၃၇ပွဲမှာ ၆၄ ဂိုးသွင်းယူထားတဲ့ ဟာလန်းမျိုးဆက်က နောက်ထပ်ကြယ်ပွင့်ဖြစ်လာနိုင်

Photo Credit

ဒေါ့မွန်အသင်းတိုက်စစ်မှူး အာလင်းဟာလန်းဟာ အံ့အားသင့်စရာဂိုးသွင်းမှတ်တမ်းနဲ့အတူ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ရပ်တည်နေပြီဖြစ်ပြီး အခုလည်း အမေဘက်က တော်တဲ့ ဝမ်းကွဲညီဖြစ်သူက သူတို့မျိုးရိုးရဲ့ဂုဏ်ကို ဆက်ထိန်းတဲ့အနေနဲ့ ဂိုးသွင်းစွမ်းရည် ပြသနေပါတယ်။

Photo Credit

လက်ရှိအချိန်မှာ အသက် ၁၉ နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား ဟာလန်းက အားလုံးရဲ့အာရုံကို ဆွဲဆောင်ထားချိန်မှာ အသက် ၁၆နှစ်အရွယ်ရှိ အဲလ်ဘတ်ဘရက်တာလန်းကလည်း အစ်ကိုဖြစ်သူရဲ့လမ်းစဉ်အတိုင်း ဂိုးသွင်းစွမ်းရည်ပြသနေပါတယ်။

Photo Credit

အသက် ၁၆နှစ်အရွယ်ပဲရှိသေးတဲ့ တာလန်းဟာ လာမယ့်နှစ်အနည်းငယ်အတွင်း အစ်ကိုဖြစ်သူနဲ့အတူ ကမ္ဘာ့ဘောလုံးလောကမှာ ထင်ပေါ်ကျော်ကြားလာနိုင်ပြီး ဟာလန်းရဲ့မွေးရပ်မြေကလပ်ဖြစ်တဲ့ နော်ဝေဒုတိယတန်းကလပ် ဘရိုင်းအသင်းအတွက် ပထမဆုံးပွဲထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

Photo Credit

သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကလည်း ကြောက်စရာကောင်းပြီး တစ်ရာသီအတွင်း ၂၂ပွဲကစား ဂိုး ၃၀အထိ သွင်းယူထားသလို ဒီထက်ပိုငယ်တဲ့အရွယ်မှာ ၁၅ပွဲကစား ၃၄ ဂိုးအထိ သွင်းယူထားရာ စုစုပေါင်း ၃၇ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူထားပါတယ်။

Photo Credit

ဟာလန်းဟာ ပထမအသင်းအတွက် သူ့ရဲ့ပထမဆုံးဂိုးသွင်းယူနိုင်ဖို့ ၄၂၂ မိနစ်ကြာ အချိန်ယူခဲ့ရပြီး အခုတော့ သူ့ညီတစ်ဝမ်းကွဲလည်း ပထမဆုံးဂိုးသွင်းယူနိုင်ဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။ ဥရောပအသင်းကြီးတွေကလည်း တာလန်းကို စောင့်ကြည့်နေနိုင်ပါတယ်။

Photo Credit

Zawgyi

၃၇ပဲြမွာ ၆၄ ဂုိးသြင္းယူထားတဲ့ ဟာလန္းမ်ိဳးဆက္က ေနာက္ထပ္ၾကယ္ပြင့္ျဖစ္လာႏိုင္

ေဒါ့မြန္အသင္းတိုက္စစ္မွဴး အာလင္းဟာလန္းဟာ အံ့အားသင့္စရာဂိုးသြင္းမွတ္တမ္းနဲ႔အတူ ကမၻာ့ေၾကာက္စရာအေကာင္းဆုံးတုိက္စစ္မွဴးတစ္ဦးအျဖစ္ ရပ္တည္ေနၿပီျဖစ္ၿပီး အခုလည္း အေမဘက္က ေတာ္တဲ့ ၀မ္းကြဲညီျဖစ္သူက သူတုိ႔မ်ိဳး႐ုိးရဲ႕ဂုဏ္ကို ဆက္ထိန္းတဲ့အေနနဲ႔ ဂိုးသြင္းစြမ္းရည္ ျပသေနပါတယ္။
လက္ရွိအခ်ိန္မွာ အသက္ ၁၉ ႏွစ္အရြယ္ရွိ ေနာ္ေ၀ႏုိင္ငံသား ဟာလန္းက အားလုံးရဲ႕အာ႐ုံကို ဆြဲေဆာင္ထားခ်ိန္မွာ အသက္ ၁၆ႏွစ္အရြယ္ရွိ အဲလ္ဘတ္ဘရက္တာလန္းကလည္း အစ္ကိုျဖစ္သူရဲ႕လမ္းစဥ္အတုိင္း ဂိုးသြင္းစြမ္းရည္ျပသေနပါတယ္။
အသက္ ၁၆ႏွစ္အရြယ္ပဲရွိေသးတဲ့ တာလန္းဟာ လာမယ့္ႏွစ္အနည္းငယ္အတြင္း အစ္ကိုျဖစ္သူနဲ႔အတူ ကမၻာ့ေဘာလုံးေလာကမွာ ထင္ေပၚေက်ာ္ၾကားလာႏုိင္ၿပီး ဟာလန္းရဲ႕ေမြးရပ္ေျမကလပ္ျဖစ္တဲ့ ေနာ္ေ၀ဒုတိယတန္းကလပ္ ဘ႐ိုင္းအသင္းအတြက္ ပထမဆုံးပြဲထြက္အျဖစ္ ပါ၀င္ကစားခဲ့ပါတယ္။
သူ႕ရဲ႕ ဂုိးသြင္းမွတ္တမ္းကလည္း ေၾကာက္စရာေကာင္းၿပီး တစ္ရာသီအတြင္း ၂၂ပဲြကစား ဂိုး ၃၀အထိ သြင္းယူထားသလုိ ဒီထက္ပိုငယ္တဲ့အရြယ္မွာ ၁၅ပဲြကစား ၃၄ ဂိုးအထိ သြင္းယူထားရာ စုစုေပါင္း ၃၇ပြဲမွာ ၆၄ ဂိုးအထိ သြင္းယူထားပါတယ္။
ဟာလန္းဟာ ပထမအသင္းအတြက္ သူ႕ရဲ႕ပထမဆုံးဂုိးသြင္းယူႏိုင္ဖို႔ ၄၂၂ မိနစ္ၾကာ အခ်ိန္ယူခဲ့ရၿပီး အခုေတာ့ သူ႕ညီတစ္၀မ္းကြဲလည္း ပထမဆုံးဂိုးသြင္းယူႏုိင္ဖို႔ အခ်ိန္ဘယ္ေလာက္ယူရမလဲဆုိတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။ ဥေရာပအသင္းႀကီးေတြကလည္း တာလန္းကို ေစာင့္ၾကည့္ေနႏုိင္ပါတယ္။