(၅) ကြိမ်မြောက်ကစားရမယ့် ဆီမီးဖိုင်နယ်မှာ ဆိုးလ်ရှား ရလဒ်ကောင်းရယူနိုင်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့မနက်အစောပိုင်းက ဂရန်နာဒါအသင်းနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်(၄-ဝ)ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။

ယူနိုက်တက်အသင်းကို ဆိုးလ်ရှား ကိုင်တွယ်တဲ့ကာလအတွင်း ပြိုင်ပွဲစုံမှာ ဆီမီးဖိုင်နယ်အဆင့်ကို (၅)ကြိမ်တက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့(၄)ကြိမ်စလုံး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီး၊ FA ဖလား ဆီမီးဖိုင်နယ်မှာ ချယ်လ်ဆီး၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဆီဗီလာတို့ကို ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာတော့ လိဂ်ဖလားဆီမီးဖိုင်နယ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲအဖြစ် စီးရီးအေနာမည်ကျော်ကလပ်ဖြစ်တဲ့ ရိုးမားအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဆိုးလ်ရှားဟာ ရိုးမားအသင်းကို ကျော်ဖြတ်ပြီး နည်းပြဘဝပထမဆုံးဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဆိုးလ်ရှားကတော့ အသင်းက ကစားသမားတွေဟာ ပြီးခဲ့တဲ့ဆီမီးဖိုင်နယ်ရှုံးပွဲတွေကြောင့် အခုတစ်ကြိမ်မှာ နိုင်ပွဲရယူလိုစိတ်ပြင်းထန်နေကြလိမ့်မယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဂရန်နာဒါနဲ့ပွဲအပြီးမှာ သတင်းထောက်တွေက ယူနိုက်တက်အသင်း ဆီမီးဖိုင်နယ်ကြမ္မာဆိုးကို ချေဖျက်နိုင်မလားလို့ မေးမြန်းခဲ့တော့ ဆိုးလ်ရှားက “အဲဒီလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာရင် ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ပွဲတွေတုန်းက အသင်းကောင်းတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူတို့ကို ကျော်ဖြတ်ပြီး ကျွန်တော်တို့ဟာ ဗိုလ်လုပွဲတက်ရောက်နိုင်မယ့်အခွင့်အရေးကောင်းကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။

အသင်းက ကစားသမားတွေဟာလည်း ဗိုလ်လုပွဲအဆင့်တက်ရောက်နိုင်ဖို့ စိတ်အားထက်သန်နေကြတာပါ။

ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ရှုံးပွဲတွေက အခုယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်တက်ရောက်ဖို့ ရည်မှန်းချက်အတွက် တွန်းအားဖြစ်စေပြီး ဒီရာသီကို အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဆိုပြီးဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ရိုးမားအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း(၆)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ယူနိုက်တက်အသင်းက (၄)ပွဲနိုင်၊ ရိုးမားအသင်းက (၁)ပွဲနိုင်နဲ့ (၁)ပွဲသရေကျခဲ့ပါတယ်။ ဒီနှစ်သင်းဆုံတွေ့ခဲ့တဲ့ပွဲတွေမှာ အထင်ရှားဆုံးကတော့ ၂၀၀၆-၀၇ ရာသီ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ (၇-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကစားသမားဘဝတုန်းက အဲဒီပွဲစဉ်နှစ်ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပြီး ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။

ရိုးမားအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ မစ်ခီတာရီယန်၊ စမောလင်းတို့ကတော့ အသင်းဟောင်းနဲ့ပြန်ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ရိုးမားအသင်းတို့ဟာ ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် အခုဧပြီလ(၂၉)ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ မေလ(၆)ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၅) ႀကိမ္ေျမာက္ကစားရမယ့္ ဆီမီးဖိုင္နယ္မွာ ဆိုးလ္ရွား ရလဒ္ေကာင္းရယူႏိုင္မလား

ဒီေန႔မနက္အေစာပိုင္းက ဂရန္နာဒါအသင္းနဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ဒုတိယအေက်ာ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္(၄-ဝ)ဂိုးနဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ပါၿပီ။ ယူႏိုက္တက္အသင္းကို ဆိုးလ္ရွား ကိုင္တြယ္တဲ့ကာလအတြင္း ၿပိဳင္ပြဲစုံမွာ ဆီမီးဖိုင္နယ္အဆင့္ကို (၅)ႀကိမ္တက္ေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့(၄)ႀကိမ္စလုံး ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ရာသီက လိဂ္ဖလားဆီမီးဖိုင္နယ္မွာ မန္စီးတီး၊ FA ဖလား ဆီမီးဖိုင္နယ္မွာ ခ်ယ္လ္ဆီး၊ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ဆီဗီလာတို႔ကို ရႈံးနိမ့္ခဲ့ၿပီး ဒီရာသီမွာေတာ့ လိဂ္ဖလားဆီမီးဖိုင္နယ္မွာ မန္စီးတီးကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ပြဲအျဖစ္ စီးရီးေအနာမည္ေက်ာ္ကလပ္ျဖစ္တဲ့ ႐ိုးမားအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ဆိုးလ္ရွားဟာ ႐ိုးမားအသင္းကို ေက်ာ္ျဖတ္ၿပီး နည္းျပဘဝပထမဆုံးဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။

ဆိုးလ္ရွားကေတာ့ အသင္းက ကစားသမားေတြဟာ ၿပီးခဲ့တဲ့ဆီမီးဖိုင္နယ္ရႈံးပြဲေတြေၾကာင့္ အခုတစ္ႀကိမ္မွာ ႏိုင္ပြဲရယူလိုစိတ္ျပင္းထန္ေနၾကလိမ့္မယ္လို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။ ဂရန္နာဒါနဲ႔ပြဲအၿပီးမွာ သတင္းေထာက္ေတြက ယူႏိုက္တက္အသင္း ဆီမီးဖိုင္နယ္ၾကမၼာဆိုးကို ေခ်ဖ်က္ႏိုင္မလားလို႔ ေမးျမန္းခဲ့ေတာ့ ဆိုးလ္ရွားက “အဲဒီလိုျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္။ ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္လာရင္ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြနဲ႔ရင္ဆိုင္ရမယ္ဆိုတာ အေသအခ်ာပါပဲ။ ၿပီးခဲ့တဲ့ပြဲေတြတုန္းက အသင္းေကာင္းတခ်ိဳ႕နဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ သူတို႔ကို ေက်ာ္ျဖတ္ၿပီး ကြၽန္ေတာ္တို႔ဟာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္မယ့္အခြင့္အေရးေကာင္းကို ဆက္လက္ဆုပ္ကိုင္ထားႏိုင္ဆဲျဖစ္ပါတယ္။ အသင္းက ကစားသမားေတြဟာလည္း ဗိုလ္လုပြဲအဆင့္တက္ေရာက္ႏိုင္ဖို႔ စိတ္အားထက္သန္ေနၾကတာပါ။ ၿပီးခဲ့တဲ့ ဆီမီးဖိုင္နယ္ရႈံးပြဲေတြက အခုယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္တက္ေရာက္ဖို႔ ရည္မွန္းခ်က္အတြက္ တြန္းအားျဖစ္ေစၿပီး ဒီရာသီကို ေအာင္ျမင္စြာနဲ႔ အဆုံးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”ဆိုၿပီးေျဖၾကားခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ ႐ိုးမားအသင္းတို႔ဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ စုစုေပါင္း(၆)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ယူႏိုက္တက္အသင္းက (၄)ပြဲႏိုင္၊ ႐ိုးမားအသင္းက (၁)ပြဲႏိုင္နဲ႔ (၁)ပြဲသေရက်ခဲ့ပါတယ္။ ဒီႏွစ္သင္းဆုံေတြ႕ခဲ့တဲ့ပြဲေတြမွာ အထင္ရွားဆုံးကေတာ့ ၂၀၀၆-၀၇ ရာသီ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္ျဖစ္ၿပီး ယူႏိုက္တက္အသင္းဟာ အေဝးကြင္းမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ (၇-၁)ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တာပါ။ ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္ကစားသမားဘဝတုန္းက အဲဒီပြဲစဥ္ႏွစ္ပြဲစလုံးမွာ ပါဝင္ကစားခဲ့ၿပီး ဂိုးဖန္တီးမႈေတြျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ႐ိုးမားအသင္းရဲ႕ ကစားသမားေတြျဖစ္တဲ့ မစ္ခီတာရီယန္၊ စေမာလင္းတို႔ကေတာ့ အသင္းေဟာင္းနဲ႔ျပန္ရင္ဆိုင္ရေတာ့မွာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔႐ိုးမားအသင္းတို႔ဟာ ဆီမီးဖိုင္နယ္ပထမအေက်ာ့အျဖစ္ အခုဧၿပီလ(၂၉)ရက္မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ကိုေတာ့ ေမလ(၆)ရက္မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။