
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယမန်နေ့ညက ယူရို၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့
ဂျာမနီအသင်းတို့ဟာ အင်္ဂလန်နိုင်ငံ ၊ ဝင်ဘာလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အိမ်ရှင်ဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဂျာမနီအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ် အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၇၅မိနစ်မှာ လုခ်ရှောရဲ့ ပေးပို့မှုကနေ စတာလင်း ၊ ပွဲကစားချိန် ၈၆မိနစ်မှာ ဂရီးလစ်ချ်ရဲ့ ပေးပို့မှုကနေ ဟယ်ရီကိန်းတို့က အသီးသီး သွင်းယူခဲ့ပါတယ်။
အင်္ဂလန်အသင်းနိုင်ချိန်မှာ ဖာဒီနန်က နည်းပြ ဆောက်ဂိတ်ဟာ သူ့ကို မယုံကြည်ကြ၊ ဝေဖန်ကြသူတွေကို နှုတ်ပိတ်နိုင်လိုက်ပြီ လို့ စကားကြွယ်ထားပါတယ်။
”အခုပွဲမှာ ကျွန်တော်သိပ်သဘောကျတာကတော့ ဆောက်ဂိတ်က လူစားလဲမှု ကောင်းတွေ လုပ်ခဲ့တယ်။
ဂျက် ဂရီးလစ်ချ်က ဝင်လာတာနဲ့ ကစားပုံ ပိုတက်လာခဲ့ပြီး သူက ဒုတိယဂိုးမှာလည်း ဝင် ကူညီခဲ့တယ်။”
“အသင်းသားတွေက မန်နေဂျာ အတွက် သေချာကို ကစားနေတယ် ဆိုတာ မြင်ရုံနဲ့ ပြောနိုင်တယ်။
နည်းပြဆောက်ဂိတ်ကတော့ ဝေဖန်မှုတွေကို လုံး၀ အသံတိတ်စေပြီး၊ ဖောက်ထွက်နိုင်ခဲ့တာ။ ” လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။
နည်းပြဆောက်ဂိတ်ကတော့“ကျွန်တော်တို့က တစ်နိုင်ငံလုံးကို ပျော်ရွှင်အောင် လုပ်နိုင်ခဲ့ပါတယ်။
ကစားသမားတွေ ၊ အသင်းရဲ့ ကစားပုံ ၊ ပရိသတ်တွေရဲ့ အားပေးမှု အားလုံးက ကြီးကျယ် ခမ်းနားလွန်းပါတယ်။
ဝင်ဘာလေကွင်းရဲ့ အသက်ဝင်မှု ကတော့ အရင်လိုပဲလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားထားပါတယ်။
ဂျာမနီအသင်းကို အနိုင်ရခဲ့ပြီးနောက် အင်္ဂလန်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဆွီဒင်အသင်းကို အနိုင်ယူလာတဲ့ ယူကရိန်းအသင်းနဲ့ ကစားရမှာ ဖြစ်သလို
တကယ်လို့ ယူကရိန်းအသင်းကို အနိုင်ယူနိုင်ခဲ့ပါက ဆီမီးဖိုင်နယ်အဆင့်မှာ ချက်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အနိုင်ရလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
၅၅ ႏွစ္ၾကာ အစိုင္အခဲကို အဂၤလန္အစာေၾကခ်ိန္ စကားႂကြယ္တဲ့ ဖာဒီနန္
ယမန္ေန႔ညက ယူ႐ို၂၀၂၀ၿပိဳင္ပြဲ ၁၆သင္းအဆင့္ ရႈံးထြက္ပြဲစဥ္အျဖစ္ အစဥ္အလာ ၿပိဳင္ဘက္ေတြ ျဖစ္တဲ့ အဂၤလန္အသင္းနဲ႔ ဂ်ာမနီအသင္းတို႔ဟာ အဂၤလန္ႏိုင္ငံ ၊ ဝင္ဘာေလကြင္းထဲမွာ ယွဥ္ၿပိဳင္ ကစားခဲ့ၾကၿပီး အိမ္ရွင္ျဖစ္တဲ့ အဂၤလန္အသင္းဟာ ၂-၀ ဆိုတဲ့ ရလဒ္နဲ႔ ဂ်ာမနီအသင္းကို အႏိုင္ရရွိကာ ကြာတားဖိုင္နယ္ အဆင့္ဆီ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
အဲဒီပြဲစဥ္မွာ အဂၤလန္အသင္း အတြက္ အႏိုင္ဂိုးေတြကို ပြဲကစားခ်ိန္ ၇၅မိနစ္မွာ လုခ္ေရွာရဲ႕ ေပးပို႔မႈကေန စတာလင္း ၊ ပြဲကစားခ်ိန္ ၈၆မိနစ္မွာ ဂရီးလစ္ခ်္ရဲ႕ ေပးပို႔မႈကေန ဟယ္ရီကိန္းတို႔က အသီးသီး သြင္းယူခဲ့ပါတယ္။ အဂၤလန္အသင္းႏိုင္ခ်ိန္မွာ ဖာဒီနန္က နည္းျပ ေဆာက္ဂိတ္ဟာ သူ႔ကို မယုံၾကည္ၾက၊ ေဝဖန္ၾကသူေတြကို ႏႈတ္ပိတ္ႏိုင္လိုက္ၿပီ လို႔ စကားႂကြယ္ထားပါတယ္။
”အခုပြဲမွာ ကြၽန္ေတာ္သိပ္သေဘာက်တာကေတာ့ ေဆာက္ဂိတ္က လူစားလဲမႈ ေကာင္းေတြ လုပ္ခဲ့တယ္။ ဂ်က္ ဂရီးလစ္ခ်္က ဝင္လာတာနဲ႔ ကစားပုံ ပိုတက္လာခဲ့ၿပီး သူက ဒုတိယဂိုးမွာလည္း ဝင္ ကူညီခဲ့တယ္။ အသင္းသားေတြက မန္ေနဂ်ာ အတြက္ ေသခ်ာကို ကစားေနတယ္ ဆိုတာ ျမင္႐ုံနဲ႔ ေျပာႏိုင္တယ္။နည္းျပေဆာက္ဂိတ္ကေတာ့ ေဝဖန္မႈေတြကို လုံး၀ အသံတိတ္ေစၿပီး၊ ေဖာက္ထြက္ႏိုင္ခဲ့တာ။ ” လို႔ ဖာဒီနန္က ေျပာဆိုခဲ့ပါတယ္။
နည္းျပေဆာက္ဂိတ္ကေတာ့“ကြၽန္ေတာ္တို႔က တစ္ႏိုင္ငံလုံးကို ေပ်ာ္႐ႊင္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ကစားသမားေတြ ၊ အသင္းရဲ႕ ကစားပုံ ၊ ပရိသတ္ေတြရဲ႕ အားေပးမႈ အားလုံးက ႀကီးက်ယ္ ခမ္းနားလြန္းပါတယ္။ ဝင္ဘာေလကြင္းရဲ႕ အသက္ဝင္မႈ ကေတာ့ အရင္လိုပဲလို႔ ထင္ပါတယ္” ဆိုၿပီး ေျပာၾကားထားပါတယ္။
ဂ်ာမနီအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ အဂၤလန္အသင္းဟာ ကြာတားဖိုင္နယ္အဆင့္မွာ ဆြီဒင္အသင္းကို အႏိုင္ယူလာတဲ့ ယူကရိန္းအသင္းနဲ႔ ကစားရမွာ ျဖစ္သလို တကယ္လို႔ ယူကရိန္းအသင္းကို အႏိုင္ယူႏိုင္ခဲ့ပါက ဆီမီးဖိုင္နယ္အဆင့္မွာ ခ်က္အသင္းနဲ႔ ဒိန္းမတ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ အႏိုင္ရလာတဲ့ အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရဖို႔ ရွိပါတယ္။