၄ ဂိုးပဲ အသွင်းခံရလု့ိ ဂျူဗင်တပ်ပျော်လိမ့်မယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်းဂျိုကိုးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ချဲလ်ဆီးရဲ့ခြေစွမ်းကို သူတို့အသင်းသားဟောင်းဂျိုကိုးလ်တစ်ယောက် အားရကျေနပ်နေပါတယ်။

ဂျိုကိုးလ်ဟာ အင်္ဂလန်က BT Sport ရုပ်သံမှာ ဒီရာသီချန်ပီယံလိဂ်က ချဲလ်ဆီးအသင်းရဲ့ပွဲစဉ်တိုင်းကို ဝေဖန်သုံးသပ်ပေးနေရတာပါ။

ချဲလ်ဆီးဟာ သူတို့ရဲ့ဒီရာသီအကောင်းဆုံးပွဲတွေထဲက တစ်ပွဲကို ကစားနိုင်ခဲ့တာဖြစ်ပြီး ပွဲစကတည်းက ဂျူဗင်တပ်ကို ထိန်းချုပ်နိုင်ခဲ့တာပါ။

အသင်းအကယ်ဒမီထွက်ကစားသမားတွေဖြစ်ကြတဲ့ ချာလိုဘက်၊ ရီချီဂျိမ်းစ်နဲ့ အိုဒွိုင်းတို့ဟာလည်း ချဲလ်ဆီးရဲ့ဦးဆုံး ၃ ဂိုးကို သွင်းပေးခဲ့ကြတာပါ။

နာကျင်အချိန်ပိုမှာ သွင်းခဲ့တဲ့ တီမိုဝါနာရဲ့ပွဲသိမ်းဂိုးက ဒီပွဲမှာ ချဲလ်ဆီးရဲ့စိုးမိုးနိုင်မှုကို ဖော်ပြခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲနဲ့အတူ ချဲလ်ဆီးဟာ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုဇယားထိပ်ရောက်သွားပါတယ်။

တူချယ်ရဲ့အသင်းဟာ ပြည်တွင်းပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

”ရှန်ပိန်ဘောလုံးပါပဲ။ ဒါက လှပတဲ့စွမ်းဆောင်မှုတစ်ခုပေါ့။ သူတို့အပြုံးတွေကိုကြည့်လိုက် မယုံနိုင်စရာပါပဲ။

ဂိုးသွင်းတဲ့သူတွေကိုကြည့်လိုက် ပြီးရင် လော့ဖ်တက်ချိခ်နဲ့ မေဆန်မောင့်တို့ကိုပါ ပေါင်းလိုက်ရင် အကယ်ဒမီထွက်တွေဆိုတာ တွေ့ရမှာပါ။

တီမိုဝါနာတောင် ဂိုးသွင်းခဲ့တယ်”လို့ ဂျိုကိုးလ်က BT Sport ရုပ်သံမှာ ပြောခဲ့တာပါ။

ဒါ့အပြင် ဂျိုကိုးလ်က”ဂျူဗင်တပ်ကတော့ လေယာဉ်ပေါ်တက်ပြီး ၄ ဂိုးပဲ အသွင်းခံရလို့ ပျော်ရွှင်နေမှာပါ”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးကို ၄ ဂိုးပြတ်နဲ့ ရှုံးခဲ့တာဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂျူဗင်တပ်ရဲ့အကြီးမားဆုံးရှုံးနိမ့်မှု ဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ လာမယ့်တနင်္ဂနွေမှာ သူတို့လိုပဲ ကြားရက်ချန်ပီယံလိဂ်နိုင်ပွဲရခဲ့တဲ့မန်ယူကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၄ ဂိုးပဲ အသြင္းခံရလု႔ိ ဂ်ဴဗင္တပ္ေပ်ာ္လိမ့္မယ္လို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းဂ်ိဳကိုးလ္

ဂ်ဴဗင္တပ္ကို ၄ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ေျခစြမ္းကို သူတို႔အသင္းသားေဟာင္းဂ်ိဳကိုးလ္တစ္ေယာက္ အားရေက်နပ္ေနပါတယ္။

ဂ်ိဳကိုးလ္ဟာ အဂၤလန္က BT Sport ႐ုပ္သံမွာ ဒီရာသီခ်န္ပီယံလိဂ္က ခ်ဲလ္ဆီးအသင္းရဲ႕ပြဲစဥ္တိုင္းကို ေဝဖန္သုံးသပ္ေပးေနရတာပါ။

ခ်ဲလ္ဆီးဟာ သူတို႔ရဲ႕ဒီရာသီအေကာင္းဆုံးပြဲေတြထဲက တစ္ပြဲကို ကစားႏိုင္ခဲ့တာျဖစ္ၿပီး ပြဲစကတည္းက ဂ်ဴဗင္တပ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တာပါ။

အသင္းအကယ္ဒမီထြက္ကစားသမားေတြျဖစ္ၾကတဲ့ ခ်ာလိုဘက္၊ ရီခ်ီဂ်ိမ္းစ္နဲ႔ အိုဒြိဳင္းတို႔ဟာလည္း ခ်ဲလ္ဆီးရဲ႕ဦးဆုံး ၃ ဂိုးကို သြင္းေပးခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပိုမွာ သြင္းခဲ့တဲ့ တီမိုဝါနာရဲ႕ပြဲသိမ္းဂိုးက ဒီပြဲမွာ ခ်ဲလ္ဆီးရဲ႕စိုးမိုးႏိုင္မႈကို ေဖာ္ျပခဲ့တာျဖစ္ၿပီး အဲဒီႏိုင္ပြဲနဲ႔အတူ ခ်ဲလ္ဆီးဟာ ဂိုးကြာျခားခ်က္အသာနဲ႔ အုပ္စုဇယားထိပ္ေရာက္သြားပါတယ္။

တူခ်ယ္ရဲ႕အသင္းဟာ ျပည္တြင္းပရီးမီးယားလိဂ္မွာလည္း အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။

”ရွန္ပိန္ေဘာလုံးပါပဲ။ ဒါက လွပတဲ့စြမ္းေဆာင္မႈတစ္ခုေပါ့။ သူတို႔အၿပဳံးေတြကိုၾကည့္လိုက္ မယုံႏိုင္စရာပါပဲ။ ဂိုးသြင္းတဲ့သူေတြကိုၾကည့္လိုက္ ၿပီးရင္ ေလာ့ဖ္တက္ခ်ိခ္နဲ႔ ေမဆန္ေမာင့္တို႔ကိုပါ ေပါင္းလိုက္ရင္ အကယ္ဒမီထြက္ေတြဆိုတာ ေတြ႕ရမွာပါ။ တီမိုဝါနာေတာင္ ဂိုးသြင္းခဲ့တယ္”လို႔ ဂ်ိဳကိုးလ္က BT Sport ႐ုပ္သံမွာ ေျပာခဲ့တာပါ။
ဒါ့အျပင္ ဂ်ိဳကိုးလ္က”ဂ်ဴဗင္တပ္ကေတာ့ ေလယာဥ္ေပၚတက္ၿပီး ၄ ဂိုးပဲ အသြင္းခံရလို႔ ေပ်ာ္႐ႊင္ေနမွာပါ”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးကို ၄ ဂိုးျပတ္နဲ႔ ရႈံးခဲ့တာဟာ ခ်န္ပီယံလိဂ္သမိုင္းတစ္ေလွ်ာက္ ဂ်ဴဗင္တပ္ရဲ႕အႀကီးမားဆုံးရႈံးနိမ့္မႈ ျဖစ္လာခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ လာမယ့္တနဂၤေႏြမွာ သူတို႔လိုပဲ ၾကားရက္ခ်န္ပီယံလိဂ္ႏိုင္ပြဲရခဲ့တဲ့မန္ယူကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဧည့္ခံရမွာပါ။