( ၄ ) နှစ်အတွင်း ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူရို ရရှိခဲ့တဲ့ မက်ဆီရဲ့ စာချုပ် ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယခုအပတ် တနင်္ဂနွေနေ့ထုတ် El Mundo သတင်းစာကတော ့မက်ဆီ နှင့် ဘာစီလိုနာအသင်းတို့ကြား သဘောတူညီမှုစာချုပ်ကို ထုတ်ဖော်လိုက်ပါတယ်။

အဆိုပါ သတင်းစာ ခေါင်းကြီးပိုင်းမှာ “ဘာစီလိုနာကို ပျက်စီးစေသော စာချုပ်” ဆုိသော စာသားနဲ့အတူ ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူရို ကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။

အဆိုပါ သတင်းစာရဲ့ အဆိုအရ ( ၂၀၁၇ ) နိုဝင်ဘာမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အာဂျင်တီးနား ကြယ်ပွင့်ဟာ တစ်နှစ်လျှင် လစာ ယူရို ( ၁၃၈ ) သန်းထိ ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သဘောတူညီမှုမှာ စာချုပ်သက်တမ်းတိုးပါက မက်ဆီအနေနဲ့ ( ၁၁၅ , ၂၂၅ , ၀၀၀ ) ယူရို ရရှိမှာ ဖြစ်ပြီး သစ္စာစောင့်သိမှု ( loyalty ) အတွက် ( ၇၇, ၉၂၉ , ၉၅၅ ) ယူရို ထပ်မံရရှိဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အဆိုပါသတင်းအရ ၂၀၁၇ ၊ နိုဝင်ဘာ ( ၂၅ ) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ မက်ဆီအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၁ ၊ ဇွန်လ ( ၃၀ ) ရက်နေ့ မတိုင်ခင် ဘာစီလိုနာအသင်းထံကနေ အသားတင် ဝင်‌ေငွ ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူရိုရရှိမယ်လို့ သိရပါတယ်။ မက်ဆီဟာ လက်ရှိမှာ အဆိုပါ စာချုပ်ရဲ့ ( ၉၂ ) ရာခိုင်နှုန်းကို ရရှိပြီးဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။ အကိုး – MD

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

( ၄ ) ႏွစ္အတြင္း ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူ႐ို ရရွိခဲ့တဲ့ မက္ဆီရဲ႕ စာခ်ဳပ္ ေပါက္ၾကားမႈ ျဖစ္ေပၚခဲ့

ယခုအပတ္ တနဂၤေႏြေန႔ထုတ္ El Mundo သတင္းစာကေတာ ့မက္ဆီ ႏွင့္ ဘာစီလိုနာအသင္းတို႔ၾကား သေဘာတူညီမႈစာခ်ဳပ္ကို ထုတ္ေဖာ္လိုက္ပါတယ္။ အဆိုပါ သတင္းစာ ေခါင္းႀကီးပိုင္းမွာ “ဘာစီလိုနာကို ပ်က္စီးေစေသာ စာခ်ဳပ္” ဆုိေသာ စာသားနဲ႔အတူ ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူ႐ို ကိုပါ ထည့္သြင္း ေဖာ္ျပထားပါတယ္။အဆိုပါ သတင္းစာရဲ႕ အဆိုအရ ( ၂၀၁၇ ) ႏိုဝင္ဘာမွာ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ အာဂ်င္တီးနား ၾကယ္ပြင့္ဟာ တစ္ႏွစ္လွ်င္ လစာ ယူ႐ို ( ၁၃၈ ) သန္းထိ ရရွိခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ သေဘာတူညီမႈမွာ စာခ်ဳပ္သက္တမ္းတိုးပါက မက္ဆီအေနနဲ႔ ( ၁၁၅ , ၂၂၅ , ၀၀၀ ) ယူ႐ို ရရွိမွာ ျဖစ္ၿပီး သစၥာေစာင့္သိမႈ ( loyalty ) အတြက္ ( ၇၇, ၉၂၉ , ၉၅၅ ) ယူ႐ို ထပ္မံရရွိဖို႔ သေဘာတူညီခဲ့တာ ျဖစ္ပါတယ္။ အဆိုပါသတင္းအရ ၂၀၁၇ ၊ ႏိုဝင္ဘာ ( ၂၅ ) ရက္ေန႔မွာ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ မက္ဆီအေနနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ၂၀၂၁ ၊ ဇြန္လ ( ၃၀ ) ရက္ေန႔ မတိုင္ခင္ ဘာစီလိုနာအသင္းထံကေန အသားတင္ ဝင္‌ေငြ ( ၅၅၅ , ၂၃၇ , ၆၁၉ ) ယူ႐ိုရရွိမယ္လို႔ သိရပါတယ္။ မက္ဆီဟာ လက္ရွိမွာ အဆိုပါ စာခ်ဳပ္ရဲ႕ ( ၉၂ ) ရာခိုင္ႏႈန္းကို ရရွိၿပီးျဖစ္ေၾကာင္း ေဖာ္ျပပါရွိပါတယ္။ အကိုး – MD