၃ လကြာနားရတော့မှာမို့ ပိုဆိုးသထက်ဆိုးလာတဲ့ ပေါ့ဂ်ဘာရဲ့ဘောလုံးရာသီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကွင်းလယ်လူပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းနဲ့ရှိနေစဉ်ရရှိခဲ့တဲ့ပေါင်ကြွက်သားဒဏ်ရာကြောင့် ၃ လအထိ အနားယူရနိုင်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။

သူဟာ လေ့ကျင့်ရေးမှာ ဖရီးကစ်ကန်နေစဉ် ဒီလိုဒဏ်ရာရသွားတာဖြစ်ပြီး မူလက ၆ ပတ်ကနေ ၈ ပတ်ထိပဲ နားရမယ်လို့ ထင်ထားပေမယ့် အဲဒီထက်ပိုပြီးရှည်ကြာနိုင်တယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

”တစ်ခါတစ်ရံ မျှော်လင့်ထားသလို မဟုတ်ဘူးပေါ့။

၆ ပတ်၊ ၇ ပတ်လောက်ပဲလို့ ထင်ထားပေမယ့် ဒီလိုကြွက်သားဒဏ်ရာမျိုးက အဆိုးဆုံးအနေနဲ့ ၁၀ ပတ်၊ ၁၁ ပတ်၊ ၁၂ ပတ်အထိ ကြာနိုင်ပါတယ်။

ကျွန်တော်က ဆရာဝန်မဟုတ်တော့ အတိအအကျမမှန်းတတ်ဘူး။

ဒါပေမဲ့ သူကိုယ်တိုင်း မြန်မြန်သက်သာမယ်လို့ မပြောနိုင်ဘူး။

ခရစ္စမတ်အလွန်မှာ ပေါ့ဂ်ဘာကို ပြန်တွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ပွဲကျပ်ကာလဖြတ်သန်းနေရချိန်မို့ ဒီဒဏ်ရာသတင်းက ကစားသမားအတွက်ရော ကလပ်အတွက်ပါ သတင်းဆိုးဖြစ်ခဲ့ပါတယ်။

မန်ယူဟာ ဝက်ဖို့ဒ်နဲ့ကစားပြီးတာနဲ့ ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်အဝေးကွင်းကန်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရောက်ရင် စတမ်းဖု့ိဒ်ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရဦးမှာပါ။

ပေါ့ဂ်ဘာဟာ လီဗာပူးကို ၅ ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ အထုတ်ခံခဲ့ရလို့ မန်ချက်စတာဒါဘီရှုံးပွဲမှာလည်း မပါနိုင်ခဲ့ပါဘူး။

ပေ့ါဂ်ဘာဟာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာဖို့ သတင်းကြီးနေပြီး သူ့အေးဂျင့်ရွိင်အိုလာကလည်း မန်ယူကထွက်ဖို့ နီးစပ်နေတယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။

ပေါ့ဂ်ဘာရဲ့မန်ယူနဲ့စာချုပ်သက်တမ်းက လာမယ့်နွေမှာပဲ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






မန်ယူဟာ ဝက်ဖို့ဒ်နဲ့ကစားပြီးတာနဲ့ ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်အဝေးကွင်းကန်ရမှာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရောက်ရင် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးနဲ့ရင်ဆိုင်ရဦးမှာပါ။


ပေါ့ဂ်ဘာဟာ အိုးလ်ထရက်ဖို့ဒ်က ထွက်ခွာဖို့ သတင်းကြီးနေပြီး သူ့အေးဂျင့်ရွိင်အိုလာကလည်း မန်ယူကထွက်ဖို့ နီးစပ်နေတယ်လို့ အရိပ်အမြွက်ပြောထားပါတယ်။
