(၃၇၆၅)ရက်အတွင်း ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲအဖြစ်ကစားခွင့်ရဖို့ရှိနေတဲ့ မန်စီးတီးဂိုးသမားကြီးကာဆင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းရဲ့ တတိယဂိုးသမားဖြစ်သူ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ဝါရင့်ဂိုးသမားကြီးစကော့ကာဆင်ဟာ လာမယ့်စနေနေ့ကျရင် လက်စတာအသင်းနဲ့ကစားမယ့်ပွဲမှာ ပွဲထွက်ကစားခွင့်ရဖို့ရှိနေပြီး

ဒါက (၃၇၆၅)ရက်အတွင်း သူ့အတွက် ဒုတိယမြောက်ကစားရမယ့်ပရီးမီးယားလိဂ်ပွဲဖြစ်လာဖို့ရှိနေပါပြီ။

ဘရာဇီးလ်အသင်းအတွက်ပါဝင်ကစားဖို့ပျက်ကွက်ခဲ့လို့ ဖီဖာက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ကစားသမားတွေထဲမှာ မန်စီးတီးအသင်းအဓိကဂိုးသမားဖြစ်သူ အီဒါဆင်လည်းတစ်ဦးအပါအဝင်ဖြစ်တာကြောင့်

လက်စတာနဲ့ပွဲကိုလွဲချော်မှာဖြစ်ပြီး ဒုတိယဂိုးသမားဇက်ခ်စတက်ဖ်ဖင်ကတော့ ကိုဗစ်ရောဂါကူးစက်ခံထားရလို့ တစ်ဦးတည်းသီးသန့်နေထိုင်ရတဲ့အတွက် ဂိုးသမားစာရင်းမှာ စကော့ကာဆင်နဲ့ လူငယ်အကယ်ဒမီကဂိုးသမားတွေဖြစ်တဲ့ မက်နာမာရာ၊ မစ်ကီဗန်ဆက်တို့သာ ကျန်ရှိတော့တာပါ။

ဂွါဒီယိုလာအနေနဲ့ လက်စတာနဲ့ပွဲမှာ စကော့ကာဆင်ကို ပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုဖို့များနေတာကြောင့် ဒါဟာ မန်စီးတီးကစားသမားဘဝမှာ စကော့ကာဆင်အတွက် ဒုတိယမြောက်ကစားခွင့်ရမယ့်ပွဲဖြစ်လာမယ့်အပြင်

(၁၀)နှစ်တာကာလအတွင်း ဒုတိယမြောက်ကစားမယ့်ပရီးမီးယားလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့နှစ်၊ မေလတုန်းက နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ စကော့ကာဆင်ကို ပွဲထွက်ဂိုးသမားအဖြစ်အသုံးပြုခဲ့ပြီး (၃)ဂိုးပေးခဲ့ရပေမယ့် မန်စီးတီးအသင်းက (၄-၃)ဂိုးရလဒ်နဲ့အနိုင်ရခဲ့ပါတယ်။

စကော့ကာဆင်ဟာ ၂၀၁၀-၁၁ ရာသီက ဝက်စ်ဘရွန်းအသင်းအတွက် ပရီးမီးယားလိဂ်မှာ နောက်ဆုံးပါဝင်ကစားခဲ့ပြီးနောက်ပိုင်း တူရကီကလပ် ဘာဆာစပေါ်အသင်းကို ပြောင်းရွှေ့ခဲ့သလို ဝီဂန်၊ ဒါဘီအသင်းတို့နဲ့ လိဂ်ချန်ပီယံရှစ်မှာသာကစားခဲ့ရပြီး

မနှစ်က နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲဟာ စကော့ကာဆင်အတွက် ဆယ်စုနှစ်တစ်ခုနီးပါးအကြာမှာ ပထမဆုံးကစားခွင့်ရတဲ့ပရီးမီးယားလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ကစားသမားဘဝတစ်လျှောက် လိဒ်စ်၊ လီဗာပူးလ်၊ ဝက်စ်ဘရွန်းစတဲ့အသင်းတွေမှာကစားခဲ့တဲ့စကော့ကာဆင်ဟာ ၂၀၀၄-၀၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းဗိုလ်စွဲခဲ့တုန်းက အသင်းရဲ့ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။

စကော့ကာဆင်ရဲ့ကစားသမားဘဝမှာ ဘယ်တော့မှမမေ့နိုင်မယ့်ဖြစ်ရပ်ကတော့ ယူရို-၂၀၀၈ ခြေစစ်ပွဲ ခရိုအေးရှားနဲ့ကစားခဲ့တဲ့ပွဲတုန်းက သူ့ရဲ့စိတ်ပျက်စရာအမှားကြောင့် ဂိုးပေးလိုက်ရပြီး (၃-၂)ဂိုးနဲ့ရှုံးနိမ့်လို့ အင်္ဂလန်အသင်းခြေစစ်ပွဲမအောင်ခဲ့တာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

(၃၇၆၅)ရက္အတြင္း ဒုတိယေျမာက္ပရီးမီးယားလိဂ္ပြဲအျဖစ္ကစားခြင့္ရဖို႔ရွိေနတဲ့ မန္စီးတီးဂိုးသမားႀကီးကာဆင္

မန္စီးတီးအသင္းရဲ႕ တတိယဂိုးသမားျဖစ္သူ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ပရီးမီးယားလိဂ္ဝါရင့္ဂိုးသမားႀကီးစေကာ့ကာဆင္ဟာ လာမယ့္စေနေန႔က်ရင္ လက္စတာအသင္းနဲ႔ကစားမယ့္ပြဲမွာ ပြဲထြက္ကစားခြင့္ရဖို႔ရွိေနၿပီး ဒါက (၃၇၆၅)ရက္အတြင္း သူ႔အတြက္ ဒုတိယေျမာက္ကစားရမယ့္ပရီးမီးယားလိဂ္ပြဲျဖစ္လာဖို႔ရွိေနပါၿပီ။ ဘရာဇီးလ္အသင္းအတြက္ပါဝင္ကစားဖို႔ပ်က္ကြက္ခဲ့လို႔ ဖီဖာက ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ကစားသမားေတြထဲမွာ မန္စီးတီးအသင္းအဓိကဂိုးသမားျဖစ္သူ အီဒါဆင္လည္းတစ္ဦးအပါအဝင္ျဖစ္တာေၾကာင့္ လက္စတာနဲ႔ပြဲကိုလြဲေခ်ာ္မွာျဖစ္ၿပီး ဒုတိယဂိုးသမားဇက္ခ္စတက္ဖ္ဖင္ကေတာ့ ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ တစ္ဦးတည္းသီးသန႔္ေနထိုင္ရတဲ့အတြက္ ဂိုးသမားစာရင္းမွာ စေကာ့ကာဆင္နဲ႔ လူငယ္အကယ္ဒမီကဂိုးသမားေတြျဖစ္တဲ့ မက္နာမာရာ၊ မစ္ကီဗန္ဆက္တို႔သာ က်န္ရွိေတာ့တာပါ။ ဂြါဒီယိုလာအေနနဲ႔ လက္စတာနဲ႔ပြဲမွာ စေကာ့ကာဆင္ကို ပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳဖို႔မ်ားေနတာေၾကာင့္ ဒါဟာ မန္စီးတီးကစားသမားဘဝမွာ စေကာ့ကာဆင္အတြက္ ဒုတိယေျမာက္ကစားခြင့္ရမယ့္ပြဲျဖစ္လာမယ့္အျပင္ (၁၀)ႏွစ္တာကာလအတြင္း ဒုတိယေျမာက္ကစားမယ့္ပရီးမီးယားလိဂ္ပြဲအျဖစ္ မွတ္တမ္းဝင္မွာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေမလတုန္းက နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ စေကာ့ကာဆင္ကို ပြဲထြက္ဂိုးသမားအျဖစ္အသုံးျပဳခဲ့ၿပီး (၃)ဂိုးေပးခဲ့ရေပမယ့္ မန္စီးတီးအသင္းက (၄-၃)ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့ပါတယ္။ စေကာ့ကာဆင္ဟာ ၂၀၁၀-၁၁ ရာသီက ဝက္စ္ဘ႐ြန္းအသင္းအတြက္ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း တူရကီကလပ္ ဘာဆာစေပၚအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သလို ဝီဂန္၊ ဒါဘီအသင္းတို႔နဲ႔ လိဂ္ခ်န္ပီယံရွစ္မွာသာကစားခဲ့ရၿပီး မႏွစ္က နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲဟာ စေကာ့ကာဆင္အတြက္ ဆယ္စုႏွစ္တစ္ခုနီးပါးအၾကာမွာ ပထမဆုံးကစားခြင့္ရတဲ့ပရီးမီးယားလိဂ္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ကစားသမားဘဝတစ္ေလွ်ာက္ လိဒ္စ္၊ လီဗာပူးလ္၊ ဝက္စ္ဘ႐ြန္းစတဲ့အသင္းေတြမွာကစားခဲ့တဲ့စေကာ့ကာဆင္ဟာ ၂၀၀၄-၀၅ ရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ လီဗာပူးလ္အသင္းဗိုလ္စြဲခဲ့တုန္းက အသင္းရဲ႕ကစားသမားတစ္ဦးအျဖစ္ ပါဝင္ခြင့္ရခဲ့သူျဖစ္ပါတယ္။ စေကာ့ကာဆင္ရဲ႕ကစားသမားဘဝမွာ ဘယ္ေတာ့မွမေမ့ႏိုင္မယ့္ျဖစ္ရပ္ကေတာ့ ယူ႐ို-၂၀၀၈ ေျခစစ္ပြဲ ခ႐ိုေအးရွားနဲ႔ကစားခဲ့တဲ့ပြဲတုန္းက သူ႔ရဲ႕စိတ္ပ်က္စရာအမွားေၾကာင့္ ဂိုးေပးလိုက္ရၿပီး (၃-၂)ဂိုးနဲ႔ရႈံးနိမ့္လို႔ အဂၤလန္အသင္းေျခစစ္ပြဲမေအာင္ခဲ့တာပဲျဖစ္ပါတယ္။