
photo-gettyimages
photo-gettyimages
အယ်လ်အေဂလက်ဆီက ထွက်ခွာလာတဲ့ မန်ယူတိုက်စစ်မှုးဟောင်းအီဘရာဟီမိုဗစ်ဟာ ဘယ်စီးရီးအေအသင်းပဲဖြစ်ဖြစ် သူ့ကိုခေါ်ယူချင်တယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းကျော်ပေးဖို့ တောင်းဆိုနေကြောင်း သတင်းထွက်ပေါ်လာပါတယ်။ အဲဒီဆွီဒင်ဂန္ထဝင်ကစားသမားဟာ အခုအပတ်အစောပိုင်းမှာပဲ ဂလက်ဆီနဲ့လမ်းခွဲပြီး သူ့ရဲ့ ၂ နှစ်ကြာမေဂျာလိဂ်ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပြောင်းမယ့်အသင်းက ဘယ်အသင်းဆိုတာကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။
photo-gettyimages
၃၈ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ဥရောပတစ်လွှားကလပ်အသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် အီတလီကို ပြန်သွားရေးကသာ သူ့ရဲ့ဦးစားပေးရည်မှန်းချက်ဖြစ်နေကာ အသင်းဟောင်းအေစီမီလန်၊ဘိုလော့ဂ်နာ၊ရိုမား၊နာပိုလီနဲ့ဖီအိုရင်တီးနားတို့အားလုံးက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။ ဒါပေမဲ့ အီတလီသတင်းစာတစ်စောင်ရဲ့ဖော်ပြချက်အရ ၆ လစာချုပ်အတွက် တစ်လကို လုပ်ခအဖြစ် ပေါင် ၈၆၀၀၀၀ ပေးနိုင်မှသာ သူ့ကိုခေါ်ယူနိုင်မယ်လို့ သိရပါတယ်။
photo-gettyimages
အခုချိန်မှာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ အေစီမီလန်ပြန်သွားဖို့က ရေပန်းစားနေပါတယ်။ မိုဗစ်ဟာ ၂၀၁၀ ကနေ ၂၀၁၂ အတွင်း အဲဒီမီလန်ကလပ်မှာကစားခဲ့ပြီး ၅၆ ဂိုးသွင်းခဲ့တာပါ။ ဒါပေမဲ့ အေစီမီလန်ဟာ သူ့ရဲ့မြင့်မားလုပ်ခလစာကို လျှော့ချနိုင်ရေးအတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ မိုဗစ်ဟာ အင်တာမီလန်၊ဂျူဗင်တပ်တို့နဲ့လည်း စီးရီးအေမှာ အောင်မြင်ခဲ့ပြီး အီတလီမြေမှာ အဓိကဆုဖလား ၇ ခု ကိုင်မြှောက်နိုင်ခဲ့တာပါ။ လာမယ့်အပတ်တွေမှာတော့ မိုဗစ်ရဲ့အနာဂါတ်ဟာ ပိုပြီးရှင်းလင်းလာဖို့ ရှိပါတယ်။ သူဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းတစ်သင်းဆီ အလွတ်ပြောင်းရွှေ့မှာပါ။
[Zawgyi]
၃၈ ႏွစ္ရွိၿပီျဖစ္ေပမယ့္ စီးရီးေအကို ျပန္လာေရးမွာ တစ္ပတ္ကို ေပါင္ ၂ သိန္းေက်ာ္ေတာင္းဆုိေနတ့ဲ မုိဗစ္
အယ္လ္ေအဂလက္ဆီက ထြက္ခြာလာတဲ့ မန္ယူတိုက္စစ္မႈးေဟာင္းအီဘရာဟီမိုဗစ္ဟာ ဘယ္စီးရီးေအအသင္းပဲျဖစ္ျဖစ္ သူ႔ကုိေခၚယူခ်င္တယ္ဆိုရင္ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းေက်ာ္ေပးဖို႔ ေတာင္းဆိုေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။ အဲဒီဆြီဒင္ဂႏၳ၀င္ကစားသမားဟာ အခုအပတ္အေစာပိုင္းမွာပဲ ဂလက္ဆီနဲ႔လမ္းခြဲၿပီး သူ႔ရဲ႕ ၂ ႏွစ္ၾကာေမဂ်ာလိဂ္ကစားသမားဘ၀ကို အဆုံးသတ္ခဲ့တာပါ။ ဒါေပမဲ့ ေနာက္ေျပာင္းမယ့္အသင္းက ဘယ္အသင္းဆုိတာကိုေတာ့ ေၾကညာျခင္း မရွိေသးပါဘူး။
၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ မိုဗစ္ဟာ ဥေရာပတစ္လႊားကလပ္အသင္းေတြနဲ႔ သတင္းထြက္ခဲ့ေပမယ့္ အီတလီကို ျပန္သြားေရးကသာ သူ႔ရဲ႕ဦးစားေပးရည္မွန္းခ်က္ျဖစ္ေနကာ အသင္းေဟာင္းေအစီမီလန္၊ဘုိေလာ့ဂ္နာ၊ရိုမား၊နာပိုလီနဲ႔ဖီအုိရင္တီးနားတုိ႔အားလုံးက ေခၚယူဖို႔ စိတ္၀င္စားေနၾကတာပါ။ ဒါေပမဲ့ အီတလီသတင္းစာတစ္ေစာင္ရဲ႕ေဖာ္ျပခ်က္အရ ၆ လစာခ်ဳပ္အတြက္ တစ္လကို လုပ္ခအျဖစ္ ေပါင္ ၈၆၀၀၀၀ ေပးႏိုုင္မွသာ သူ႔ကိုေခၚယူႏိုုင္မယ္လုိ႔ သိရပါတယ္။
အခုခ်ိန္မွာ သူ႔ရဲ႕အသင္းေဟာင္းျဖစ္တဲ့ ေအစီမီလန္ျပန္သြားဖို႔က ေရပန္းစားေနပါတယ္။ မိုဗစ္ဟာ ၂၀၁၀ ကေန ၂၀၁၂ အတြင္း အဲဒီမီလန္ကလပ္မွာကစားခဲ့ၿပီး ၅၆ ဂိုးသြင္းခဲ့တာပါ။ ဒါေပမဲ့ ေအစီမီလန္ဟာ သူ႔ရဲ႕ျမင့္မားလုပ္ခလစာကို ေလွ်ာ႔ခ်ႏိုင္ေရးအတြက္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ မိုဗစ္ဟာ အင္တာမီလန္၊ဂ်ဴဗင္တပ္တို႔နဲ႔လည္း စီးရီးေအမွာ ေအာင္ျမင္ခဲ့ၿပီး အီတလီေျမမွာ အဓိကဆုဖလား ၇ ခု ကိုင္ေျမွာက္ႏိုင္ခဲ့တာပါ။ လာမယ့္အပတ္ေတြမွာေတာ့ မုိဗစ္ရဲ႕အနာဂါတ္ဟာ ပုိၿပီးရွင္းလင္းလာဖို႔ ရွိပါတယ္။ သူဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ အသင္းတစ္သင္းဆီ အလြတ္ေျပာင္းေရႊ႕မွာပါ။