၅၅ နှစ်အတွင်း ဂျာမနီကို ငိုကြွေးစေနိုင်ခဲ့တဲ့ ပွဲကထူးခြားချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့က ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဂျာမနီအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒါဟာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပြိုင်ပွဲကြီးတစ်ခုရဲ့ ရှုံးထွက်ပွဲစဉ်တစ်ခုမှာ အင်္ဂလန်အနေနဲ့ ဂျာမနီအသင်းကို ပထမဆုံးပြန်လည်အနိုင်ရခဲ့တာကြောင့် ၅၅ နှစ်အတွင်း ပထမဆုံးနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ယမန်နေ့က ကစားခဲ့တဲ့ ဂျာမနီနဲ့ ပွဲစဉ်မှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းလာရောက်အားပေးခဲ့သလို၊ ဗြိတိန်တော်ဝင်မင်းသား ဝီလျံကလည်း အင်္ဂလန်အသင်းဂိုးသွင်းပြီးချိန်မှာ အောင်ပွဲခံပျော်ရွှင်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မနေ့က ပွဲစဉ်ဟာ အင်္ဂလန်အသင်းအတွက် ဝင်ဘာလေကွင်းတွင်ယှဉ်ပြိုင်ကစားတဲ့ ပွဲ (၃၀၀)မြောက် နိုင်ငံ တကာပွဲစဉ်ဖြစ်ခဲ့ပြီး (၁၈၈)ပွဲနိုင်၊ (၇၃)ပွဲသရေ၊ (၃၉)ပွဲရှုံးရလဒ်ကိုရရှိထားပါတယ်။

ဂျာမနီအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ စတာလင်ဟာ ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းရရှိတဲ့ အဖွင့်ဂိုး (၃)ဂိုးဆက်သွင်းယူပေးခဲ့ခြင်းဖြစ်ခဲ့ပြီး

ဂယ်ရီလိုင်နီကာ (၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ)အပြီး ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲများတွင် သူ့လိုစွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက်အင်္ဂလန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ လက်ရှိအချိန်ထိ ပေးဂိုးမရှိသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး၁၉၆၆ ခုနှစ်က ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့စဉ်မှာလည်း ယခုလိုပဲ အဖွင့်လေးပွဲဆက် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းဟာ ကစားသမားဘဝတွင် ပထမဆုံးယူရိုသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး သူ့ရဲ့ မေဂျာပြိုင်ပွဲ (ကမ္ဘာ့ဖလားနှင့် ယူရို) သွင်းဂိုးမှာ (၇) ဂိုး (ကမ္ဘာ့ဖလား- ၆ ဂိုး၊ ယူရို-၁ ဂိုး)အထိရှိလာခဲ့ပါတယ်။

ဟာရီကိန်းဟာ နည်းပြဆောက်ဂိတ်လက်အောက်တွင် အင်္ဂလန်အသင်းအတွက် ပြိုင်ပွဲစုံနိုင်ငံတကာသွင်းဂိုး (၃၀)ဂိုးအထိရှိလာခဲ့ပြီး

နည်းပြဆာဘော်ဘီရော့ဘ်ဆင်လက်အောက်တွင် နိုင်ငံတကာသွင်းဂိုး (၃၅) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂယ်ရီလိုင်နီကာအပြီး အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် နည်းပြတစ်ဦးလက်အောက်တွင် ဒုတိယမြောက်ဂိုးအများဆုံးသွင်းသူဖြစ်လာခဲ့ပါတယ်။

ပစ်ဖို့ဒ်ကတော့ ယူရို ၂၀၂၀ မှာ ဂိုးမပေးရသေးတဲ့ တစ်ဦးတည်းသော ဂိုးသမားပါ။

၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ဗိုလ်စွဲနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ဂျာမနီကို အနိုင်ရခဲ့တာပါ။

ဒီတစ်ကြိမ်မှာလည်း အင်္ဂလန်အသင်းအနေနဲ့ ဗိုလ်စွဲနိုင်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၅၅ ႏွစ္အတြင္း ဂ်ာမနီကို ငိုေႂကြးေစႏိုင္ခဲ့တဲ့ ပြဲကထူးျခားခ်က္မ်ား

ယမန္ေန႔က ကစားခဲ့တဲ့ ယူ႐ိုၿပိဳင္ပြဲရဲ႕ ရႈံးထြက္အဆင့္ပြဲစဥ္မွာ အဂၤလန္အသင္းက ဂ်ာမနီအသင္းကို အႏိုင္ယူၿပီး ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အဲဒါဟာ ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း ၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ရႈံးထြက္ပြဲစဥ္တစ္ခုမွာ အဂၤလန္အေနနဲ႔ ဂ်ာမနီအသင္းကို ပထမဆုံးျပန္လည္အႏိုင္ရခဲ့တာေၾကာင့္ ၅၅ ႏွစ္အတြင္း ပထမဆုံးႏိုင္ပြဲလည္း ျဖစ္ခဲ့ပါတယ္။

ယမန္ေန႔က ကစားခဲ့တဲ့ ဂ်ာမနီနဲ႔ ပြဲစဥ္မွာေတာ့ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းလာေရာက္အားေပးခဲ့သလို၊ ၿဗိတိန္ေတာ္ဝင္မင္းသား ဝီလ်ံကလည္း အဂၤလန္အသင္းဂိုးသြင္းၿပီးခ်ိန္မွာ ေအာင္ပြဲခံေပ်ာ္႐ႊင္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ မ​ေန႔က ပြဲစဥ္ဟာ အဂၤလန္အသင္းအတြက္ ဝင္ဘာေလကြင္းတြင္ယွဥ္ၿပိဳင္ကစားတဲ့ ပြဲ (၃၀၀)ေျမာက္ ႏိုင္ငံ တကာပြဲစဥ္ျဖစ္ခဲ့ၿပီး (၁၈၈)ပြဲႏိုင္၊ (၇၃)ပြဲသေရ၊ (၃၉)ပြဲရႈံးရလဒ္ကိုရရွိထားပါတယ္။

ဂ်ာမနီအသင္းဘက္ကို အဖြင့္ဂိုးသြင္းယူခဲ့တဲ့ စတာလင္ဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲတြင္ အဂၤလန္အသင္းရရွိတဲ့ အဖြင့္ဂိုး (၃)ဂိုးဆက္သြင္းယူေပးခဲ့ျခင္းျဖစ္ခဲ့ၿပီး ဂယ္ရီလိုင္နီကာ (၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲ)အၿပီး ကမာၻ႔ဖလားႏွင့္ ယူ႐ိုၿပိဳင္ပြဲမ်ားတြင္ သူ႔လိုစြမ္းေဆာင္ႏိုင္တဲ့ ဒုတိယေျမာက္အဂၤလန္ကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ လက္ရွိအခ်ိန္ထိ ေပးဂိုးမရွိေသးတဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနၿပီး၁၉၆၆ ခုႏွစ္က ကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့စဥ္မွာလည္း ယခုလိုပဲ အဖြင့္ေလးပြဲဆက္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းဟာ ကစားသမားဘဝတြင္ ပထမဆုံးယူ႐ိုသြင္းဂိုးကိုသြင္းယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး သူ႔ရဲ႕ ေမဂ်ာၿပိဳင္ပြဲ (ကမာၻ႔ဖလားႏွင့္ ယူ႐ို) သြင္းဂိုးမွာ (၇) ဂိုး (ကမာၻ႔ဖလား- ၆ ဂိုး၊ ယူ႐ို-၁ ဂိုး)အထိရွိလာခဲ့ပါတယ္။

ဟာရီကိန္းဟာ နည္းျပေဆာက္ဂိတ္လက္ေအာက္တြင္ အဂၤလန္အသင္းအတြက္ ၿပိဳင္ပြဲစုံႏိုင္ငံတကာသြင္းဂိုး (၃၀)ဂိုးအထိရွိလာခဲ့ၿပီး နည္းျပဆာေဘာ္ဘီေရာ့ဘ္ဆင္လက္ေအာက္တြင္ ႏိုင္ငံတကာသြင္းဂိုး (၃၅) ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ဂယ္ရီလိုင္နီကာအၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းသမိုင္းတစ္ေလွ်ာက္ နည္းျပတစ္ဦးလက္ေအာက္တြင္ ဒုတိယေျမာက္ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာခဲ့ပါတယ္။ ပစ္ဖို႔ဒ္က​​ေတာ့ ယူ႐ို ၂၀၂၀ မွာ ဂိုးမ​ေပးရ​ေသးတဲ့ တစ္ဦးတည္း​ေသာ ဂိုးသမားပါ။

၁၉၆၆ ခုႏွစ္ ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ အဂၤလန္အသင္းဟာ ဗိုလ္စြဲႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲမွာေတာ့ ဂ်ာမနီကို အႏိုင္ရခဲ့တာပါ။ ဒီတစ္ႀကိမ္မွာလည္း အဂၤလန္အသင္းအေနနဲ႔ ဗိုလ္စြဲႏိုင္လိမ့္မယ္လို႔ ထင္ေၾကးေပးမႈေတြ ျပန္လည္ျမင့္တက္လာခဲ့ပါတယ္။