




Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne




ဒီရာသီအစမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းမပြနိုင်လို့ဝေဖန်ခံနေရတဲ့ တိုက်စစ်ကစားသမားမာစီယဲလ်ဟာ ယူကရိန်းနဲ့ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပြင်သစ်အသင်းအတွက်အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့ပြီး
ဒါက ၂၀၁၆ ခုနှစ်နောက်ပိုင်း သူ့ရဲ့ပထမဆုံးလက်ရွေးစင်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။




ယူကရိန်းနဲ့ပွဲအတွက် လူစာရင်းမှာ အဓိကတိုက်စစ်ကစားသမားဘာပေဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သလို ၀ါရင့်တိုက်စစ်မှူးဂျရူးကိုလည်း နည်းပြဒက်စ်ချမ့်စ်က မရွေးချယ်ခဲ့ဘဲ ပွဲထွက်တိုက်စစ်မှူးအဖြစ် မာစီယဲလ်ကို အသုံးပြုခဲ့ပြီး




ယူကရိန်းအသင်းက ရှက်ပါရန်ကိုရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့် (၅၅)မိနစ်မှာ မာစီယဲလ်က ချေပဂိုးပြန်သွင်းယူခဲ့တာပါ။
ယူကရိန်းနဲ့ပွဲမတိုင်ခင်က မာစီယဲလ်ဟာ ပြင်သစ်အသင်းအတွက် (၂၈)ပွဲကစား၊ (၁)ဂိုးသာသွင်းယူနိုင်ခဲ့ပြီး အခု လက်ရွေးစင်ကစားသမားဘဝ ဒုတိယမြောက်ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။




ယူကရိန်းအသင်း ဦးဆောင်ဂိုးမသွင်းခင် မာစီယဲလ် အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် (၂)ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာပါ။




ယူကရိန်းနဲ့ပွဲမှာ မာစီယဲလ် လက်ရွေးစင်ကစားသမားဘဝ(၅)နှစ်ကြာဂိုးပေါက်ပျောက်ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းက ရာနှုန်းပြည့်ကောင်းမွန်တဲ့အနေအထားမရှိဘဲ (၆၃)မိနစ်မှာ ဘန်ဇီမာနဲ့လူစားလဲမခံရခင်အထိ ဘောလုံးထိချက်ပေါင်း(၂၆)ကြိမ်သာရှိခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လတွေအတွင်း ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့သလို ပုံမှန်ခြေစွမ်းအောက်ရောက်နေလို့ ဝေဖန်ခံခဲ့ရတဲ့ မာစီယဲလ်အတွက် အခုလို ဂိုးပေါက်ပြန်တွေ့ခဲ့တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြန်ရစေတယ်လို့ပြောရမှာပါ။




ပြင်သစ်အသင်းဟာ လာမယ့်အင်္ဂါနေ့ကျရင် ဖင်လန်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒက်စ်ချမ့်စ်အနေနဲ့ မာစီယဲလ်ကို ပွဲထွက်ကစားသမားအဖြစ် ဆက်လက်အသုံးပြုဖို့ရှိနေပါပြီ။




ယူကရိန်းနဲ့ပွဲအပြီး L’Equipe မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ မာစီယဲလ်က “လက်ရွေးစင်အသင်းအတွက် ကျွန်တော် ဂိုးမသွင်းနိုင်တာ နှစ်တော်တော်ကြာနေပြီဖြစ်တာကြောင့် အခုလို ဂိုးပေါက်ပြန်တွေ့ခဲ့တဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။




Viber No => 09 969 710 910
#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne




zawgyi
(၅)နှစ်အကြာမှာ ပြင်သစ်အသင်းအတွက် ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တဲ့ မာစီယဲလ်







