၂ နှစ်အတွင်း ဒဏ်ရာပြသနာမခံစားရဘဲ ကစားရတဲ့ပွဲ တစ်ပွဲမှမရှိတဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းရဲ့ အဓိကတိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း ဒဏ်ရာပြသနာမရှိဘဲ ကစားခဲ့ရတဲ့ ပွဲတစ်ပွဲမှမရှိခဲ့ဘူးလို့ သိရပါတယ်။

ဘောလုံးသမားတစ်ယောက်အတွက် ဒဏ်ရာရတာ အထူးအဆန်းမဟုတ်ပေမယ့် ရက်ရှ်ဖို့ဒ်လို ရထားတဲ့ ဒဏ်ရာတွေ အရှင်းမပျောက်သေးဘဲ အသင်းရဲ့ လိုအပ်ချက်ကြောင့် ကစားပေးနေရတာဟာ ဗူးသီးနုနု အပွေးသတ်သလို ဖြစ်နေမှာ စိုးရိမ်စရာပါ။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၉ ဘောလုံးရာသီကစပြီး ပခုံးနောက်ကျောဒဏ်ရာနဲ့ ခြေထောက်ဒဏ်ရာတို့ကို စတင်ခံစားခဲ့ရတာလည်း ဖြစ်ပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့ ပခုံးဒဏ်ရာကို ဒီနှစ်ဘောလုံးရာသီအပြီးမှာ ခွဲစိပ်ကုသဖို့ရှိပေမယ့် ယူရို ၂၀၀၀ ပြိုင်ပွဲကြောင့် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးပြီးမှာ ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် အခုအချိန်အထိ ပွဲပေါင်း ၂၆၄ပွဲ ကစားထားပြီး နောက်ကျောဒဏ်ရာကြောင့် ၁၄ပွဲ အထိသာ လွဲချော်ခဲ့ဖူးပါတယ်။

ဒါပေမယ့် မတ်လ ၁၄ရက်နေ့တုန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲကစပြီး ရက်ရှိဖို့ဒ်ဟာ မန်ယူအတွက် နောက်ဆုံး ၉ ပွဲမှာ တစ်ပွဲမှ မိနစ် ၉၀ အပြည့် ပါဝင်ကစားထားတာမရှိပါဘူး။

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၃ပွဲဖြစ်တဲ့ ဆန်မာရီနို၊ အယ်ဘေးနီးယားနဲ့ ပိုလန်အသင်းတို့နဲ့ ပွဲတွေမှာလည်း ခြေထောက်ဒဏ်ရာကြောင့် နုတ်ထွက်ထားခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားက ” ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအနေအထားကို ကျွန်တော်တို့ သေချာ ဂရုတစိုက် ကိုင်တွယ်နေတာပါ။ မနှစ် ဘောလုံးရာသီတုန်းက သူဟာ ပခုံးဒဏ်ရာရခဲ့ပါတယ်။

ဒါပေမယ့် သူက အကောင်းဆုံး အနေအထား ပြန်ရခဲ့သလို ခြေထောက်ဒဏ်ရာရတော့လည်း ကောင်းကောင်းကစားနိုင်သေးတဲ့ ပုံစံပါပဲ။ ဒါကြောင့် လိဒ်နဲ့ပွဲမှာ ပွဲချိန်ပြည့် ကစားသွားခဲ့တာပါ” လို့ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၉-၂၀ ဘောလုံးရာသီကစပြီး မန်ယူအသင်းအတွက် ၉၃ပွဲ ကစားပေးထားပြီး ၄၂ဂိုး အထိ သွင်းပေးထားတဲ့ အဓိက တိုက်စစ်မှုးလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂ႏွစ္အတြင္း ဒဏ္ရာျပသနာမခံစားရဘဲ ကစားရတဲ့ပြဲ တစ္ပြဲမွမရွိတဲ့ ရက္ရွ္ဖို႔ဒ္

မန္ယူအသင္းရဲ႕ အဓိကတိုက္စစ္မႈး ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ ၂ႏွစ္အတြင္း ဒဏ္ရာျပသနာမရွိဘဲ ကစားခဲ့ရတဲ့ ပြဲတစ္ပြဲမွမရွိခဲ့ဘူးလို႔ သိရပါတယ္။ ေဘာလုံးသမားတစ္ေယာက္အတြက္ ဒဏ္ရာရတာ အထူးအဆန္းမဟုတ္ေပမယ့္ ရက္ရွ္ဖို႔ဒ္လို ရထားတဲ့ ဒဏ္ရာေတြ အရွင္းမေပ်ာက္ေသးဘဲ အသင္းရဲ႕ လိုအပ္ခ်က္ေၾကာင့္ ကစားေပးေနရတာဟာ ဗူးသီးႏုႏု အေပြးသတ္သလို ျဖစ္ေနမွာ စိုးရိမ္စရာပါ။

ရက္ရွ္ဖို႔ဒ္ဟာ ၂၀၁၉ ေဘာလုံးရာသီကစၿပီး ပခုံးေနာက္ေက်ာဒဏ္ရာနဲ႔ ေျခေထာက္ဒဏ္ရာတို႔ကို စတင္ခံစားခဲ့ရတာလည္း ျဖစ္ပါတယ္။ ESPN ရဲ႕ ေဖာ္ျပခ်က္အရ ရက္ရွ္ဖို႔ဒ္အေနနဲ႔ သူ႔ရဲ႕ ပခုံးဒဏ္ရာကို ဒီႏွစ္ေဘာလုံးရာသီအၿပီးမွာ ခြဲစိပ္ကုသဖို႔ရွိေပမယ့္ ယူ႐ို ၂၀၀၀ ၿပိဳင္ပြဲေၾကာင့္ အဂၤလန္အသင္းအတြက္ ပါဝင္ကစားေပးၿပီးမွာ ခြဲစိတ္မႈခံယူဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း သိရပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအသင္းအတြက္ အခုအခ်ိန္အထိ ပြဲေပါင္း ၂၆၄ပြဲ ကစားထားၿပီး ေနာက္ေက်ာဒဏ္ရာေၾကာင့္ ၁၄ပြဲ အထိသာ လြဲေခ်ာ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ မတ္လ ၁၄ရက္ေန႔တုန္းက ဝက္စ္ဟမ္းကို အႏိုင္ရခဲ့တဲ့ပြဲကစၿပီး ရက္ရွိဖို႔ဒ္ဟာ မန္ယူအတြက္ ေနာက္ဆုံး ၉ ပြဲမွာ တစ္ပြဲမွ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားထားတာမရွိပါဘူး။ အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ ၃ပြဲျဖစ္တဲ့ ဆန္မာရီႏို၊ အယ္ေဘးနီးယားနဲ႔ ပိုလန္အသင္းတို႔နဲ႔ ပြဲေတြမွာလည္း ေျခေထာက္ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ထားခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားက ” ရက္ရွ္ဖို႔ဒ္ရဲ႕ ဒဏ္ရာအေနအထားကို ကြၽန္ေတာ္တို႔ ေသခ်ာ ဂ႐ုတစိုက္ ကိုင္တြယ္ေနတာပါ။ မႏွစ္ ေဘာလုံးရာသီတုန္းက သူဟာ ပခုံးဒဏ္ရာရခဲ့ပါတယ္။ ဒါေပမယ့္ သူက အေကာင္းဆုံး အေနအထား ျပန္ရခဲ့သလို ေျခေထာက္ဒဏ္ရာရေတာ့လည္း ေကာင္းေကာင္းကစားႏိုင္ေသးတဲ့ ပုံစံပါပဲ။ ဒါေၾကာင့္ လိဒ္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ ကစားသြားခဲ့တာပါ” လို႔ေျပာၾကားသြားခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီကစၿပီး မန္ယူအသင္းအတြက္ ၉၃ပြဲ ကစားေပးထားၿပီး ၄၂ဂိုး အထိ သြင္းေပးထားတဲ့ အဓိက တိုက္စစ္မႈးလည္း ျဖစ္ပါတယ္။