၄ ရက်အတွင်းမှာ ဒုတိယအကြိမ်မြောက်ရှုံးပြီး အက်ဖ်အေဖလားက ထွက်လိုက်ရတဲ့လီဗာပူး

photo-daily mail

photo-gettyimages

စတမ်းဖို့ဒ်ဘရစ်ချ်က လီဗာပူးနဲ့အက်ဖ်အေဖလားပွဲစဉ်မှာ ချဲလ်ဆီးဟာ ဝီလျံ၊ဘာကလေတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့လို့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ လီဗာပူးကတော့ ၄ ရက်အတွင်းမှာ ဒုတိယမြောက်ရှုံ့းပွဲနဲ့ ကြုံခဲ့ရတာဖြစ်သလို နောက်ထပ်တစ်ကြိမ်အဖြစ် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။ အံ့သြစရာကောင်းတာက လီဗာပူးက ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ လက်ချိုးရေလို့ရအောင် ရှုံးပွဲအရေအတွက် နည်းပါးခဲ့ပေမယ့် အဲဒီရှုံးခဲ့တဲ့ပွဲတွေမှာ ဂိုးလုံးဝပြန်သွင်းနိုင်ခြင်း မရှိခဲ့တာပါပဲ။

photo-reuters

ဒီပွဲမှာလည်း ကလော့ပ်ဟာ ဝက်ဖို့ဒ်ကို ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က လူစာရင်းကို ၇ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တာပါ။ ဒါပေမဲ့ ချဲလ်ဆီးဟာ ဗန်ဒစ်ဂျ်၊မာနီ၊ရောဘတ်ဆန်နဲ့ ဂျိုးဂိုမက်ဇ်တို့လိုကစားသမားတွေပါနေတဲ့အသင်းကို အကြိတ်အနယ်နဲ့အနိုင်ယူခဲ့ရပါတယ်။ ပွဲချိန် ၁၃ မိနစ်မှာတင် ဝီလျံရဲ့ဧရိယာအပြင်ဘက်က ကန်ချက်ကို ဖမ်းယူရာမှာ မသေသပ်တဲ့ဂိုးသမားအက်ဒရီယန်ကြောင့် ချဲလ်ဆီးစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ သူ့ဆီတည့်တည့်လာတဲ့ဘောလုံးကို ဖမ်းယူရာမှာ သူ့လက်နဲ့ပဲထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ လီဗာပူးကလည်း ပထမပိုင်းအတွင်းမှာပဲ ချေပနိုင်မယ့်အခွင့်အရေးတွေရခဲ့ပေမယ့် အထူးသဖြင့် ပွဲထွက်စာရင်းထဲပြန်ပါလာတဲ့ချဲလ်ဆီးဂိုးသမားကီပါရဲ့ ၃ ဆင့်တိုင်ကာကွယ်မှုကြောင့် ကံမကောင်းခဲ့ပါဘူး။ ဒုတိယပိုင်း ၆၄ မိနစ်မှာ ဘာကလေက တစ်ကိုယ်တော်အစွမ်းနဲ့ ချဲလ်ဆီးအတွက် ဒုတိယဂိုးသွင်းလိုက်ချိန်မှာတော့ ပွဲက အဆုံးသတ်သလောက် ဖြစ်သွားပါတယ်။

photo-daily mail

ဒီရှုံးပွဲကြောင့် လီဗာပူးဟာ အခုရာသီမှာ ဖလား ၃ လုံး အိပ်မက်မက်နိုင်မှာ မဟုတ်တော့ပါဘူး။ ကွင်းဘေးက အပြုအမူတွေအရ ကလော့ပ်တစ်ယောက် အရမ်းနိုင်ချင်ခဲ့ပုံရပေမယ့် ဒီရာသီရှားရှားပါးပါးအဖြစ် သူ့အသင်းဟာ ရှုံးပွဲဆက်သွားပါတယ်။ အခုပွဲမှာ ချဲလ်ဆီးကွင်းလယ်လူလေးဂီလ်မော်တစ်ယောက် ချီးကျူးခံရလောက်အောင် အကောင်းဆုံးစွမ်းဆောင်သွားနိုင်ခဲ့တာ တွေ့ရပါတယ်။

[Zawgyi]

၄ ရက္အတြင္းမွာ ဒုတိယအႀကိမ္ေျမာက္ရႈံးၿပီး အက္ဖ္ေအဖလားက ထြက္လုိက္ရတဲ့လီဗာပူး

စတမ္းဖို႔ဒ္ဘရစ္ခ်္က လီဗာပူးနဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ ခ်ဲလ္ဆီးဟာ ၀ီလ်ံ၊ဘာကေလတို႔ရဲ႕သြင္းဂိုးေတြနဲ႔ အႏုိင္ရခဲ့လို႔ ကြာတားဖိုင္နယ္ကို တက္ေရာက္သြားပါတယ္။ လီဗာပူးကေတာ့ ၄ ရက္အတြင္းမွာ ဒုတိယေျမာက္ရႈ့ံးပြဲနဲ႔ ႀကဳံခဲ့ရတာျဖစ္သလို ေနာက္ထပ္တစ္ႀကိမ္အျဖစ္ ဂိုးသြင္းႏိုင္ျခင္း မရွိခဲ့ပါဘူး။ အံ့ၾသစရာေကာင္းတာက လီဗာပူးက ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ လက္ခ်ိဳးေရလုိ႔ရေအာင္ ရႈံးပြဲအေရအတြက္ နည္းပါးခဲ့ေပမယ့္ အဲဒီရႈံးခဲ့တဲ့ပြဲေတြမွာ ဂိုးလုံး၀ျပန္သြင္းႏိုင္ျခင္း မရွိခဲ့တာပါပဲ။

ဒီပြဲမွာလည္း ကေလာ့ပ္ဟာ ၀က္ဖို႔ဒ္ကို ၃ ဂိုးျပတ္ရႈံးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္က လူစာရင္းကို ၇ ေနရာအထိ အေျပာင္းအလဲလုပ္ခဲ့တာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးဟာ ဗန္ဒစ္ဂ်္၊မာနီ၊ေရာဘတ္ဆန္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔လိုကစားသမားေတြပါေနတဲ့အသင္းကို အႀကိတ္အနယ္နဲ႔အႏုိင္ယူခဲ့ရပါတယ္။ ပြဲခ်ိန္ ၁၃ မိနစ္မွာတင္ ၀ီလ်ံရဲ႕ဧရိယာအျပင္ဘက္က ကန္ခ်က္ကို ဖမ္းယူရာမွာ မေသသပ္တဲ့ဂိုးသမားအက္ဒရီယန္ေၾကာင့္ ခ်ဲလ္ဆီးစတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ သူ႔ဆီတည့္တည့္လာတဲ့ေဘာလုံးကို ဖမ္းယူရာမွာ သူ႔လက္နဲ႔ပဲထိၿပီး ဂိုးထဲ၀င္သြားခဲ့တာပါ။ လီဗာပူးကလည္း ပထမပိုင္းအတြင္းမွာပဲ ေခ်ပႏိုင္မယ့္အခြင့္အေရးေတြရခဲ့ေပမယ့္ အထူးသျဖင့္ ပြဲထြက္စာရင္းထဲျပန္ပါလာတဲ့ခ်ဲလ္ဆီးဂိုးသမားကီပါရဲ႕ ၃ ဆင့္တိုင္ကာကြယ္မႈေၾကာင့္ ကံမေကာင္းခဲ့ပါဘူး။ ဒုတိယပိုင္း ၆၄ မိနစ္မွာ ဘာကေလက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ခ်ဲလ္ဆီးအတြက္ ဒုတိယဂိုးသြင္းလုိက္ခ်ိန္မွာေတာ့ ပြဲက အဆုံးသတ္သေလာက္ ျဖစ္သြားပါတယ္။

ဒီရႈံးပြဲေၾကာင့္ လီဗာပူးဟာ အခုရာသီမွာ ဖလား ၃ လုံး အိပ္မက္မက္ႏိုင္မွာ မဟုတ္ေတာ့ပါဘူး။ ကြင္းေဘးက အျပဳအမူေတြအရ ကေလာ့ပ္တစ္ေယာက္ အရမ္းႏုိင္ခ်င္ခဲ့ပုံရေပမယ့္ ဒီရာသီရွားရွားပါးပါးအျဖစ္ သူ႔အသင္းဟာ ရႈံးပြဲဆက္သြားပါတယ္။ အခုပြဲမွာ ခ်ဲလ္ဆီးကြင္းလယ္လူေလးဂီလ္ေမာ္တစ္ေယာက္ ခ်ီးက်ဴးခံရေလာက္ေအာင္ အေကာင္းဆုံးစြမ္းေဆာင္သြားႏိုင္ခဲ့တာ ေတြ႕ရပါတယ္။