၄၁၇ ရက်အကြာမှာ ဂိုးပေါက်ပြန်တွေ့တဲ့ အဂူရို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖူလ်ဟမ် နဲ့ မန်စီးတီးပွဲမှာတော့ မန်စီးတီးက ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ စီးတီးအတွက် သွင်းဂိုးတွေကို ဂျွန်စတုန်း ၊ ဂျီးဆပ်စ် နဲ့ အဂူရိုက ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့ပြီး ဒီဘရိုင်းနားကိုတော့ အရန်ခုံမှာပဲ ထားခဲ့သလို တိုက်စစ်မှာတော့ ဆာဂျီယို အဂူရိုကို တောင်ပံတစ်ဖက်စီကနေ ဂျေဆူးစ်၊ တောရက်စ်တို့နဲ့ ဝန်းရံပြီး ပွဲထုတ်လာခဲ့ပါတယ်။

ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ၊ ကိုရိုနာဗိုင်းရပ်စ် ပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ မန်စီးတီး တိုက်စစ်မှူးအဂူရို ကတော့ အဲဒီပွဲမှာ ကာလကြာရှည်ပျောက်ဆုံးနေတဲ့ ပရီးမီးယားလိဂ် သွင်းဂိုးကို ပြန်လည်ရရှိသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ လောက်မှာ အာဒါရာဘိုင်ယိုရိုရဲ့ အမှားကနေ တောရက်စ် ဘောလုံးလုယူနိုင်ခဲ့ပြီး ဂိုးရှေ့ဆွဲအပြေးမှာ နောက်က လိုက်တွန်းခဲ့လို့ လဲကျသွားချိန်မှာ ပင်နယ်တီပေးခဲ့ရပါတယ်။

အဲဒီ ပင်နယ်တီကို တိုက်စစ်မှူး အဂူရိုက ဘယ်ဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား အာရီယိုလာ ဒိုက်ပစ်မှုက အနည်းငယ်နောက်ကျနေခဲ့လို့ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ အဲဒီဂိုးဟာ အဂူရို အတွက်တော့ (၂၀၂၀) ဇန်နဝါရီနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် သွင်းဂိုးလည်းဖြစ်ပါတယ်။ အဂူရို နဲ့ မန်စီးတီး အသင်း တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဟာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားပါတယ်။ ပေးဂိုး တစ်ဂိုးမှ မရှိခဲ့ပါဘူး။ အမှတ်ပေးဇယား အဆင့် ၁ နေရာက မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဗိုလ်ဆွဲဖို့ ရမှတ် ၁၄ မှတ်သာ လိုအပ်တော့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ကို နိုင်အပြီးမှာ တော့ ယူနိုက်တက်ကို ၁၇ မှတ်ဖြတ်ထားလိုက်ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၄၁၇ ရက္အၾကာမွာ ဂိုးေပါက္ျပန္ေတြ႕တဲ့ အဂူ႐ို

ဖူလ္ဟမ္ နဲ႔ မန္စီးတီးပြဲမွာေတာ့ မန္စီးတီးက ၃ ဂိုးျပတ္နဲ႔ အႏိုင္ယူခဲ့ပါတယ္။ စီးတီးအတြက္ သြင္းဂိုးေတြကို ဂြၽန္စတုန္း ၊ ဂ်ီးဆပ္စ္ နဲ႔ အဂူ႐ိုက ပင္နယ္တီကေန သြင္းယူေပးခဲ့ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔ ၃-၄-၃ ကစားကြက္ကို ေျပာင္းလဲကစားခဲ့ၿပီး ဒီဘ႐ိုင္းနားကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့သလို တိုက္စစ္မွာေတာ့ ဆာဂ်ီယို အဂူ႐ိုကို ေတာင္ပံတစ္ဖက္စီကေန ေဂ်ဆူးစ္၊ ေတာရက္စ္တို႔နဲ႔ ဝန္းရံၿပီး ပြဲထုတ္လာခဲ့ပါတယ္။

ဒီရာသီမွာ ဒဏ္ရာျပႆနာေတြ၊ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့ မန္စီးတီး တိုက္စစ္မႉးအဂူ႐ို ကေတာ့ အဲဒီပြဲမွာ ကာလၾကာရွည္ေပ်ာက္ဆုံးေနတဲ့ ပရီးမီးယားလိဂ္ သြင္းဂိုးကို ျပန္လည္ရရွိသြားခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၆၀ ေလာက္မွာ အာဒါရာဘိုင္ယို႐ိုရဲ႕ အမွားကေန ေတာရက္စ္ ေဘာလုံးလုယူႏိုင္ခဲ့ၿပီး ဂိုးေရွ႕ဆြဲအေျပးမွာ ေနာက္က လိုက္တြန္းခဲ့လို႔ လဲက်သြားခ်ိန္မွာ ပင္နယ္တီေပးခဲ့ရပါတယ္။ အဲဒီ ပင္နယ္တီကို တိုက္စစ္မႉး အဂူ႐ိုက ဘယ္ဘက္တိုင္ေျခကို ကန္သြင္းခဲ့ရာမွာ ဂိုးသမား အာရီယိုလာ ဒိုက္ပစ္မႈက အနည္းငယ္ေနာက္က်ေနခဲ့လို႔ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။

အဲဒီဂိုးဟာ အဂူ႐ို အတြက္ေတာ့ (၂၀၂၀) ဇန္နဝါရီေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ သြင္းဂိုးလည္းျဖစ္ပါတယ္။ အဂူ႐ို နဲ႔ မန္စီးတီး အသင္း တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဒီရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမား ဟာ အသင္းကေန အလြတ္နဲ႔ ထြက္ခြာသြားဖြယ္ရွိေနတာလည္းျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ဖူလ္ဟမ္အသင္းကို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲမွာ ၂၁ ဂိုးအထိ သြင္းယူထားပါတယ္။ေပးဂိုး တစ္ဂိုးမွ မရွိခဲ့ပါဘူး။ အမွတ္ေပးဇယား အဆင့္ ၁ ေနရာက မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ဗိုလ္ဆြဲဖို႔ ရမွတ္ ၁၄ မွတ္သာ လိုအပ္ေတာ့တာျဖစ္ပါတယ္။ ဖူလ္ဟမ္ကို ႏိုင္အၿပီးမွာ ​ေတာ့ ယူႏိုက္တက္ကို ၁၇ မွတ္ျဖတ္ထားလိုက္ပါၿပီ။