
Photo Credit
Photo Credit
စပိန်အသင်းနည်းပြ ရောဘတ်မိုရီနိုက လက်ရွေးစင်အသင်းအတွက် ၄နှစ်အတွင်း ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ဝါရင့်ကွင်းလယ်လူ ဆန်တီကာဇိုလာကို ထူးခြားသူတစ်ဦးအဖြစ် သတ်မှတ်ရင်း အသိအမှတ်ပြုချီးကျူးလိုက်ပါတယ်။
Photo Credit
ဗီလာရီးရဲလ်ကွင်းလယ်ဖန်တီးရှင် ကာဇိုလာဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့စဉ်က ကစားသမားဘဝကနေ အနားယူရလုနီးပါးဖြစ်ခဲ့တဲ့ကာလရှည်ဒဏ်ရာပြဿနာကနေ ပြန်လည်နိုးထနိုင်ခဲ့ပြီးနောက် စပိန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ယမန်နေ့ညက မော်လ်တာကို ၇-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရို ၂၀၂၀ ခြေစစ်ပွဲမှာလည်း ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
အဲဒီပွဲမှာ ဝါရင့်ကွင်းလယ်လူ ကာဇိုလာ ဂိုးပေါက်တွေ့ခဲ့သလို လူငယ်ကစားသမားတွေဖြစ်တဲ့ ပါအူတောရက်စ်နဲ့ အိုလ်မိုတု့ိလည်း လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပြီး နာဗက်စ်၊ ရာအူးလ်အယ်လ်ဘီယိုနဲ့ ရာမို့စ်တို့လည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
Photo Credit
စပိန်အသင်းနည်းပြဘ၀ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ မိုရီနိုက ”ဆိုးရွားလွန်းတဲ့ဒဏ်ရာပြဿနာတွေကနေ စိတ်ဓာတ်မကျဘဲ ပြန်လာနိုင်ပြီး ဒီလိုခြေစွမ်းမျိုး၊ ဒီလိုအောင်မြင်မှုမျိုး ယူပြနေတာက သူဟာ တမူထူးခြားသူဆိုတာ သက်သေပြနေတာပါပဲ။ ကာဇိုလာ၊ ရာအူးလ်နဲ့ ရာမို့စ်တို့လို ကစားသမားတွေမပါဝင်ဘဲ ပြိုင်ပွဲကြီးရဲ့ဆီမီးဖိုင်နယ်၊ ဖိုင်နယ်တွေမှာ အနိုင်ရဖို့ ခက်ပါတယ်”
Photo Credit
”သူတို့လို ဆုဖလားတွေအများကြီးရထားတဲ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုက ခန့်မှန်းလို့မရလောက်အောင် ကြီးမားလွန်းပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေမပါဝင်ဘဲနဲ့တော့ ပြိုင်ပွဲကြီးတွေမှာအနိုင်ရဖို့ ခက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Photo Credit
စပိန်အသင်းဟာ ပထမပိုင်းမှာ မိုရာတာနဲ့ ကာဇိုလာတု့ိရဲ့ဂိုးတွေကြောင့် ၂-၀ ဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပါအူတောရက်စ်၊ ဆာရာဘီးယား၊ အိုလ်မို၊ ဂျရတ်မိုရီနိုနဲ့ နာဗက်စ်တို့က ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့လု့ိ ၇ဂိုးပြတ်အနိုင်ရခဲ့တာပါ။
Photo Credit
ကာဇိုလာဟာ ၂၀၁၃ နိုဝင်ဘာလ ၁၃ရက်နေ့က အင်္ဂလန်အသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၄နှစ်(၁၄၆၃ရက်)အကြာမှာ မော်လ်တာဘက်ကို ပထမဆုံးလက်ရွေးစင်သွင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Gol de Santi Cazorla con la Selección 4 años después. Sufrió 8 operaciones de tobillo, estuvo a punto de que le ampuntaran el pie y el médico le dijo que estuviera contento si lograba caminar con su hija en el césped de casa. pic.twitter.com/ksIRBfaJvs
— Fonsi Loaiza (@FonsiLoaiza) November 15, 2019
Video Credit
Zawgyi
၄ႏွစ္အတြင္း စပိန္အတြက္ ပထမဆုံးဂိုးသြင္းယူႏုိင္ခဲ့တဲ့ကာဇိုလာကို ထူးျခားသူတစ္ဦးအျဖစ္ စပိန္နည္းျပခ်ီးက်ဴး
စပိန္အသင္းနည္းျပ ေရာဘတ္မုိရီႏိုက လက္ေရြးစင္အသင္းအတြက္ ၄ႏွစ္အတြင္း ပထမဆုံးဂုိးသြင္းယူႏုိင္ခဲ့တဲ့၀ါရင့္ကြင္းလယ္လူ ဆန္တီကာဇိုလာကို ထူးျခားသူတစ္ဦးအျဖစ္ သတ္မွတ္ရင္း အသိအမွတ္ျပဳခ်ီးက်ဴးလုိက္ပါတယ္။
ဗီလာရီးရဲလ္ကြင္းလယ္ဖန္တီးရွင္ ကာဇိုလာဟာ အာဆင္နယ္အသင္းမွာ ကစားခဲ့စဥ္က ကစားသမားဘ၀ကေန အနားယူရလုနီးပါးျဖစ္ခဲ့တဲ့ကာလရွည္ဒဏ္ရာျပႆနာကေန ျပန္လည္ႏိုးထႏုိင္ခဲ့ၿပီးေနာက္ စပိန္အသင္းမွာ ျပန္လည္ေရြးခ်ယ္ခံခဲ့ရၿပီး ယမန္ေန႔ညက ေမာ္လ္တာကို ၇-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ယူ႐ို ၂၀၂၀ ေျခစစ္ပဲြမွာလည္း ဂုိးပါသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီပြဲမွာ ၀ါရင့္ကြင္းလယ္လူ ကာဇိုလာ ဂိုးေပါက္ေတြ႕ခဲ့သလို လူငယ္ကစားသမားေတြျဖစ္တဲ့ ပါအူေတာရက္စ္နဲ႔ အုိလ္မုိတု႔ိလည္း လက္ေရြးစင္ကစားသမားဘ၀ ပထမဆုံးဂုိးေတြအသီးသီးသြင္းယူႏုိင္ခဲ့ၿပီး နာဗက္စ္၊ ရာအူးလ္အယ္လ္ဘီယိုနဲ႔ ရာမို႔စ္တုိ႔လည္း ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
စပိန္အသင္းနည္းျပဘ၀ ႐ံႈးပဲြမရွိစံခ်ိန္တင္ထားတဲ့ မိုရီႏိုက ”ဆုိးရြားလြန္းတဲ့ဒဏ္ရာျပႆနာေတြကေန စိတ္ဓာတ္မက်ဘဲ ျပန္လာႏိုင္ၿပီး ဒီလုိေျခစြမ္းမ်ိဳး၊ ဒီလုိေအာင္ျမင္မႈမ်ိဳး ယူျပေနတာက သူဟာ တမူထူးျခားသူဆုိတာ သက္ေသျပေနတာပါပဲ။ ကာဇိုလာ၊ ရာအူးလ္နဲ႔ ရာမုိ႔စ္တုိ႔လုိ ကစားသမားေတြမပါ၀င္ဘဲ ၿပိဳင္ပြဲႀကီးရဲ႕ဆီမီးဖုိင္နယ္၊ ဖုိင္နယ္ေတြမွာ အႏိုင္ရဖို႔ ခက္ပါတယ္”
”သူတုိ႔လုိ ဆုဖလားေတြအမ်ားႀကီးရထားတဲ့ကစားသမားေတြရဲ႕ႀကိဳးစားအားထုတ္မႈက ခန္႔မွန္းလုိ႔မရေလာက္ေအာင္ ႀကီးမားလြန္းပါတယ္။ သူတုိ႔ရဲ႕အေတြ႕အႀကံဳေတြမပါ၀င္ဘဲနဲ႔ေတာ့ ၿပိဳင္ပြဲႀကီးေတြမွာအႏိုင္ရဖို႔ ခက္ပါတယ္”လုိ႔ ေျပာၾကားခဲ့ပါတယ္။
စပိန္အသင္းဟာ ပထမပိုင္းမွာ မုိရာတာနဲ႔ ကာဇိုလာတု႔ိရဲ႕ဂိုးေတြေၾကာင့္ ၂-၀ ဂိုးနဲ႔သာ ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ပါအူေတာရက္စ္၊ ဆာရာဘီးယား၊ အိုလ္မို၊ ဂ်ရတ္မုိရီႏုိနဲ႔ နာဗက္စ္တို႔က ဂိုးေတြဆက္တိုက္သြင္းယူႏုိင္ခဲ့လု႔ိ ၇ဂိုးျပတ္အႏုိင္ရခဲ့တာပါ။
ကာဇိုလာဟာ ၂၀၁၃ ႏို၀င္ဘာလ ၁၃ရက္ေန႔က အဂၤလန္အသင္းကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ၄ႏွစ္(၁၄၆၃ရက္)အၾကာမွာ ေမာ္လ္တာဘက္ကို ပထမဆုံးလက္ေရြးစင္သြင္းဂိုးသြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။