၂ နှစ်နီးပါးကြာသူတို့ကြားတင်းမာခဲ့မှုကို အဆုံးသတ်ခဲ့တဲ့ စီရော်နယ်ဒိုနဲ့ရာမို့စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားသွားတဲ့ ပေါ်တူဂီနဲ့စပိန်တို့ရဲ့ဂိုးမရှိသရေပွဲအပြီးမှာ စီရော်နယ်ဒိုနဲ့ရာမို့စ်တို့ဟာ သူတို့ကြားက တင်းမာခဲ့မှုကို အဆုံးသတ်ခဲ့ပုံပေါက်ခဲ့ပြီး အဝတ်အစားလဲခန်းထဲမှာ အတူဆုံတွေ့ခဲ့ကြကာ အမှတ်တရပုံတောင် ရိုက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ရီးရဲလ်မှာ ၉ နှစ်ကြာ မိတ်ဆွေရင်းချာတွေဖြစ်ခဲ့ကြပေမယ့် စပိန်သတင်းစာ မာကာရဲ့အဆိုအရတော့ မိုဒရစ်ကိစ္စနဲ့ပတ်သက်လို့ သူတို့ကြား စကားမပြောတာ ၂ နှစ်နီးပါးရှိနေပြီလို့ သိရပါတယ်။

အဲဒါကလည်း ၂၀၁၈ Ballond’Or တုန်းက သူ့ကိုကျော်ပြီး မိုဒရစ်ဆုရသွားတာကို စီရော်နယ်ဒိုရဲ့တုံ့ပြန်မှုကြောင့် ဖြစ်ပါတယ်။ အခုတော့ သူတို့ကြားမှာ သဘောထားမတိုက်ဆိုင်ခဲ့မှုကို ခဝါချနိုင်ခဲ့တဲ့ပုံပါပဲ။

ပေါ်တူဂီနဲ့ပွှဲပြီး အဝတ်အစားလဲခန်းထဲမှာ သူ့ရဲ့ရီးရဲလ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ စီရော်နယ်ဒို၊ ပီပီတို့နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံကို ရာမို့စ်က ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီပုံနဲ့အတူ ”မင်းတု့ိကိုတွေ့ရတာ ပျော်ရွှင်ပါတယ် သူငယ်ချင်းတို့ရေ”လို့လည်း ရေးတင်ခဲ့ပါတယ်။

အဲဒီပုံမှာ ရာမို့စ်ဟာ လက်မှတ်ရေးထိုးထားတဲ့ စီရော်နယ်ဒိုရဲ့အင်္ကျီကိုလည်း ကိုင်မြှောက်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မနေ့က ခြေစမ်းပွဲမှာမှ ပထမဆုံးအကြိမ်ပြန်လည်ဆုံတွေ့ကြတာလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

၂ ႏွစ္နီးပါးၾကာသူတုိ႔ၾကားတင္းမာခ့ဲမႈကို အဆုံးသတ္ခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ရာမို႔စ္

မေန႔ညက ကစားသြားတဲ့ ေပၚတူဂီနဲ႔စပိန္တို႔ရဲ႕ဂိုးမရွိသေရပြဲအၿပီးမွာ စီေရာ္နယ္ဒုိနဲ႔ရာမုိ႔စ္တုိ႔ဟာ သူတုိ႔ၾကားက တင္းမာခဲ့မႈကို အဆုံးသတ္ခဲ့ပုံေပါက္ခဲ့ၿပီး အ၀တ္အစားလဲခန္းထဲမွာ အတူဆုံေတြ႕ခဲ့ၾကကာ အမွတ္တရပုံေတာင္ ရိုက္ခဲ့ပါေသးတယ္။ သူတို႔ႏွစ္ေယာက္ဟာ ရီးရဲလ္မွာ ၉ ႏွစ္ၾကာ မိတ္ေဆြရင္းခ်ာေတြျဖစ္ခဲ့ၾကေပမယ့္ စပိန္သတင္းစာ မာကာရဲ႕အဆုိအရေတာ့ မိုဒရစ္ကိစၥနဲ႔ပတ္သက္လုိ႔ သူတို႔ၾကား စကားမေျပာတာ ၂ ႏွစ္နီးပါးရွိေနၿပီလုိ႔ သိရပါတယ္။

အဲဒါကလည္း ၂၀၁၈ Ballond’Or တုန္းက သူ႔ကိုေက်ာ္ၿပီး မိုဒရစ္ဆုရသြားတာကို စီေရာ္နယ္ဒိုရဲ႕တုံ႔ျပန္မႈေၾကာင့္ ျဖစ္ပါတယ္။ အခုေတာ့ သူတုိ႔ၾကားမွာ သေဘာထားမတုိက္ဆုိင္ခဲ့မႈကို ခ၀ါခ်ႏိုင္ခဲ့တဲ့ပုံပါပဲ။

ေပၚတူဂီနဲ႔ပႊဲၿပီး အ၀တ္အစားလဲခန္းထဲမွာ သူ႔ရဲ႕ရီးရဲလ္အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ စီေရာ္နယ္ဒို၊ ပီပီတုိ႔နဲ႔တြဲရိုက္ထားတဲ့ဓာတ္ပုံကို ရာမုိ႔စ္က ဆုိရွယ္မီဒီယာေပၚမွာ တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီပုံနဲ႔အတူ ”မင္းတု႔ိကိုေတြ႕ရတာ ေပ်ာ္ရႊင္ပါတယ္ သူငယ္ခ်င္းတုိ႔ေရ”လုိ႔လည္း ေရးတင္ခဲ့ပါတယ္။

အဲဒီပုံမွာ ရာမို႔စ္ဟာ လက္မွတ္ေရးထုိးထားတဲ့ စီေရာ္နယ္ဒိုရဲ႕အက်ၤီကိုလည္း ကုိင္ေျမွာက္ထားပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ မေန႔က ေျခစမ္းပြဲမွာမွ ပထမဆုံးအႀကိမ္ျပန္လည္ဆုံေတြ႕ၾကတာလည္း ျဖစ္ပါတယ္။