(၅)နှစ်ကြာ ပင်နယ်တီ အိပ်မက်ဆိုးကို ချိုးဖျက်ခဲ့ပြီး သူရဲကောင်းတစ်ယောက်ပြန်ဖြစ်လာတဲ့ဒီဂီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က ပရီးမီးယားလိဂ်ပွဲစဉ်(၅)အဖြစ် ဝက်စ်ဟမ်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ကစားခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီပွဲအတွက်ပြောစရာဖြစ်ခဲ့တာက ပွဲပြီးခါနီး ဝက်စ်ဟမ်းအသင်းရရှိခဲ့တဲ့ပယ်နယ်တီကို ဒီဂီယာ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းအတွက် ဘန်နာရာမာက ဦးဆောင်ဂိုးသွင်းယူခဲ့ပေမယ့် စီရော်နယ်လ်ဒိုက ယူနိုက်တက်ကစားသမားဘဝ(၃)ပွဲမှာ (၄)ဂိုးမြောက်အဖြစ် ချေပဂိုးပြန်သွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ လင်ဂတ်က သူ့အသင်းဟောင်းကို ဂိုးပြန်သွင်းယူခဲ့ပါတယ်။

နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ယူနိုက်တက်နောက်ခံလူလုခ်ရှော ပယ်နယ်တီဧရိယာအတွင်း လက်ထိဘောဖြစ်ခဲ့လို့ ဝက်စ်ဟမ်းအသင်းပယ်နယ်တီကန်ခွင့်ရခဲ့ပြီး

နည်းပြဒေးဗစ်မွိုက်စ်က အဲဒီပယ်နယ်တီကန်ဖို့အတွက် ဝါရင့်ကွင်းလယ်လူနိုဘယ်လ်ကို လူစားထိုးခဲ့ပေမယ့် နိုဘယ်လ်ရဲ့ကန်ချက်ကို ဒီဂီယာက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ်(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

နိုဘယ်လ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ပယ်နယ်တီတွေကို ပုံမှန်ကန်နေကျကစားသမားတစ်ဦးဖြစ်ပြီး အခုပွဲမတိုင်ခင် ဝက်စ်ဟမ်းကစားသမားဘဝတစ်လျှောက် ပယ်နယ်တီအကြိမ်ပေါင်း (၄၂)ကြိမ်ကန်ခဲ့တာမှာ (၃၈)ဂိုးဝင်၊ (၄)ကြိမ်သာလွဲချော်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ် ပယ်နယ်တီမဝင်ခဲ့တာက ၂၀၁၆၊ ဒီဇင်ဘာလ(၁၄)ရက်က ဘန်လေအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး နိုဘယ်လ်ရဲ့ကန်ချက်ကို ဂိုးသမားတွမ်ဟီတန်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခု (၅)နှစ်နီးပါးအကြာမှ ပထမဆုံးအကြိမ်အဖြစ် ပယ်နယ်တီလွဲချော်ခဲ့တာဖြစ်သလို စုစုပေါင်း(၄၃)ကြိမ်မှာ (၅)ကြိမ်မြောက်ပယ်နယ်တီလွဲချော်ခဲ့တာပါ။

နိုဘယ်လ်ရဲ့ပယ်နယ်တီကို ပုတ်ထုတ်ကာကွယ်ခဲ့တဲ့ ဒီဂီယာကတော့ ပြိုင်ပွဲစုံမှာ ကလပ်အသင်းအတွက် ၂၀၁၆၊ ဧပြီလတုန်းက အဲဗာတန်နဲ့ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲမှာ

လူကာကူရဲ့ပယ်နယ်တီကို ကာကွယ်ခဲ့ပြီးနောက်ပိုင်း (၅)နှစ်ကျော်အကြာမှ ပထမဆုံးအကြိမ်အဖြစ် ပယ်နယ်တီကာကွယ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၁၄၊ အောက်တိုဘာ (၅)ရက်တုန်းက အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လေတန်ဘိန်းစ်ရဲ့ပယ်နယ်တီကို ကာကွယ်ခဲ့ပြီး (၇)နှစ်နီးပါးအကြာမှ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲမှာ ပယ်နယ်တီပြန်လည်ကာကွယ်နိုင်ခဲ့တာပါ။

ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာကစားလာတာ ဆယ်စုနှစ်တစ်ခုကျော်အထိရှိနေပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ပယ်နယ်တီကာကွယ်နိုင်ခဲ့တာက အခုတစ်ကြိမ်အပါအဝင်

စုစုပေါင်း(၄)ကြိမ်သာရှိသေးပြီး နိုဘယ်လ်၊ လေတန်ဘိန်းစ်တို့မတိုင်ခင် ၂၀၁၄၊ မတ်လ(၁၆)ရက်က လီဗာပူးလ်နဲ့ပွဲမှာ ဂျရတ်ရဲ့ပယ်နယ်တီ၊ ၂၀၁၁၊ သြဂုတ်လ(၂၈)ရက်မှာ အာဆင်နယ်ကို (၈-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲတုန်းက ဗန်ပါစီရဲ့ပယ်နယ်တီတွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၅)ႏွစ္ၾကာ ပင္နယ္တီ အိပ္မက္ဆိုးကို ခ်ိဳးဖ်က္ခဲ့ၿပီး သူရဲေကာင္းတစ္ေယာက္ျပန္ျဖစ္လာတဲ့ဒီဂီယာ

မေန႔က ပရီးမီးယားလိဂ္ပြဲစဥ္(၅)အျဖစ္ ဝက္စ္ဟမ္းနဲ႔မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ကစားခဲ့တဲ့ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ဒီပြဲအတြက္ေျပာစရာျဖစ္ခဲ့တာက ပြဲၿပီးခါနီး ဝက္စ္ဟမ္းအသင္းရရွိခဲ့တဲ့ပယ္နယ္တီကို ဒီဂီယာ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ဝက္စ္ဟမ္းအသင္းအတြက္ ဘန္နာရာမာက ဦးေဆာင္ဂိုးသြင္းယူခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုက ယူႏိုက္တက္ကစားသမားဘဝ(၃)ပြဲမွာ (၄)ဂိုးေျမာက္အျဖစ္ ေခ်ပဂိုးျပန္သြင္းယူခဲ့ၿပီး ပြဲၿပီးခါနီးမွာ လင္ဂတ္က သူ႔အသင္းေဟာင္းကို ဂိုးျပန္သြင္းယူခဲ့ပါတယ္။

နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ ယူႏိုက္တက္ေနာက္ခံလူလုခ္ေရွာ ပယ္နယ္တီဧရိယာအတြင္း လက္ထိေဘာျဖစ္ခဲ့လို႔ ဝက္စ္ဟမ္းအသင္းပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး နည္းျပေဒးဗစ္မြိဳက္စ္က အဲဒီပယ္နယ္တီကန္ဖို႔အတြက္ ၀ါရင့္ကြင္းလယ္လူႏိုဘယ္လ္ကို လူစားထိုးခဲ့ေပမယ့္ ႏိုဘယ္လ္ရဲ႕ကန္ခ်က္ကို ဒီဂီယာက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းအသင္း ပရီးမီးယားလိဂ္(၃)ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။ ႏိုဘယ္လ္ဟာ ဝက္စ္ဟမ္းအသင္းရဲ႕ပယ္နယ္တီေတြကို ပုံမွန္ကန္ေနက်ကစားသမားတစ္ဦးျဖစ္ၿပီး အခုပြဲမတိုင္ခင္ ဝက္စ္ဟမ္းကစားသမားဘဝတစ္ေလွ်ာက္ ပယ္နယ္တီအႀကိမ္ေပါင္း (၄၂)ႀကိမ္ကန္ခဲ့တာမွာ (၃၈)ဂိုးဝင္၊ (၄)ႀကိမ္သာလြဲေခ်ာ္ခဲ့ပါတယ္။

ေနာက္ဆုံးအႀကိမ္ ပယ္နယ္တီမဝင္ခဲ့တာက ၂၀၁၆၊ ဒီဇင္ဘာလ(၁၄)ရက္က ဘန္ေလအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာျဖစ္ၿပီး ႏိုဘယ္လ္ရဲ႕ကန္ခ်က္ကို ဂိုးသမားတြမ္ဟီတန္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခု (၅)ႏွစ္နီးပါးအၾကာမွ ပထမဆုံးအႀကိမ္အျဖစ္ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာျဖစ္သလို စုစုေပါင္း(၄၃)ႀကိမ္မွာ (၅)ႀကိမ္ေျမာက္ပယ္နယ္တီလြဲေခ်ာ္ခဲ့တာပါ။ ႏိုဘယ္လ္ရဲ႕ပယ္နယ္တီကို ပုတ္ထုတ္ကာကြယ္ခဲ့တဲ့ ဒီဂီယာကေတာ့ ၿပိဳင္ပြဲစုံမွာ ကလပ္အသင္းအတြက္ ၂၀၁၆၊ ဧၿပီလတုန္းက အဲဗာတန္နဲ႔ကစားခဲ့တဲ့ FA ဖလားဆီမီးဖိုင္နယ္ပြဲမွာ လူကာကူရဲ႕ပယ္နယ္တီကို ကာကြယ္ခဲ့ၿပီးေနာက္ပိုင္း (၅)ႏွစ္ေက်ာ္အၾကာမွ ပထမဆုံးအႀကိမ္အျဖစ္ ပယ္နယ္တီကာကြယ္မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဒ့ါအျပင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၂၀၁၄၊ ေအာက္တိုဘာ (၅)ရက္တုန္းက အဲဗာတန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေလတန္ဘိန္းစ္ရဲ႕ပယ္နယ္တီကို ကာကြယ္ခဲ့ၿပီး (၇)ႏွစ္နီးပါးအၾကာမွ ပရီးမီးယားလိဂ္ပြဲစဥ္တစ္ပြဲမွာ ပယ္နယ္တီျပန္လည္ကာကြယ္ႏိုင္ခဲ့တာပါ။ ဒီဂီယာဟာ ယူႏိုက္တက္အသင္းမွာကစားလာတာ ဆယ္စုႏွစ္တစ္ခုေက်ာ္အထိရွိေနၿပီျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ပယ္နယ္တီကာကြယ္ႏိုင္ခဲ့တာက အခုတစ္ႀကိမ္အပါအဝင္ စုစုေပါင္း(၄)ႀကိမ္သာရွိေသးၿပီး ႏိုဘယ္လ္၊ ေလတန္ဘိန္းစ္တို႔မတိုင္ခင္ ၂၀၁၄၊ မတ္လ(၁၆)ရက္က လီဗာပူးလ္နဲ႔ပြဲမွာ ဂ်ရတ္ရဲ႕ပယ္နယ္တီ၊ ၂၀၁၁၊ ၾသဂုတ္လ(၂၈)ရက္မွာ အာဆင္နယ္ကို (၈-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲတုန္းက ဗန္ပါစီရဲ႕ပယ္နယ္တီေတြကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။