၎ နှစ်တာ လီဗာပူးနည်းပြဘ၀မှာ ကစားသမား ၃၆ ယောက်ရောင်းခဲ့တဲ့ ကလော့ပ်
photo-gettyimages
photo-gettyimages
photo-gettyimages
photo-gettyimages
[Unicode]
ဂျာဂင်ကလော့ပ်ဟာ ၂၀၁၅ မှာ လီဗာပူးနည်းပြဖြစ်လာပြီးကတည်းက အန်ဖီးလ်မှာ ပရိသတ်တွေကျေနပ်အားရလောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီ ၄ နှစ်တာအတွင်းမှာ သူဟာ လီဗာပူးကို ထိပ်ဆုံး ၄ နေရာအတွင် ဝင်ရောက်ရပ်တည်နိုင်ရေးရုန်းကန်နေရတဲ့အသင်းအဖြစ်ကနေ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့၊ချန်ပီယံလိဂ်အောင်မြင်မှုရယူနိုင်တဲ့အသင်းဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဆာလာ၊ဗန်ဒစ်ဂ်ျ၊အယ်လစ်ဆန်တို့လို ကမ္ဘာ့အဆင့်ကစားသမားတွေကို ငွေကြေးအသုံးပြုခေါ်ယူနိုင်ခဲ့တာကြောင့်လို့ ဆိုနိုင်ပေမယ့် အာနိုး၊ ဂျိုးဂိုမက်ဇ်နဲ့ ရောဘတ်ဆန်တို့လိုကစားသမားတွေကိုလည်း အရောင်ထွက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။
သူရောက်လာပြီး ၄ နှစ်အတွင်းမှာ လီဗာပူးဟာ လုံးဝကိုပြောင်းလဲသွားခဲ့တာပါ။ သူရောက်မလာခင်ကနေ အခုထိ ကျန်နေသေးတာဆိုလို့ ဝါရင့်ကွင်းလယ်လူဟန်ဒါဆန်တစ်ယောက်သာရှိတော့ပြီး ကျန်အများစုကတော့ ကလော့ပ်ရဲ့ရောင်းချခြင်းကို ခံခဲ့ရတာပါ။ အခုသီတင်းပတ်အစောပိုင်းမှာပဲ ဂိုးသမားမစ်ဂ်နိုလက်ဟာ ဘယ်လ်ဂျီယံကလပ်ဘရုဂျက်ကို ပေါင် ၆.၄ သန်းနဲ့ ပြောင်းသွားတဲ့အတွက် သူဟာ လီဗာပူးဟာ ကလော့ပ်ရဲ့ရောင်းချခြင်းခံခဲ့ရတဲ့ ၃၆ ယောက်မြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ အဲဒါဟာ အသင်းကို ကလော့ပ်ပြန်လည်တည်ဆောက်မှုရဲ့အပြီးသတ်အမှတ်အသားလည်း ဖြစ်လာခဲ့တာပါ။
လီဗာပူးနည်းပြဘ၀ ကလော့ပ်ရောင်းချခဲ့တဲ့ကစားသမားတွေထဲမှာ ဈေးအကြီးဆုံးကတော့ ဘာစီလိုနာကိုပြောင်းသွားတဲ့ကော်တင်ဟိုဖြစ်ပြီး သူ့အတွက် ပေါင် ၁၄၂ သန်းတောင် လီဗာပူးရခဲ့တာပါ။ ဒါပေမဲ့ ကျေနပ်စရာအကောင်းဆုံးရောင်းချမှုတွေကတော့ ဘန်တီကီနဲ့ဆာခိုတို့နှစ်ယောက်ပေါင်းအတွက် ပဲလေ့စ်ဆီကနေ ပေါင် ၅၈ သန်းရခဲ့တာပါ။ ဘန်တီကီဆို ပဲလေ့စ်ပြောင်းသွားပြီးကတည်းက ခြေစွမ်းပိုဆိုးသွားပြီး ဆာခိုကလည်း လီဗာပူးနဲ့ ဘယ်တုန်းကမှ အံဝင်ခဲ့တာ မဟုတ်ပါဘူး။ ကလော့ပ်ရဲ့ကစားသမား ၃၆ ယောက်ရောင်းချမှုကနေတော့ လီဗာပူးဟာ စုစုပေါင်း ပေါင် ၃၃၈ သန်းရရှိခဲ့ပါတယ်။