၅၀ မြောက်ဖရီးကစ်ဂိုး၊ ကမ္ဘာ့အဆင့်ဂိုးဖန်တီးမှုတို့နဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲက မှော်ဆန်တဲ့မက်ဆီ

photo-gettyimages

photo-reuters

ဘာစီလိုနာအသင်းကို အမှတ်ပေးဇယားထိပ်ပြန်ရောက်စေခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲမှာ မက်ဆီဟာ ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၇ ပွဲဆက်အနိုင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ ဒဏ်ရာကနေ မက်ဆီပြန်ကောင်းလာပြီးကတည်းက ပြိုင်ပွဲအရပ်ရပ် တောက်လျှောက်ကို နိုင်ပွဲဆက်ခဲ့တာပါ။ အခုလည်း မက်ဆီရဲ့မှော်ဆန်တဲ့ခြေစွမ်းနဲ့အတူ ဗယ်လာဒိုးလစ်ကို ပွဲချိန်အစောပိုင်း ၁-၁ ဖြစ်နေရာကနေ ၅-၁ နဲ့အနိုင်ရခဲ့တာပါ။

photo-social media

အဲဒီပွဲက ဘာစီလိုနာရခဲ့တဲ့နောက်ဆုံး ၄ ဂိုးစလုံးဟာ မက်ဆီနဲ့မလွတ်ကင်းခဲ့ပါဘူး။ ၂-၁ နဲ့ပြန်လည်ဦးဆောင်နိုင်စေမယ့် ဗီဒယ်ရဲ့ဂိုးမှာဆိုရင် မက်ဆီရဲ့ဂိုးဖန်တီးပေးမှုက ကမ္ဘာ့အဆင့်ဖြစ်ခဲ့ပါတယ်။ ဗီဒယ်ဟာ ကွင်းလယ်မှာကတည်းက မက်ဆီနဲ့ချိတ်ဆက်ခဲ့ပြီး သူက ပြိုင်ဘက်ဧရိယာထဲပြေးဝင်သွားချိန်မှာ မက်ဆီက ပြီးပြည့်စုံလွန်းတဲ့ဘောလုံး’မ’တင်ပေးမှုပြုလုပ်လိုက်တာဖြစ်ကာ သူ့ရှေ့မှာရှိတဲ့ ဗယ်လာဒိုးလစ်ကစားသမား ၅ ယောက်စလုံး ကြောင်ကြည့်နေရတဲ့အခြေအနေကို ရောက်သွားခဲ့တာပါ။

photo-social media

ဒါ့အပြင် မက်ဆီဟာ ဘာစီလိုနာကို ၃-၁ နဲ့ဦးဆောင်နိုင်စေမယ့်ဂိုးကိုလည်း ၃၅ ကိုက်အကွာလှပတဲ့ဖရီးကစ်ကန်ချက်နဲ့ သွင်းယူခဲ့ပါသေးတယ်။ အဲဒီဂိုးဟာ သူ့ကစားသမားဘဝရဲ့ ၅၀ မြောက်ဖရီးကစ်သွင်းဂိုးလည်း ဖြစ်ပါတယ်။ အဲဒီထဲမှာ ဘာစီလိုနာအတွက်က ဖရီးကစ် ၄၄ ဂိုးသွင်းပြီး အာဂျင်တီးနားအသင်းအတွက် ဖရီးကစ် ၆ ဂိုးသွင်းခဲ့တာပါ။ နောက်ပြီး အဲဒီပွဲရဲ့ပထမပိုင်းမှာ မက်ဆီဟာ ပြိုင်ဘက်ကစားသမားကို ငုတ်တုတ်မေ့စေခဲ့တဲ့ ပေါင်ကြားထဲ ဘောလုံးထည့်ပြီး ဆွဲထုတ်သွားတာကိုလည်း လုပ်ခဲ့ပါသေးတယ်။

[Zawgyi]

၅၀ ေျမာက္ဖရီးကစ္ဂိုး၊ ကမာၻ႔အဆင့္ဂိုးဖန္တီးမႈတို႔နဲ႔ ဗယ္လာဒိုးလစ္နဲ႔ပြဲက ေမွာ္ဆန္တဲ့မက္ဆီ

ဘာစီလိုနာအသင္းကို အမွတ္ေပးဇယားထိပ္ျပန္ေရာက္ေစခဲ့တဲ့ ဗယ္လာဒိုးလစ္နဲ႔အိမ္ကြင္း ဂိုးျပတ္ႏိုင္ပြဲမွာ မက္ဆီဟာ ၂ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးႏိုင္ခဲ့တာပါ။ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၇ ပြဲဆက္အႏုိင္လည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဘာစီလုိနာဟာ ဒဏ္ရာကေန မက္ဆီျပန္ေကာင္းလာၿပီးကတည္းက ၿပိဳင္ပြဲအရပ္ရပ္ ေတာက္ေလွ်ာက္ကို ႏိုင္ပြဲဆက္ခဲ့တာပါ။ အခုလည္း မက္ဆီရဲ႕ေမွာ္ဆန္တဲ့ေျခစြမ္းနဲ႔အတူ ဗယ္လာဒိုးလစ္ကို ပြဲခ်ိန္အေစာပိုင္း ၁-၁ ျဖစ္ေနရာကေန ၅-၁ နဲ႔အႏိုင္ရခဲ့တာပါ။

အဲဒီပြဲက ဘာစီလိုနာရခဲ့တဲ့ေနာက္ဆုံး ၄ ဂိုးစလုံးဟာ မက္ဆီနဲ႔မလြတ္ကင္းခဲ့ပါဘူး။ ၂-၁ နဲ႔ျပန္လည္ဦးေဆာင္ႏိုင္ေစမယ့္ ဗီဒယ္ရဲ႕ဂိုးမွာဆုိရင္ မက္ဆီရဲ႕ဂိုးဖန္တီးေပးမႈက ကမာၻ႔အဆင့္ျဖစ္ခဲ့ပါတယ္။ ဗီဒယ္ဟာ ကြင္းလယ္မွာကတညး္က မက္ဆီနဲ႔ခ်ိတ္ဆက္ခဲ့ၿပီး သူက ၿပိဳင္ဘက္ဧရိယာထဲေျပး၀င္သြားခ်ိန္မွာ မက္ဆီက ၿပီးျပည့္စုံလြန္းတဲ့ေဘာလုံး’မ’တင္ေပးမႈျပဳလုပ္လုိက္တာျဖစ္ကာ သူ႔ေရွ႕မွာရွိတဲ့ ဗယ္လာဒိုးလစ္ကစားသမား ၅ ေယာက္စလုံး ေၾကာင္ၾကည့္ေနရတဲ့အေျခအေနကို ေရာက္သြားခဲ့တာပါ။

ဒါ့အျပင္ မက္ဆီဟာ ဘာစီလုိနာကို ၃-၁ နဲ႔ဦးေဆာင္ႏိုင္ေစမယ့္ဂိုးကိုလည္း ၃၅ ကိုက္အကြာလွပတဲ့ဖရီးကစ္ကန္ခ်က္နဲ႔ သြင္းယူခဲ့ပါေသးတယ္။ အဲဒီဂိုးဟာ သူ႔ကစားသမားဘ၀ရဲ႕ ၅၀ ေျမာက္ဖရီးကစ္သြင္းဂိုးလည္း ျဖစ္ပါတယ္။ အဲဒီထဲမွာ ဘာစီလိုနာအတြက္က ဖရီးကစ္ ၄၄ ဂိုးသြငး္ၿပီး အာဂ်င္တီးနားအသင္းအတြက္ ဖရီးကစ္ ၆ ဂိုးသြငး္ခဲ့တာပါ။ ေနာက္ၿပီး အဲဒီပြဲရဲ႕ပထမပိုင္းမွာ မက္ဆီဟာ ၿပိဳင္ဘက္ကစားသမားကို ငုတ္တုတ္ေမ့ေစခဲ့တဲ့ ေပါင္ၾကားထဲ ေဘာလုံးထည့္ၿပီး ဆြဲထုတ္သြားတာကိုလည္း လုပ္ခဲ့ပါေသးတယ္။