၃ပြဲဆက္ႏိုင္ပြဲေပ်ာက္မႈနဲ႔အတူ ဖိအားေတြ ေစာေစာစီးစီးခံစားေနရၿပီျဖစ္တဲ့ ဆုိးလ္ရွား (ေဆာက္သမ္တန္ ၁-၁ ယူႏုိက္တက္ ပြဲၿပီးျမင္ကြင္းက်ယ္)

Photo Credit

Photo Credit

ယူႏုိက္တက္မွာ လုခ္ေရွာနဲ႔ မာရွယ္တုိ႔ ဒဏ္ရာရေနလု႔ိ ကစားသမားအေျပာင္းအလဲေတြျပဳလုပ္လာၿပီး ကြင္းလယ္မွာ ပါရဲရားကို ျပန္သုံးခဲ့သလုိ ၀ါရင့္ကြင္းလယ္လူ မာတာကိုလည္း ဒီရာသီပထမဆုံးပြဲဦးထြက္အျဖစ္ ထုတ္သုံးခဲ့ပါတယ္။

Photo Credit

ခံစစ္ကေတာ့ လုခ္ေရွာေနရာမွာ အသင္းေခါင္းေဆာင္အက္ရွ္ေလယန္း ၀င္လာတာကလြဲလုိ႔ က်န္ေနရာေတြအေျပာင္းအလဲမရွိခဲ့ပါဘူး။ ညာေနာက္ခံလူ ၀မ္ဘစ္ဆာကာက တုိက္စစ္ကို လိုက္ပါကူညီႏိုင္သလုိ အဓိကတာ၀န္ျဖစ္တဲ့ခံစစ္ကိုလည္း လုံေအာင္ ကစားႏိုင္ခဲ့ပါတယ္။

Photo Credit

ပြဲခ်ိန္ ၁၀မိနစ္မွာ ဒန္နီရယ္ဂ်ိမ္းစ္က အဖြင့္ဂုိးသြင္းယူႏိုင္ခဲ့ပါတယ္။ ဂိုးဧရိယာဘယ္ဘက္အျခမ္းကေန ဂိုးသမားရဲ႕အေ၀းတုိင္ေထာင့္ထဲ အေျမာက္ေဘာလွလွပပကန္သြင္းသြားတာျဖစ္ပါတယ္။ ဟန္ေဆာင္လွဲခ်တယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ လူငယ္ကစားသမားအတြက္ ေနာက္ဆုံး ၂ပြဲဆက္ဂိုးသြင္းႏုိင္တာလည္းျဖစ္ပါတယ္။

Photo Credit

ပဲြခ်ိန္အေစာပိုင္းမွာ အိမ္ရွင္ေဆာက္သမ္တန္အသင္း ကစားကြက္ေပ်ာက္ေနခဲ့ၿပီး ယူႏုိက္တက္က ကစားကြက္အသာနဲ႔ ဖိအားေပးကစားႏုိင္ခဲ့ပါတယ္။ ေနာက္ပိုင္းေရာက္မွ ေဆာက္သမ္တန္အသင္း ကစားကြက္ျပန္မိလာၿပီး ယူႏိုက္တက္ကို အျပန္အလွန္ကစားႏိုင္ခဲ့ပါတယ္။

Photo Credit

ဒုတိယပုိင္းျပန္အစမွာ ယူႏုိက္တက္အသင္း အပိုင္အခြင့္အေရးတစ္ႀကိမ္ရရိွခဲ့ၿပီး တုိက္စစ္မွဴး ရက္ရွ္ဖုိ႔ဒ္ ဂိုးသမားနဲ႔အနီးကပ္ကန္သြင္းခြင့္ရခဲ့ေပမယ့္ အနီးကပ္ေနၿပီျဖစ္လုိ႔ အိမ္ရွင္ဂိုးသမား တားဆီးႏိုင္ခဲ့ပါတယ္။

Photo Credit

ေဆာက္သမ္တန္ကလည္း အခြင့္အေရးျပန္ရခဲ့ၿပီး ယူႏုိက္တက္ေနာက္ခံလူ လင္ဒီေလာ့ဖ္ရဲ႕အမွားေၾကာင့္ တန္ျပန္တုိက္စစ္ဆင္ရာကေန တုိက္စစ္မွဴး အဒမ္ အနီးကပ္အပိုင္ကန္သြင္းခဲ့ေပမယ့္ ကန္ခ်က္က မ်ားသြားလုိ႔ ဂိုးေပါက္နဲ႔ အေတာ္ေလးလြဲေခ်ာ္သြားပါတယ္။။

Photo Credit

ပြဲခ်ိန္ ၅၇မိနစ္မွာေတာ့ ေဆာက္သမ္တန္အသင္း ေခ်ပဂိုးရရွိသြားခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေခါင္းတုိက္ခ်က္ကို ယူႏိုက္တက္ဂိုးသမား ဒီဂီယာကာကြယ္ႏိုင္ခဲ့ေပမယ့္ ဘူဖယ္ရဲ႕ေထာင့္ျဖတ္ေဘာကေန ဗက္စ္တာဂတ္က အပိုင္ေခါင္းတုိက္သြင္းယူခဲ့တာျဖစ္ပါတယ္။

Photo Credit

ပြဲခ်ိန္ ၇၄မိနစ္မွာ ဘယ္ေတာင္ပံက ေပါ့ဂ္ဘာ အသာျပန္ခ်ဳိးေပးတာကို ဒန္နီရယ္ဂ်ိမ္းစ္ ညာေျခနဲ႔ ဆြဲထုတ္ကာ ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ေပမယ့္ ဂိုးသမားဆီတည့္တည့္ေရာက္သြားလုိ႔ ယူႏုိက္တက္အသင္း နစ္နာခဲ့ရပါတယ္။
မိနစ္ ၂၀ေလာက္ ကစားသမားတစ္ေယာက္အသာနဲ႔ ကစားခြင့္ရခဲ့ေပမယ့္ ယူႏုိက္တက္ကေတာ့ ႏိုင္ပြဲရွာမေတြ႕ခဲ့ဘဲ ေနာက္ဆုံး ၃ပြဲဆက္ႏိုင္ပဲြေပ်ာက္သြားခဲ့ရပါတယ္။

Photo Credit

Unicode

၃ပွဲဆက်နိုင်ပွဲပျောက်မှုနဲ့အတူ ဖိအားတွေ စောစောစီးစီးခံစားနေရပြီဖြစ်တဲ့ ဆိုးလ်ရှား (ဆောက်သမ်တန် ၁-၁ ယူနိုက်တက် ပွဲပြီးမြင်ကွင်းကျယ်)
ယူနိုက်တက်မှာ လုခ်ရှောနဲ့ မာရှယ်တို့ ဒဏ်ရာရနေလု့ိ ကစားသမားအပြောင်းအလဲတွေပြုလုပ်လာပြီး ကွင်းလယ်မှာ ပါရဲရားကို ပြန်သုံးခဲ့သလို ဝါရင့်ကွင်းလယ်လူ မာတာကိုလည်း ဒီရာသီပထမဆုံးပွဲဦးထွက်အဖြစ် ထုတ်သုံးခဲ့ပါတယ်။
ခံစစ်ကတော့ လုခ်ရှောနေရာမှာ အသင်းခေါင်းဆောင်အက်ရှ်လေယန်း ဝင်လာတာကလွဲလို့ ကျန်နေရာတွေအပြောင်းအလဲမရှိခဲ့ပါဘူး။ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာက တိုက်စစ်ကို လိုက်ပါကူညီနိုင်သလို အဓိကတာဝန်ဖြစ်တဲ့ခံစစ်ကိုလည်း လုံအောင် ကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၁၀မိနစ်မှာ ဒန်နီရယ်ဂျိမ်းစ်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးဧရိယာဘယ်ဘက်အခြမ်းကနေ ဂိုးသမားရဲ့အဝေးတိုင်ထောင့်ထဲ အမြောက်ဘောလှလှပပကန်သွင်းသွားတာဖြစ်ပါတယ်။ ဟန်ဆောင်လှဲချတယ်လို့ ဝေဖန်ခံနေရတဲ့ လူငယ်ကစားသမားအတွက် နောက်ဆုံး ၂ပွဲဆက်ဂိုးသွင်းနိုင်တာလည်းဖြစ်ပါတယ်။
ပွဲချိန်အစောပိုင်းမှာ အိမ်ရှင်ဆောက်သမ်တန်အသင်း ကစားကွက်ပျောက်နေခဲ့ပြီး ယူနိုက်တက်က ကစားကွက်အသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းရောက်မှ ဆောက်သမ်တန်အသင်း ကစားကွက်ပြန်မိလာပြီး ယူနိုက်တက်ကို အပြန်အလှန်ကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာ ယူနိုက်တက်အသင်း အပိုင်အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ဂိုးသမားနဲ့အနီးကပ်ကန်သွင်းခွင့်ရခဲ့ပေမယ့် အနီးကပ်နေပြီဖြစ်လို့ အိမ်ရှင်ဂိုးသမား တားဆီးနိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်ကလည်း အခွင့်အရေးပြန်ရခဲ့ပြီး ယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်ရဲ့အမှားကြောင့် တန်ပြန်တိုက်စစ်ဆင်ရာကနေ တိုက်စစ်မှူး အဒမ် အနီးကပ်အပိုင်ကန်သွင်းခဲ့ပေမယ့် ကန်ချက်က များသွားလို့ ဂိုးပေါက်နဲ့ အတော်လေးလွဲချော်သွားပါတယ်။။
ပွဲချိန် ၅၇မိနစ်မှာတော့ ဆောက်သမ်တန်အသင်း ချေပဂိုးရရှိသွားခဲ့ပြီး ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချက်ကို ယူနိုက်တက်ဂိုးသမား ဒီဂီယာကာကွယ်နိုင်ခဲ့ပေမယ့် ဘူဖယ်ရဲ့ထောင့်ဖြတ်ဘောကနေ ဗက်စ်တာဂတ်က အပိုင်ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၄မိနစ်မှာ ဘယ်တောင်ပံက ပေါ့ဂ်ဘာ အသာပြန်ချိုးပေးတာကို ဒန်နီရယ်ဂျိမ်းစ် ညာခြေနဲ့ ဆွဲထုတ်ကာ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ပေမယ့် ဂိုးသမားဆီတည့်တည့်ရောက်သွားလို့ ယူနိုက်တက်အသင်း နစ်နာခဲ့ရပါတယ်။
မိနစ် ၂၀လောက် ကစားသမားတစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် ယူနိုက်တက်ကတော့ နိုင်ပွဲရှာမတွေ့ခဲ့ဘဲ နောက်ဆုံး ၃ပွဲဆက်နိုင်ပွဲပျောက်သွားခဲ့ရပါတယ်။