( ၂ ) ပွဲပယ် ပြစ်ဒဏ် ကျခံပြီးနောက် ခြေစွမ်းပြ သွင်းဂိုးနဲ့အတူ နိုင်ပွဲယူဆောင်ပေးခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မက်ဒရစ်မြို့မှာ ကစားခဲ့တဲ့ ကိုပါဒယ်ရေး ( ၁၆ ) သင်းအဆင့် ပွဲစဥ်မှာ ဗယ်လက်ကာနို အသင်းကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကုိ တက်ရောက်နိုင်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီအနေနဲ့ စပိန် စူပါဖလားပွဲစဥ်မှာ ပြသခြင်းခံခဲ့ရတဲ့ အနီကတ် ကေြာင့် ( ၂ ) ပွဲပယ် ပြစ်ဒဏ် ကျခံခဲ့ရပြီးနောက် ပွဲထွက် ကစားသမားစာရင်းမှာ ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ကိုးမန်းအနေနဲ့ အီဘာအသင်းကို ( ၂ – ၀ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်မှ လူစာရင်းကို အနည်းငယ် အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ မက်ဆီက ပွဲကစားချိန် ( ၆၉ ) မိနစ်မှာ အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့သလို ဒီဂျောင်ရဲ့ အနိုင်ဂိုးအတွက်လည်း set-up လုပ်ပေးနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ကိုပါဒယ်ရေး ( ၃၂ ) သင်းအဆင့်ပွဲစဥ်မှာ တတိယတန်းကလပ် ကော်နယ်လာအသင်းနဲ့ အချိန်ပို ကစားခဲ့ရသလို စပိန် စူပါဖလား ပွဲစဥ်တွေဖြစ်တဲ့ ဆိုစီဒက်စ် နှင့် ဘီဘာအိုအသင်းတွေနဲ့ ပွဲစဥ်မှာလည်း အချိန်ပို မိနစ် ( ၃၀ ) ထပ်မံ ကစားခဲ့ရပါတယ်။

မက်ဆီဟာ ဘီဘာအိုနဲ့ ပွဲစဥ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ကော်နယ်လာ နှင့် အယ်လ်ချီ ပွဲစဥ်တွေကို လွဲချော်ခဲ့ပြီး ယခု ပွဲစဥ်မှာ ပြန်လည်ပါဝင်လာတာ ဖြစ်ပါတယ် ။ ဘာစီလိုနာအသင်းအနေနဲ ့ယခုနိုင်ပွဲကြောင့် ကိုပါဒယ်ရေးကွာတားဖိုင်နယ် ပွဲစဥ်ကို ( ၁၁ ) ရာသီဆက် တက်ရောက်နိုင်ခဲ့ပါတယ် ။ အကိုး – SPORT

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

( ၂ ) ပြဲပယ္ ျပစ္ဒဏ္ က်ခံၿပီးေနာက္ ေျခစြမ္းျပ သြင္းဂိုးနဲ႔အတူ ႏိုင္ပြဲယူေဆာင္ေပးခဲ့တဲ့ မက္ဆီ

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က မက္ဒရစ္ၿမိဳ႕မွာ ကစားခဲ့တဲ့ ကိုပါဒယ္ေရး ( ၁၆ ) သင္းအဆင့္ ပြဲစဥ္မွာ ဗယ္လက္ကာႏို အသင္းကို အႏိုင္ရရွိၿပီး ကြာတားဖိုင္နယ္အဆင့္ကုိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ လီယြန္နယ္ မက္ဆီအေနနဲ႔ စပိန္ စူပါဖလား ပြဲစဥ္မွာ ျပသျခင္းခံခဲ့ရတဲ့ အနီကတ္ ေၾကာင့္ ( ၂ ) ပြဲပယ္ ျပစ္ဒဏ္ က်ခံခဲ့ရၿပီးေနာက္ ပြဲထြက္ ကစားသမားစာရင္းမွာ ျပန္လည္ပါဝင္လာတာ ျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပ ကိုးမန္းအေနနဲ႔ အီဘာအသင္းကို ( ၂ – ၀ ) အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွ လူစာရင္းကို အနည္းငယ္ အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။ မက္ဆီက ပြဲကစားခ်ိန္ ( ၆၉ ) မိနစ္မွာ အသင္းအတြက္ လိုအပ္ေနတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့သလို ဒီေဂ်ာင္ရဲ႕ အႏိုင္ဂိုးအတြက္လည္း set-up လုပ္ေပးႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအေနနဲ႔ ကိုပါဒယ္ေရး ( ၃၂ ) သင္းအဆင့္ပြဲစဥ္မွာ တတိယတန္းကလပ္ ေကာ္နယ္လာအသင္းနဲ႔ အခ်ိန္ပို ကစားခဲ့ရသလို စပိန္ စူပါဖလား ပြဲစဥ္ေတြျဖစ္တဲ့ ဆိုစီဒက္စ္ ႏွင့္ ဘီဘာအိုအသင္းေတြနဲ႔ ပြဲစဥ္မွာလည္း အခ်ိန္ပို မိနစ္ ( ၃၀ ) ထပ္မံ ကစားခဲ့ရပါတယ္။

မက္ဆီဟာ ဘီဘာအိုနဲ႔ ပြဲစဥ္မွာ ျပသခံခဲ့ရတဲ့ အနီကတ္ေၾကာင့္ ေကာ္နယ္လာ ႏွင့္ အယ္လ္ခ်ီ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး ယခု ပြဲစဥ္မွာ ျပန္လည္ပါဝင္လာတာ ျဖစ္ပါတယ္။ ဘာစီလိုနာအသင္းအေနနဲ ့ယခုႏိုင္ပြဲေၾကာင့္ ကိုပါဒယ္ေရးကြာတားဖိုင္နယ္ ပြဲစဥ္ကို ( ၁၁ ) ရာသီဆက္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။ အကိုး – SPORT