
photo-the sun
photo-gettyimages
ဇလက်တန်အီဘရာဟီမိုဗစ်ဟာ အခုချိန်ထိကို အသက်အရွယ်နဲ့မလိုက်အောင် စွမ်းဆောင်နိုင်နေဆဲပါပဲ။ လက်ရှိမှာလည်း သူဟာ မေဂျာလိဂ်ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုအတွက် ဒုတိယနေရာမှာရပ်တည်နေပြီး ဒီရာသီ အယ်လ်အေဂလက်ဆီအသင်းရဲ့ထိပ်တန်းစွမ်းဆောင်ရှင်လည်း ဖြစ်နေတာပါ။ ဒီလိုမျိုးဆက်လက်လုပ်ပြနိုင်အောင် သူ့ကိုယ်သူမြှင့်တင်တဲ့အနေနဲ့ မိုဗစ်ဟာ ၃၈ နှစ်ပြည့်မွေးနေ့မှာ ကိုယ့်ကိုယ်ကိုယ်မွေးနေ့လက်ဆောင်အဖြစ် ရှားပါးတန်ဖိုးကြီးဖာရာရီ sports ကားတစ်စီးကို ဝယ်ယူလိုက်ပါတယ်။
photo-social media
ကိုယ့်ကိုယ်ကိုယ်မွေးနေ့လက်ဆောင်အဖြစ် မိုဗစ်ဝယ်ခဲ့တဲ့ sports ကားအမျိုးအစား Ferrari Monza SP2 ဟာ ပြီးခဲ့တဲ့နှစ်ကမှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး limited အနေနဲ့ အစီးရေ ၅၀၀ အောက်သာ ထုတ်လုပ်သွားမှာဖြစ်ကာ လက်ရှိအချိန်ထိ အစီးရေ ၂၀၀ သာရှိသေးပြီး တန်ဖိုးအားဖြင့် ယူရို ၂ သန်းရှိကာ ၂.၉ စက္ကန့်အတွင်းမှာ ၀ ကနေ တစ်နာရီမိုင် ၆၀ နှုန်းသွားနိုင်ပါတယ်။ အဲဒီကားရဲ့အမြန်ဆုံး speed ကတော့ တစ်နာရီမိုင် ၁၈၀ နှုန်းပါ။ “Happy Birthday to Zlatan.” ဆိုတဲ့ caption နဲ့အတူ မိုဗစ်ဟာ သူ့ရဲ့တန်ဖိုးကြီးဖာရာရီကားသစ်ကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Instagram ပေါ်မှာ ပြန်လည်မျှဝေခဲ့တာပါ။
photo-gettyimages
အဲဒီမန်ယူတိုက်စစ်မှုးဟောင်းဟာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့မှာ အသက် ၃၀ ပြည့်ပြီးကတည်းက ပြိုင်ပွဲအရပ်ရပ်ဂိုး ၃၀၀ သွင်းယူထားပါတယ်။ အဲဒီဂိုး ၃၀၀ ကို ၃၇၁ ပွဲတည်းနဲ့သွင်းခဲ့တာဖြစ်လို့ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းကတည်းက သူ့ရဲ့ဂိုးသွင်းနှုန်းဟာ တစ်ပွဲပျဉ်းမျှ ဝ.၈၁ ဂိုးဖြစ်နေပါတယ်။ ဒါတောင် သူဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မန်ယူမှာ ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တဲ့ ဒူးဒဏ်ရာကို ရရှိခဲ့သေးတာပါ။
Zawgyi
၃၈ ႏွစ္ျပည့္မွာ ကုိယ့္ကိုယ္ကုိယ္ေမြးေန႔လက္ေဆာင္အျဖစ္ တန္ဖိုးႀကီးကား၀ယ္ခဲ့တဲ့ မုိဗစ္
ဇလက္တန္အီဘရာဟီမုိဗစ္ဟာ အခုခ်ိန္ထိကို အသက္အရြယ္နဲ႔မလိုက္ေအာင္ စြမး္ေဆာင္ႏိုင္ေနဆဲပါပဲ။ လက္ရွိမွာလည္း သူဟာ ေမဂ်ာလိဂ္ၿပိဳင္ပြဲရဲ႕ေရႊဖိနပ္ဆုအတြက္ ဒုတိယေနရာမွာရပ္တည္ေနၿပီး ဒီရာသီ အယ္လ္ေအဂလက္ဆီအသင္းရဲ႕ထိပ္တန္းစြမး္ေဆာင္ရွင္လည္း ျဖစ္ေနတာပါ။ ဒီလိုမ်ိဳးဆက္လက္လုပ္ျပႏိုင္ေအာင္ သူ႔ကိုယ္သူျမွင့္တင္တဲဲ့အေနနဲ႔ မိုဗစ္ဟာ ၃၈ ႏွစ္ျပည့္ေမြးေန႔မွာ ကိုယ့္ကုိယ္ကုိယ္ေမြးေန႔လက္ေဆာင္အျဖစ္ ရွားပါးတန္ဖိုးႀကီးဖာရာရီ sports ကားတစ္စီးကို ၀ယ္ယူလိုက္ပါတယ္။
ကိုယ့္ကိုယ္ကိုယ္ေမြးေန႔လက္ေဆာင္အျဖစ္ မိုဗစ္၀ယ္ခဲ့တဲ့ sports ကားအမ်ိဳးအစား Ferrari Monza SP2 ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ စတင္ထုတ္လုပ္ခဲ့တာျဖစ္ၿပီး limited အေနနဲ႔ အစီးေရ ၅၀၀ ေအာက္သာ ထုတ္လုပ္သြားမွာျဖစ္ကာ လက္ရွိအခ်ိန္ထိ အစီးေရ ၂၀၀ သာရွိေသးၿပီး တန္ဖိုးအားျဖင့္ ယူရို ၂ သန္းရွိကာ ၂.၉ စကၠန္႔အတြင္းမွာ ၀ ကေန တစ္နာရီမိုင္ ၆၀ ႏႈန္းသြားႏိုင္ပါတယ္။ အဲဒီကားရဲ႕အျမန္ဆုံး speed ကေတာ့ တစ္နာရီမိုင္ ၁၈၀ ႏႈန္းပါ။ “Happy Birthday to Zlatan.” ဆိုတဲ့ caption နဲ႔အတူ မုိဗစ္ဟာ သူ႔ရဲ႕တန္ဖိုးႀကီးဖာရာရီကားသစ္ကို ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Instagram ေပၚမွာ ျပန္လည္မွ်ေ၀ခဲ့တာပါ။
အဲဒီမန္ယူတိုက္စစ္မႈးေဟာင္းဟာ ၂၀၁၁ ခုႏွစ္ ေအာက္တိုဘာလ ၃ ရက္ေန႔မွာ အသက္ ၃၀ ျပည့္ၿပီးကတည္းက ၿပိဳင္ပြဲအရပ္ရပ္ဂိုး ၃၀၀ သြင္းယူထားပါတယ္။ အဲဒီဂိုး ၃၀၀ ကို ၃၇၁ ပြဲတည္းနဲ႔သြင္းခဲ့တာျဖစ္လို႔ အသက္ ၃၀ ျပည့္ၿပီးေနာက္ပိုင္းကတည္းက သူ႔ရဲ႕ဂိုးသြင္းႏႈန္းဟာ တစ္ပြဲပ်ဥ္းမွ် ၀.၈၁ ဂိုးျဖစ္ေနပါတယ္။ ဒါေတာင္ သူဟာ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက မန္ယူမွာ ကစားသမားဘ၀ကို အဆုံးသတ္သြားႏိုင္တဲ့ ဒူးဒဏ္ရာကို ရရွိခဲ့ေသးတာပါ။