း)
8) ရီးရဲလ်မက်ဒရစ် ( ယူရို 755 သန်း)
9) လီဗာပူး (ယူရို 714 သန်း)
10) ရိုးမား (ယူရို 586 သန်း)