၃၄ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ဂ်ဴဗင္တပ္ရဲ႕အျမန္ဆုံးကစားသမားျဖစ္ေနဆဲ စီေရာ္နယ္ဒို

photo-givemesport

photo-gettyimages

စီေရာ္နယ္ဒိုအတြက္ ဘာကန္႔သတ္မႈမွရွိေနပုံမရသလုိ ဘယ္အရာကမွလည္း သူ႔ကိုရပ္တန္႔ေစႏိုင္ပုံမေပၚပါဘူး။ အသက္အရြယ္ကေတာင္ သူ႔ကို မတားဆီးႏိုင္ေသးတာပါ။ အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္ေပမယ့္ အဲဒီေပၚတူဂီသားတုိက္စစ္မႈးဟာ ဂ်ဴဗင္တပ္အသင္းရဲ႕အျမန္ဆုံးကစားသမားျဖစ္ေနဆဲပါ။ ဒါဟာ ဒီရာသီ စီးရီးေအအဖြင့္ပြဲစဥ္ ၂ ပြဲက သူ႔ရဲ႕ေျပးအားကို တြက္ခ်က္ၾကည့္ၿပီး နာမည္ႀကီးအီတလီအားကစားသတင္းစာျဖစ္တဲ့ဂဇက္တာဒယ္လိုစေပါ့က ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

photo-gettyimages

ပါးမားနဲ႔ နာပိုလီတုိ႔ကိုအႏိုင္ရခဲ့တဲ့ အဲဒီ ၂ ပြဲမွာ တစ္နာရီ ၃၄ ကီလိုမီတာႏႈန္းေျပးႏိုင္ခဲ့တာျဖစ္ၿပီး နာပိုလီနဲ႔ပြဲတုန္းက ဒါနီလိုသြင္းႏိုင္ခဲ့တဲ့ဂိုးမွာဆိုရင္ ၁၂ စကၠန္႔ေတာင္ မရွိတဲ့အခ်ိန္ေလးမွာ ၉၂ မီတာေျပးႏိုင္ခဲ့တာပါ။ ဒီအလ်င္က ဆန္ဒရို(၂၈ ႏွစ္)၊ ဒါနီလို(၂၈ ႏွစ္)၊ေဒါက္ဂလက္ေကာ္စတာ(၂၈ ႏွစ္)တို႔လို သူ႔ထက္ငယ္ရြယ္တဲ့ကစားသမားေတြကို အရွက္ရေစမွာပါ။ ရည္ညြန္းေျပာရမယ္ဆုိရင္ ကမာၻ႔အျမန္ဆုံးသူျဖစ္ခဲ့တဲ့ အူစိန္ဘို႔သ္ရဲ႕ ၂၀၀၉ ခုႏွစ္က မီတာ ၁၀၀ ကမာၻ႔စံခ်ိန္ခ်ိဳးႏိုင္မႈမွာ သူ႔ရဲ႕ပ်ဥ္းမွ်အျမန္ႏႈန္းဟာ တစ္နာရီကို ၃၇.၅၈ ကီလုိမီတာႏႈန္းျဖစ္ခဲ့ပါတယ္။

photo-gettyimages

ဒါ့အျပင္ စီေရာ္နယ္ဒုိဟာ ဂ်ဴဗင္တပ္လူစာရင္းက အသက္ ၃၀ ေက်ာ္ ကစားသမား ၇ ေယာက္ထဲမွာ တစ္ေယာက္အပါအ၀င္ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ရဲ႕က်န္တ့ဲ ၃၀ ေက်ာ္ကစားသမားေတြက ဘူဖြန္(၄၁ ႏွစ္)၊ခ်ီရယ္လီနီ(၃၅ ႏွစ္)၊မန္ဇူကစ္(၃၃ ႏွစ္)၊ ဘိုႏုခ်ီ၊ခီဒီယာ၊မာတူဒီ(၃၂ ႏွစ္)နဲ႔ ဟီဂူအင္(၃၁ ႏွစ္)တုိ႔ပါ။ အခုေတာ့ စီေရာ္နယ္ဒိုက ၃၄ ႏွစ္အရြယ္ကစားသမားတစ္ေယာက္ထက္ ၂၄ ႏွစ္အရြယ္ကစားသမားတစ္ေယာက္နဲ႔ ပိုတူေနပါတယ္။ ဒီအတိုင္းဆိုရင္ သူဟာ ေနာက္ႏွစ္အနည္းငယ္တုိင္ေအာင္ ထိပ္တန္းအဆင့္မွာ ကစားႏိုင္ဦးမွာပါ။

[Unicode]

စီရော်နယ်ဒိုအတွက် ဘာကန့်သတ်မှုမှရှိနေပုံမရသလို ဘယ်အရာကမှလည်း သူ့ကိုရပ်တန့်စေနိုင်ပုံမပေါ်ပါဘူး။ အသက်အရွယ်ကတောင် သူ့ကို မတားဆီးနိုင်သေးတာပါ။ အသက် ၃၄ နှစ်ရှိပြီဖြစ်ပေမယ့် အဲဒီပေါ်တူဂီသားတိုက်စစ်မှုးဟာ ဂျူဗင်တပ်အသင်းရဲ့အမြန်ဆုံးကစားသမားဖြစ်နေဆဲပါ။ ဒါဟာ ဒီရာသီ စီးရီးအေအဖွင့်ပွဲစဉ် ၂ ပွဲက သူ့ရဲ့ပြေးအားကို တွက်ချက်ကြည့်ပြီး နာမည်ကြီးအီတလီအားကစားသတင်းစာဖြစ်တဲ့ဂဇက်တာဒယ်လိုစပေါ့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပါးမားနဲ့ နာပိုလီတို့ကိုအနိုင်ရခဲ့တဲ့ အဲဒီ ၂ ပွဲမှာ တစ်နာရီ ၃၄ ကီလိုမီတာနှုန်းပြေးနိုင်ခဲ့တာဖြစ်ပြီး နာပိုလီနဲ့ပွဲတုန်းက ဒါနီလိုသွင်းနိုင်ခဲ့တဲ့ဂိုးမှာဆိုရင် ၁၂ စက္ကန့်တောင် မရှိတဲ့အချိန်လေးမှာ ၉၂ မီတာပြေးနိုင်ခဲ့တာပါ။ ဒီအလျင်က ဆန်ဒရို(၂၈ နှစ်)၊ ဒါနီလို(၂၈ နှစ်)၊ဒေါက်ဂလက်ကော်စတာ(၂၈ နှစ်)တို့လို သူ့ထက်ငယ်ရွယ်တဲ့ကစားသမားတွေကို အရှက်ရစေမှာပါ။ ရည်ညွန်းပြောရမယ်ဆိုရင် ကမ္ဘာ့အမြန်ဆုံးသူဖြစ်ခဲ့တဲ့ အူစိန်ဘို့သ်ရဲ့ ၂၀၀၉ ခုနှစ်က မီတာ ၁၀၀ ကမ္ဘာ့စံချိန်ချိုးနိုင်မှုမှာ သူ့ရဲ့ပျဉ်းမျှအမြန်နှုန်းဟာ တစ်နာရီကို ၃၇.၅၈ ကီလိုမီတာနှုန်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်လူစာရင်းက အသက် ၃၀ ကျော် ကစားသမား ၇ ယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဂျူဗင်တပ်ရဲ့ကျန်တဲ့ ၃၀ ကျော်ကစားသမားတွေက ဘူဖွန်(၄၁ နှစ်)၊ချီရယ်လီနီ(၃၅ နှစ်)၊မန်ဇူကစ်(၃၃ နှစ်)၊ ဘိုနုချီ၊ခီဒီယာ၊မာတူဒီ(၃၂ နှစ်)နဲ့ ဟီဂူအင်(၃၁ နှစ်)တို့ပါ။ အခုတော့ စီရော်နယ်ဒိုက ၃၄ နှစ်အရွယ်ကစားသမားတစ်ယောက်ထက် ၂၄ နှစ်အရွယ်ကစားသမားတစ်ယောက်နဲ့ ပိုတူနေပါတယ်။ ဒီအတိုင်းဆိုရင် သူဟာ နောက်နှစ်အနည်းငယ်တိုင်အောင် ထိပ်တန်းအဆင့်မှာ ကစားနိုင်ဦးမှာပါ။