
photo-the sun
photo-social media
ေနမာဟာ စေနနံနက္က ကစားသြားခဲ့တဲ့ ကုိလံဘီယာနဲ႔ေျခစမ္းပြဲစဥ္မွာ ၃ လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ပါ၀င္ကစားႏိုင္ခဲ့သလို ဂိုးလညး္သြင္းႏုိင္ခဲ့တာေၾကာင့္ သူ႔ရဲ႕အေကာင္းဆုံးျပန္လာႏိုင္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဒီပြဲမွာ ၿပိဳင္ဘက္ကစားသမားေၾကာင့္ ေၾကာ္ျငာဘုတ္ျပားကို မ်က္ႏွာနဲ႔ဆုိးဆိုးရြားရြားတိုက္မိသြားခဲ့ပါတယ္။ ကံေကာင္းခဲ့တာက သူဘာမွမျဖစ္ဘဲ မိနစ္ ၉၀ ျပည့္ကစားသြားႏိုင္ခဲ့တာပါ။
photo-usa today sports
အဲဒီဘရာဇီးစူပါစတားဟာ ဇြန္လအတြင္းက ႏိုင္ငံတကာပြဲစဥ္မွာပဲ ရရွိတဲ့ဒဏ္ရာေၾကာင့္ အဲဒီကတည္းက ကလပ္နဲ႔ႏိုင္ငံတုိ႔အတြက္ ကစားေပးႏိုင္ျခငး္မရွိေတာ့ပါဘူး။ ကိုလံဘီယာနဲ႔ ေျခစမ္းပြဲေရာက္မွသာ ပထဆုံးအႀကိမ္အျဖစ္ ျပန္ကစားႏိုင္ခဲ့တာပါ။ ၃ လအတြင္းက သူ႔ရဲ႕ပထမဆုံးပြဲမွာပဲ ကာဆီမီရိုသြင္းယူတဲ့အဖြင့္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ၿပီး သူကုိယ္တုိင္လည္း ၁ ဂိုးသြင္းခဲ့ကာ သူသြင္းခဲ့တဲ့ဂိုးဟာ ကိုလံဘီယာ ၂-၁ နဲ႔ဦးေဆာင္ေနခ်ိန္ ဘရာဇီးအတြက္ ေခ်ပဂိုးျဖစ္သြားခဲ့တာပါ။
photo-AP
ဒါေပမဲ့ အသက္ ၂၇ ႏွစ္အရြယ္ အဲဒီပီအက္စ္ဂ်ီိတိုက္စစ္မႈးဟာ ပြဲခ်ိန္အတြင္းမွာ ပင္နယ္တီရႏိုင္မယ့္ဖ်က္ထုတ္မႈမ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ အခန္႔မသင့္ရင္ သူပါ ဒဏ္ရာထပ္ရသြားႏိုင္တဲ့အေျခအေနမ်ိဳးပါ။ စပါးမွာကစားေနတဲ့ ကိုလံဘီယာေနာက္ခံလူဆန္းခ်က္ဇ္က ပင္နယ္တီဧရိယာထဲမွာပဲ ခပ္ၾကမး္ၾကမး္နဲ႔ ေဘာ္ဒီတိုက္ဖ်က္ထုတ္မႈလုပ္ခဲ့တာျဖစ္ၿပီး အဲဒါေၾကာင့္လည္း ေနမာဟာ လဲက်လြင့္စင္သြားၿပီး ေၾကာ္ျငာဘုတ္ျပားကို မ်က္ႏွာနဲ႔ ဆိုးဆုိးရြားရြားတိုက္မိသြားခဲ့တာပါ။ ျဖစ္ျဖစ္ခ်င္း ေနမာတစ္ေယာက္ နာနာက်င္က်င္ခံစားသြားခဲ့ရပုံလည္း ေပါက္ခဲ့ပါတယ္။ အဲဒီအတြက္ သူပင္နယ္တီေတာင္းခဲ့ေပမယ့္ VAR မရွိတဲ့ပဲြမို႔ ့ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။
[Unicode]
နေမာဟာ စနေနံနက်က ကစားသွားခဲ့တဲ့ ကိုလံဘီယာနဲ့ခြေစမ်းပွဲစဉ်မှာ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားနိုင်ခဲ့သလို ဂိုးလည်းသွင်းနိုင်ခဲ့တာကြောင့် သူ့ရဲ့အကောင်းဆုံးပြန်လာနိုင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီပွဲမှာ ပြိုင်ဘက်ကစားသမားကြောင့် ကြော်ငြာဘုတ်ပြားကို မျက်နှာနဲ့ဆိုးဆိုးရွားရွားတိုက်မိသွားခဲ့ပါတယ်။ ကံကောင်းခဲ့တာက သူဘာမှမဖြစ်ဘဲ မိနစ် ၉၀ ပြည့်ကစားသွားနိုင်ခဲ့တာပါ။
အဲဒီဘရာဇီးစူပါစတားဟာ ဇွန်လအတွင်းက နိုင်ငံတကာပွဲစဉ်မှာပဲ ရရှိတဲ့ဒဏ်ရာကြောင့် အဲဒီကတည်းက ကလပ်နဲ့နိုင်ငံတို့အတွက် ကစားပေးနိုင်ခြင်းမရှိတော့ပါဘူး။ ကိုလံဘီယာနဲ့ ခြေစမ်းပွဲရောက်မှသာ ပထဆုံးအကြိမ်အဖြစ် ပြန်ကစားနိုင်ခဲ့တာပါ။ ၃ လအတွင်းက သူ့ရဲ့ပထမဆုံးပွဲမှာပဲ ကာဆီမီရိုသွင်းယူတဲ့အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း ၁ ဂိုးသွင်းခဲ့ကာ သူသွင်းခဲ့တဲ့ဂိုးဟာ ကိုလံဘီယာ ၂-၁ နဲ့ဦးဆောင်နေချိန် ဘရာဇီးအတွက် ချေပဂိုးဖြစ်သွားခဲ့တာပါ။
ဒါပေမဲ့ အသက် ၂၇ နှစ်အရွယ် အဲဒီပီအက်စ်ဂျီတိုက်စစ်မှုးဟာ ပွဲချိန်အတွင်းမှာ ပင်နယ်တီရနိုင်မယ့်ဖျက်ထုတ်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အခန့်မသင့်ရင် သူပါ ဒဏ်ရာထပ်ရသွားနိုင်တဲ့အခြေအနေမျိုးပါ။ စပါးမှာကစားနေတဲ့ ကိုလံဘီယာနောက်ခံလူဆန်းချက်ဇ်က ပင်နယ်တီဧရိယာထဲမှာပဲ ခပ်ကြမ်းကြမ်းနဲ့ ဘော်ဒီတိုက်ဖျက်ထုတ်မှုလုပ်ခဲ့တာဖြစ်ပြီး အဲဒါကြောင့်လည်း နေမာဟာ လဲကျလွင့်စင်သွားပြီး ကြော်ငြာဘုတ်ပြားကို မျက်နှာနဲ့ ဆိုးဆိုးရွားရွားတိုက်မိသွားခဲ့တာပါ။ ဖြစ်ဖြစ်ချင်း နေမာတစ်ယောက် နာနာကျင်ကျင်ခံစားသွားခဲ့ရပုံလည်း ပေါက်ခဲ့ပါတယ်။ အဲဒီအတွက် သူပင်နယ်တီတောင်းခဲ့ပေမယ့် VAR မရှိတဲ့ပွဲမို့ ့ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။