
Photo Credit
Photo Credit
အန်ဒါလက်ခ်ျအသင်းမှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူထားတဲ့ စီးတီးအသင်းခေါင်းဆောင်ဟောင်းကွန်ပနီဟာ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲ ၃ ပွဲ ကိုင်တွယ်အပြီးမှာတောင် ပထမဆုံး နိုင်ပွဲကိုမတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေနေရဆဲ ဖြစ်ပါတယ်။
Photo Credit ; Getty Images
ယမန်နေ့ညက ကွန်ပနီရဲ့အန်ဒါလက်ခ်ျအသင်းဟာ အိမ်ကွင်းမှာ မီချီလန်အသင်းကိုဧည့်ခံကစားခဲ့ပြီး အဆိုပါပွဲစဉ်မှာ ကွန်ပနီဟာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့် ၂ သင်းလုံး ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ အန်ဒါလက်ခ်ျအသင်းဟာ ဒီရာသီမှာရမှတ် ၂ မှတ်သာရရှိထားပါတယ်။
Photo Credit ; Getty Images
အဆိုပါ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ခ်ျအသင်းဟာ ပွဲဦးထွက်ပွဲစဉ်မှာ အိုစတန်ဒီအသင်းကို ၂ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ရွိုင်ရယ်မောက်စခရွန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ကာ ယခုလည်း မီချယ်လန်အသင်းနဲ့ ပွဲစဉ်မှာပါ ထပ်မံသရေကျခဲ့တာ ဖြစ်ပါတယ်။
Photo Credit
ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုကိုင်မြှောက်နိုင်ခဲ့ပြီး စီးတီးအသင်းကစားသမားဘဝကို အဆုံးသတ်ခဲ့ကာ နွေရာသီမှာပဲငယ်စဉ်ကကစားခဲ့တဲ့ အသင်းဟောင်းအန်ဒါလက်ခ်ျအသင်းကို ပြန်လာခဲ့ပါတယ်။
Photo Credit
Photo Credit ; Getty Images
ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ၃ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ဖို့ ကြိုးစားနေပြီး ဂျူဗင်တပ်စ်ညာနောက်ခံလူဂျာအိုကန်ဆယ်လိုနဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူရိုဒရီတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။
Photo Credit
Unicode
၃ ပွဲအပြီးမှာတောင် အန်ဒါလက်ချ်နဲ့အတူ ပထမဆုံး နိုင်ပွဲရဖို့ ကွန်ပနီကြိုးစားနေရဆဲဖြစ်
အန်ဒါလက်ချ်အသင်းမှာ ကစားသမား/နည်းပြအဖြစ် တာဝန်ယူထားတဲ့ စီးတီးအသင်းခေါင်းဆောင်ဟောင်းကွန်ပနီဟာ ဘယ်လ်ဂျီယံလိဂ်ပြိုင်ပွဲ ၃ ပွဲ ကိုင်တွယ်အပြီးမှာတောင် ပထမဆုံး နိုင်ပွဲကိုမတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေနေရဆဲ ဖြစ်ပါတယ်။
ယမန်နေ့ညက ကွန်ပနီရဲ့အန်ဒါလက်ချ်အသင်းဟာ အိမ်ကွင်းမှာ မီချီလန်အသင်းကိုဧည့်ခံကစားခဲ့ပြီး အဆိုပါပွဲစဉ်မှာ ကွန်ပနီဟာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့် ၂ သင်းလုံး ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ အန်ဒါလက်ချ်အသင်းဟာ ဒီရာသီမှာရမှတ် ၂ မှတ်သာရရှိထားပါတယ်။
အဆိုပါ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဟာ ပွဲဦးထွက်ပွဲစဉ်မှာ အိုစတန်ဒီအသင်းကို ၂ – ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး ရွိုင်ရယ်မောက်စခရွန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ကာ ယခုလည်း မီချယ်လန်အသင်းနဲ့ ပွဲစဉ်မှာပါ ထပ်မံသရေကျခဲ့တာ ဖြစ်ပါတယ်။
ကွန်ပနီဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုကိုင်မြှောက်နိုင်ခဲ့ပြီး စီးတီးအသင်းကစားသမားဘဝကို အဆုံးသတ်ခဲ့ကာ နွေရာသီမှာပဲငယ်စဉ်ကကစားခဲ့တဲ့ အသင်းဟောင်းအန်ဒါလက်ချ်အသင်းကို ပြန်လာခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေ မစတင်ခင် ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ လီဗာပူးအသင်းကိုပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ပထမဆုံးအောင်မြင်မှုတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲစဉ်ကိုတော့ ယနေ့ညနေ ၆ နာရီမှာဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ၃ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ဖု့ိ ကြိုးစားနေပြီး ဂျူဗင်တပ်စ်ညာနောက်ခံလူဂျာအိုကန်ဆယ်လိုနဲ့ အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူရိုဒရီတို့ကို ခေါ်ယူအားဖြည့်ထားပါတယ်။