(၅၂)ရာသီအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် ရာသီအစ(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်နည်းပြကြီး အယ်လီဂရီတစ်ကျော့ပြန်ကိုင်တွယ်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီအစမှာ အဓိက,ကစားသမားစီရော်နယ်လ်ဒိုကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီးကတည်းက ရလဒ်တွေဆက်တိုက်ဆိုးရွားနေပြီး မနေ့က နာပိုလီနဲ့ကစားခဲ့တဲ့ပွဲမှာ (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

နာပိုလီကို ဂျူဗင်တပ်စ်အသင်းရှုံးနိမ့်ခဲ့ချိန်မှာ သူတို့ရဲ့ကစားသမားဟောင်း စီရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပွဲဦးထွက်မှာပဲ (၂)ဂိုးသွင်းယူခဲ့တာကြောင့် စီရော်နယ်လ်ဒိုရဲ့ အသင်းအပေါ်အကျိုးပြုနိုင်စွမ်းက ဘယ်လောက်အထိကြီးမားလဲဆိုတာ အထင်အရှားတွေ့မြင်ရမှာပါ။

နာပိုလီနဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးမိုရာတာက ပွဲအစ(၁၀)မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒါဟာ ၂၀၁၆၊ ဇန်နဝါရီလတုန်းက ချီယေဗိုနဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၆)မိနစ်မှာသွင်းယူခဲ့တဲ့ဂိုးနောက်ပိုင်း မိုရာတာအတွက် ဒုတိယမြောက်အမြန်ဆုံးစီးရီးအေသွင်းဂိုးဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စီးရီးအေဝါရင့်နည်းပြကြီးစပယ်လက်တီကိုင်တွယ်နေတဲ့ နာပိုလီအသင်းဟာ အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပြီး (၅၇)မိနစ်မှာ ပိုလီတာနို၊ (၈၅)မိနစ်မှာ ကူလီဘလီတို့က ချေပဂိုး၊ အနိုင်ဂိုးတွေသွင်းယူခဲ့တာကြောင့် နာပိုလီအသင်း ရာသီအစ(၃)ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အဲဒါကြောင့် စပယ်လက်တီဟာ နာပိုလီအသင်းနည်းပြသစ်တွေထဲမှာ စီးရီးအေရာသီအစ(၃)ပွဲဆက်နိုင်ပွဲရယူခဲ့တဲ့ ဒုတိယမြောက်နည်းပြအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး စပယ်လက်တီမတိုင်ခင်က နာမည်ကျော်နည်းပြဘင်နီတက်ဇ်လက်ထက် ၂၀၁၃ ခုနှစ်မှာ နာပိုလီအသင်းဟာ စီးရီးအေအဖွင့်ပွဲ(၄)ပွဲဆက်အနိုင်ရခဲ့ဖူးပါတယ်။

အိမ်ကွင်းမှာ စပယ်လက်တီ မှတ်တမ်းကောင်းတစ်ခုပိုင်ဆိုင်ခဲ့ပေမယ့် အယ်လီဂရီရဲ့ဂျူဗင်တပ်စ်အသင်းကတော့ စိတ်ပျက်စရာမှတ်တမ်းနဲ့ရင်ဆိုင်ခဲ့ရပြီး ၂၀၁၅-၁၆ ရာသီနောက်ပိုင်း

ပထမဆုံးအကြိမ် ရာသီအစ(၃)ပွဲဆက်နိုင်ပွဲပျောက်ခဲ့သလို (၅၂)ရာသီအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် စီးရီးအေအဖွင့်ပွဲ(၃)ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။

ဂျူဗင်တပ်စ်အသင်းဟာ ရာသီအဖွင့်ပွဲမှာ အူဒီးနီးစ်နဲ့ (၂-၂)ဂိုးစီသရေကျခဲ့ပြီး အိိမ်ကွင်းမှာ အမ်ပိုလီကို ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၁၀-၁၁ နဲ့ ၂၀၁၅-၁၆ ရာသီနောက်ပိုင်း တတိယအကြိမ်မြောက်အဖြစ် စီးရီးအေရာသီအစ(၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အခု နာပိုလီနဲ့ပွဲမှာလည်း ရှုံးပွဲဆက်တွေ့ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဂျူဗင်တပ်စ်အသင်း စီးရီးအေ(၃)ပွဲကစားပြီးချိန်မှာ (၁)မှတ်သာရထားပြီး အဆင့်(၁၆)နေရာရောက်နေတာကြောင့် စီးရီးအေချန်ပီယံဆု ပြန်လည်ရယူနိုင်ရေးမျှော်လင့်ချက်က စောစောစီးစီးပဲ အဆုံးသတ်ရမယ့်အနေအထားဖြစ်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၅၂)ရာသီအတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ ရာသီအစ(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ ဂ်ဴဗင္တပ္စ္

နာမည္ေက်ာ္နည္းျပႀကီး အယ္လီဂရီတစ္ေက်ာ့ျပန္ကိုင္တြယ္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီရာသီအစမွာ အဓိက,ကစားသမားစီေရာ္နယ္လ္ဒိုကို လက္လႊတ္ဆုံးရႈံးလိုက္ရၿပီးကတည္းက ရလဒ္ေတြဆက္တိုက္ဆိုး႐ြားေနၿပီး မေန႔က နာပိုလီနဲ႔ကစားခဲ့တဲ့ပြဲမွာ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။ နာပိုလီကို ဂ်ဴဗင္တပ္စ္အသင္းရႈံးနိမ့္ခဲ့ခ်ိန္မွာ သူတို႔ရဲ႕ကစားသမားေဟာင္း စီေရာ္နယ္လ္ဒိုက မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ပြဲဦးထြက္မွာပဲ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ အသင္းအေပၚအက်ိဳးျပဳႏိုင္စြမ္းက ဘယ္ေလာက္အထိႀကီးမားလဲဆိုတာ အထင္အရွားေတြ႕ျမင္ရမွာပါ။

နာပိုလီနဲ႔ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းတိုက္စစ္မႉးမိုရာတာက ပြဲအစ(၁၀)မိနစ္မွာပဲ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး ဒါဟာ ၂၀၁၆၊ ဇန္နဝါရီလတုန္းက ခ်ီေယဗိုနဲ႔ကစားခဲ့တဲ့ပြဲမွာ ပြဲအစ(၆)မိနစ္မွာသြင္းယူခဲ့တဲ့ဂိုးေနာက္ပိုင္း မိုရာတာအတြက္ ဒုတိယေျမာက္အျမန္ဆုံးစီးရီးေအသြင္းဂိုးျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း စီးရီးေအဝါရင့္နည္းျပႀကီးစပယ္လက္တီကိုင္တြယ္ေနတဲ့ နာပိုလီအသင္းဟာ အေကာင္းဆုံးပုံစံနဲ႔ျပန္လာႏိုင္ခဲ့ၿပီး (၅၇)မိနစ္မွာ ပိုလီတာႏို၊ (၈၅)မိနစ္မွာ ကူလီဘလီတို႔က ေခ်ပဂိုး၊ အႏိုင္ဂိုးေတြသြင္းယူခဲ့တာေၾကာင့္ နာပိုလီအသင္း ရာသီအစ(၃)ပြဲဆက္ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

အဲဒါေၾကာင့္ စပယ္လက္တီဟာ နာပိုလီအသင္းနည္းျပသစ္ေတြထဲမွာ စီးရီးေအရာသီအစ(၃)ပြဲဆက္ႏိုင္ပြဲရယူခဲ့တဲ့ ဒုတိယေျမာက္နည္းျပအျဖစ္မွတ္တမ္းဝင္ခဲ့ၿပီး စပယ္လက္တီမတိုင္ခင္က နာမည္ေက်ာ္နည္းျပဘင္နီတက္ဇ္လက္ထက္ ၂၀၁၃ ခုႏွစ္မွာ နာပိုလီအသင္းဟာ စီးရီးေအအဖြင့္ပြဲ(၄)ပြဲဆက္အႏိုင္ရခဲ့ဖူးပါတယ္။ အိမ္ကြင္းမွာ စပယ္လက္တီ မွတ္တမ္းေကာင္းတစ္ခုပိုင္ဆိုင္ခဲ့ေပမယ့္ အယ္လီဂရီရဲ႕ဂ်ဴဗင္တပ္စ္အသင္းကေတာ့ စိတ္ပ်က္စရာမွတ္တမ္းနဲ႔ရင္ဆိုင္ခဲ့ရၿပီး ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ရာသီအစ(၃)ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့သလို (၅၂)ရာသီအတြင္း ဒုတိယအႀကိမ္ေျမာက္အျဖစ္ စီးရီးေအအဖြင့္ပြဲ(၃)ပြဲဆက္တိုက္ အႏိုင္မရခဲ့ပါဘူး။

ဂ်ဴဗင္တပ္စ္အသင္းဟာ ရာသီအဖြင့္ပြဲမွာ အူဒီးနီးစ္နဲ႔ (၂-၂)ဂိုးစီသေရက်ခဲ့ၿပီး အိိမ္ကြင္းမွာ အမ္ပိုလီကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ၂၀၁၀-၁၁ နဲ႔ ၂၀၁၅-၁၆ ရာသီေနာက္ပိုင္း တတိယအႀကိမ္ေျမာက္အျဖစ္ စီးရီးေအရာသီအစ(၂)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့သလို အခု နာပိုလီနဲ႔ပြဲမွာလည္း ရႈံးပြဲဆက္ေတြ႕ခဲ့တာျဖစ္ပါတယ္။ အခုလက္ရွိအခ်ိန္မွာေတာ့ ဂ်ဴဗင္တပ္စ္အသင္း စီးရီးေအ(၃)ပြဲကစားၿပီးခ်ိန္မွာ (၁)မွတ္သာရထားၿပီး အဆင့္(၁၆)ေနရာေရာက္ေနတာေၾကာင့္ စီးရီးေအခ်န္ပီယံဆု ျပန္လည္ရယူႏိုင္ေရးေမွ်ာ္လင့္ခ်က္က ေစာေစာစီးစီးပဲ အဆုံးသတ္ရမယ့္အေနအထားျဖစ္ေနပါၿပီ။