(၅၅)နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီးအဆင့် ဆီမီးဖိုင်နယ်(၅)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့ဖူးတဲ့ အင်္ဂလန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲအဖြစ်

ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒိန်းမတ်အသင်းကို ကျော်ဖြတ်ဖို့ ကြိုးစားရမယ့်အပြင်

သမိုင်းကြောင်းအရ ကြမ္မာဆိုးမှတ်တမ်းတစ်ခုကိုလည်း ရပ်တန့်နိုင်အောင် ကြိုးစားရမှာပါ။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့တုန်းက ကွာတားဖိုင်နယ်ပွဲအဖြစ် ယူကရိန်းအသင်းကို (၄)ဂိုးပြတ်အနိုင်ရခဲ့ပြီး

၁၉၉၆ ခုနှစ်နောက်ပိုင်း (၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အင်္ဂလန်အသင်းဟာ ခြေစွမ်းအရရော၊

အိမ်ရှင်အားသာချက်ပါရှိနေပေမယ့် သူတိုရဲ့ သမိုင်းကြောင်းအစဉ်အလာဆိုးတစ်ခုက အခုအချိန်အထိ ခြောက်လှန့်နေဆဲပါပဲ။

အဲဒါကတော့ အင်္ဂလန်အသင်းဟာ ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ်အဆင့်ကို တစ်ခါမှမကျော်ဖြတ်နိုင်ခဲ့တဲ့မှတ်တမ်းပဲဖြစ်ပါတယ်။

အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆီမီးဖိုင်နယ်မှာ ပေါ်တူဂီအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူခဲ့သလို

ဗိုလ်လုပွဲမှာလည်း ဂျာမနီအသင်းကို (၄-၂)ဂိုးနဲ့အနိုင်ယူပြီး ကမ္ဘာ့ဖလားချန်ပီယံဆု ကိုင်မြှောက်ခွင့်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်အဆင့်ကို တစ်ခါမှမကျော်ဖြတ်နိုင်တော့ဘဲ

ယူရို-၁၉၆၈ ပြိုင်ပွဲမှာ ယူဂိုဆလားဗီးယား၊ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနောက်ဂျာမနီ၊ ယူရို-၁၉၉၆ မှာ ဂျာမနီနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားတို့ကို ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမဲ့ အင်္ဂလန်အသင်းအတွက် အားတက်စရာက အခုယူရိုပြိုင်ပွဲမှာ မှတ်တမ်းဆိုးတချို့ကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပြီး ဂျာမနီနဲ့ကစားခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတုန်းက (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့်

၁၉၆၆ ခုနှစ်နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီကို တစ်ခါမှမနိုင်ဖူးတဲ့မှတ်တမ်း၊

(၅၃)နှစ်အတွင်း အဓိကပြိုင်ပွဲကြီးတွေရဲ့ရှုံးထွက်အဆင့်မှာ ရလဒ်မကောင်းခဲ့တဲ့ မှတ်တမ်းဆိုးတွေကို ရပ်တန့်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့် လာမယ့်ဒိန်းမတ်နဲ့ပွဲမှာလည်း အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်ကျိန်စာဆိုးကို အဆုံးသတ်နိုင်မလား.. ဒါမှမဟုတ် ကြမ္မာဆိုးနဲ့ ထပ်ပြီးရင်ဆိုင်ရမလားဆိုတာကတော့ . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၅၅)ႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးအဆင့္ ဆီမီးဖိုင္နယ္(၅)ပြဲမွာ (၁)ပြဲသာအႏိုင္ရခဲ့ဖူးတဲ့ အဂၤလန္

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ အဂၤလန္အသင္းဟာ ဆီမီးဖိုင္နယ္ပြဲအျဖစ္ ဒိန္းမတ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ဒိန္းမတ္အသင္းကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားရမယ့္အျပင္ သမိုင္းေၾကာင္းအရ ၾကမၼာဆိုးမွတ္တမ္းတစ္ခုကိုလည္း ရပ္တန႔္ႏိုင္ေအာင္ ႀကိဳးစားရမွာပါ။

အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့စေနေန႔တုန္းက ကြာတားဖိုင္နယ္ပြဲအျဖစ္ ယူကရိန္းအသင္းကို (၄)ဂိုးျပတ္အႏိုင္ရခဲ့ၿပီး ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း (၂၅)ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ယူ႐ိုၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္နဲ႔ ဗိုလ္လုပြဲေတြကို ဝင္ဘေလကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္တာေၾကာင့္ အဂၤလန္အသင္းဟာ ေျခစြမ္းအရေရာ၊ အိမ္ရွင္အားသာခ်က္ပါရွိေနေပမယ့္ သူတိုရဲ႕ သမိုင္းေၾကာင္းအစဥ္အလာဆိုးတစ္ခုက အခုအခ်ိန္အထိ ေျခာက္လွန႔္ေနဆဲပါပဲ။ အဲဒါကေတာ့ အဂၤလန္အသင္းဟာ ၁၉၆၆ ကမာၻ႔ဖလားေနာက္ပိုင္း အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဆီမီးဖိုင္နယ္အဆင့္ကို တစ္ခါမွမေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့မွတ္တမ္းပဲျဖစ္ပါတယ္။

အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ ၁၉၆၆ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဆီမီးဖိုင္နယ္မွာ ေပၚတူဂီအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ယူခဲ့သလို ဗိုလ္လုပြဲမွာလည္း ဂ်ာမနီအသင္းကို (၄-၂)ဂိုးနဲ႔အႏိုင္ယူၿပီး ကမာၻ႔ဖလားခ်န္ပီယံဆု ကိုင္ေျမႇာက္ခြင့္ရရွိခဲ့ပါတယ္။

ဒါေပမဲ့ အဲဒီေနာက္ပိုင္းမွာေတာ့ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ အဂၤလန္အသင္း ဆီမီးဖိုင္နယ္အဆင့္ကို တစ္ခါမွမေက်ာ္ျဖတ္ႏိုင္ေတာ့ဘဲ ယူ႐ို-၁၉၆၈ ၿပိဳင္ပြဲမွာ ယူဂိုဆလားဗီးယား၊ ၁၉၉၀ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အေနာက္ဂ်ာမနီ၊ ယူ႐ို-၁၉၉၆ မွာ ဂ်ာမနီနဲ႔ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ခ႐ိုေအးရွားတို႔ကို ရႈံးနိမ့္ခဲ့တာပါ။

ဒါေပမဲ့ အဂၤလန္အသင္းအတြက္ အားတက္စရာက အခုယူ႐ိုၿပိဳင္ပြဲမွာ မွတ္တမ္းဆိုးတခ်ိဳ႕ကို ရပ္တန႔္ႏိုင္ခဲ့တာျဖစ္ၿပီး ဂ်ာမနီနဲ႔ကစားခဲ့တဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲတုန္းက (၂-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္

၁၉၆၆ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြရဲ႕ ရႈံးထြက္အဆင့္မွာ ဂ်ာမနီကို တစ္ခါမွမႏိုင္ဖူးတဲ့မွတ္တမ္း၊ (၅၃)ႏွစ္အတြင္း အဓိကၿပိဳင္ပြဲႀကီးေတြရဲ႕ရႈံးထြက္အဆင့္မွာ ရလဒ္မေကာင္းခဲ့တဲ့ မွတ္တမ္းဆိုးေတြကို ရပ္တန႔္ႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ လာမယ့္ဒိန္းမတ္နဲ႔ပြဲမွာလည္း အဂၤလန္အသင္း ဆီမီးဖိုင္နယ္က်ိန္စာဆိုးကို အဆုံးသတ္ႏိုင္မလား.. ဒါမွမဟုတ္ ၾကမၼာဆိုးနဲ႔ ထပ္ၿပီးရင္ဆိုင္ရမလားဆိုတာကေတာ့ . .