၂ ကြိမ်တိုင်ငြင်းဆန်ထားပေမယ့် ဘာစီလိုနာနည်းပြရာထူးအတွက် တံခါးဖွင့်ထားဆဲဖြစ်တဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ ယခင်က ဘာစီလိုနာရဲ့ကမ်းလှမ်းမှုကို ၂ ကြိမ်တိုင် ငြင်းဆန်ထားပေမယ့် အနာဂတ်မှာ ဘာစီလိုနာနည်းပြဖြစ်လာဖို့ တံခါးဖွင့်ထားဆဲဖြစ်ပါတယ်။

စပါးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် တစ်နှစ်တာအနားယူခဲ့တဲ့ ပိုချက်တီနိုကို လက်ရှိအချိန်မှာ ဘာစီလိုနာအပါအဝင် ကလပ်အသင်းတော်တော်များများက ချိတ်ဆက်နေပါတယ်။

သတင်းတွေရဲ့အဆိုရ ဘာစီလိုနာတာဝန်ရှိသူတွေဟာ ပိုချက်တီနိုကို ၂ ကြိမ်တိုင်ကမ်းလှမ်းခဲ့ပေမယ့် ယဉ်ကျေးစွာပဲ ပယ်ချခဲ့ပြီး အခြားသူနဲ့သင့်တော်မယ့်အသင်းကိုစာ စောင့်ဆိုင်းနေခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဗယ်လ်ဗာဒီကိုထုတ်ပယ်ပြီးနောက် ပိုချက်တီနိုကိုဆက်သွယ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဆက်တီယန်ကိုပဲ ခေါ်ယူခဲ့ရပါတယ်။

ဒါပေမဲ့ ဆက်တီယန်ကလည်း ဘာစီလိုနာနဲ့ အဆင်မပြေခဲ့ဘဲ ဘိုင်ယန်ကို ၈-၂ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက်မှာ ထုတ်ပယ်ခံခဲ့ရကာ အဲ့အချိန်တုန်းကလည်း ပိုချက်တီနိုကို ဘာစီလိုနာက ဆက်သွယ်ခဲ့သေးတာဖြစ်ပါတယ်။

အသက် ၄၈ နှစ်သားကနောက်ထပ်တစ်ကြိမ်ငြင်းဆန်ခဲ့တာကြောင့် ဘာစီလိုနာက ရော်နယ်ကိုးမန်းကိုပဲ ခေါ်ယူခဲ့ရပြန်ပါတယ်။

ပိုချက်တီနိုကတော့ အက်စ်ပန်ညိုအသင်းနဲ့ဘာစီလိုနာဟာ မြို့ခံပြိုင်ဘက်တွေဖြစ်နေသလို အက်စ်ပန်ညိုအသင်းအပေါ်သစ္စာစောင့်သိတဲ့အနေနဲ့ နည်းပြအဖြစ် တာဝန်ယူဖို့ ငြင်းဆန်နေတာဖြစ်ပါတယ်။

သတင်းတွေအရ ပိုချက်တီနိုကို ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ ပီအက်စ်ဂျီတို့က ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်နည်းပြလောကကို ပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဘာဖိအားမှလည်းမရှိတော့ဘဲ မကြာခင်မှာ အကောင်းဆုံးပြန်လာနိုင်တော့မှာပါ။ ကျွန်တော်ဘောလုံးလောကို လွမ်းနေတာကြာပါပြီ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဂန္ထဝင်လည်းဖြစ် သူငယ်ချင်းလည်းဖြစ်တဲ့ အော်ဆီကတော့ ပိုချက်တီနိုဟာ သူသွားရမယ့်နေရာကို ရွေးချယ်ပြီးပြီဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။

“ပိုချက်တီနိုက ဆုံးဖြတ်ပြီးသားပါ။ သူဘယ်သွားရမလဲဆိုတာ သိပြီးသားပါ။ ဘောလုံးက သူ့ဘဝပါ။ မကြာခင်မှာ သူတစ်ခုခုဆုံးဖြတ်ပါလိမ့်မယ်”လို့ အော်ဆီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

၂ ၾကိမ္တိုင္ျငင္းဆန္ထားေပမယ့္ ဘာစီလိုနာနည္းျပရာထူးအတြက္ တံခါးဖြင့္ထားဆဲျဖစ္တဲ့ ပိုခ်က္တီႏို

စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကေတာ့ ယခင္က ဘာစီလိုနာရဲ႕ကမ္းလွမ္းမႈကို ၂ ၾကိမ္တိုင္ ျငင္းဆန္ထားေပမယ့္ အနာဂတ္မွာ ဘာစီလိုနာနည္းျပျဖစ္လာဖို႔ တံခါးဖြင့္ထားဆဲျဖစ္ပါတယ္။

စပါးအသင္းကေန ထုတ္ပယ္ခံရျပီးေနာက္ တစ္ႏွစ္တာအနားယူခဲ့တဲ့ ပိုခ်က္တီႏိုကို လက္ရွိအခ်ိန္မွာ ဘာစီလိုနာအပါအ၀င္ ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက ခ်ိတ္ဆက္ေနပါတယ္။

သတင္းေတြရဲ႕အဆိုရ ဘာစီလုိနာတာ၀န္ရွိသူေတြဟာ ပိုခ်က္တီႏိုကို ၂ ၾကိမ္တိုင္ကမ္းလွမ္းခဲ့ေပမယ့္ ယဥ္ေက်းစြာပဲ ပယ္ခ်ခဲ့ျပီး အျခားသူနဲ႔သင့္ေတာ္မယ့္အသင္းကိုစာ ေစာင့္ဆိုင္းေနခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ဗယ္လ္ဗာဒီကိုထုတ္ပယ္ျပီးေနာက္ ပိုခ်က္တီႏိုကိုဆက္သြယ္ခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ ဆက္တီယန္ကိုပဲ ေခၚယူခဲ့ရပါတယ္။

ဒါေပမဲ့ ဆက္တီယန္ကလည္း ဘာစီလိုနာနဲ႔ အဆင္မေျပခဲ့ဘဲ ဘုိင္ယန္ကို ၈-၂ ဂိုးနဲ႔ ဂိုးျပတ္အေရးနိမ့္ျပီးေနာက္မွာ ထုတ္ပယ္ခံခဲ့ရကာ အဲ့အခ်ိန္တုန္းကလည္း ပိုခ်က္တီႏိုကို ဘာစီလိုနာက ဆက္သြယ္ခဲ့ေသးတာျဖစ္ပါတယ္။

အသက္ ၄၈ ႏွစ္သားကေနာက္ထပ္တစ္ၾကိမ္ျငင္းဆန္ခဲ့တာေၾကာင့္ ဘာစီလိုနာက ေရာ္နယ္ကိုးမန္းကိုပဲ ေခၚယူခဲ့ရျပန္ပါတယ္။

ပိုခ်က္တီႏိုကေတာ့ အက္စ္ပန္ညိဳအသင္းနဲ႔ဘာစီလိုနာဟာ ျမိဳ႕ခံျပိဳင္ဘက္ေတြျဖစ္ေနသလို အက္စ္ပန္ညိဳအသင္းအေပၚသစၥာေစာင့္သိတဲ့အေနနဲ႔ နည္းျပအျဖစ္ တာ၀န္ယူဖို႔ ျငင္းဆန္ေနတာျဖစ္ပါတယ္။

သတင္းေတြအရ ပိုခ်က္တီႏုိကို ယူႏိုက္တက္ ၊ ခ်ဲလ္ဆီး ၊ မန္စီးတီး နဲ႔ ပီအက္စ္ဂ်ီတို႔က ခ်ိတ္ဆက္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

“ကြ်န္ေတာ္နည္းျပေလာကကို ျပန္၀င္ဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။ ဘာဖိအားမွလည္းမရွိေတာ့ဘဲ မၾကာခင္မွာ အေကာင္းဆံုးျပန္လာႏိုင္ေတာ့မွာပါ။ ကြ်န္ေတာ္ေဘာလံုးေလာကို လြမ္းေနတာၾကာပါျပီ”လို႔ ပိုခ်က္တီႏိုက ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ဂႏၳ၀င္လည္းျဖစ္ သူငယ္ခ်င္းလည္းျဖစ္တဲ့ ေအာ္ဆီကေတာ့ ပိုခ်က္တီႏုိဟာ သူသြားရမယ့္ေနရာကို ေရြးခ်ယ္ျပီးျပီျဖစ္ေၾကာင္း အခိုင္အမာေျပာၾကားခဲ့ပါတယ္။

“ပိုခ်က္တီႏိုက ဆံုးျဖတ္ျပီးသားပါ။ သူဘယ္သြားရမလဲဆိုတာ သိျပီးသားပါ။ ေဘာလံုးက သူ႕ဘ၀ပါ။ မၾကာခင္မွာ သူတစ္ခုခုဆံုးျဖတ္ပါလိမ့္မယ္”လို႔ ေအာ္ဆီက ေျပာၾကားခဲ့ပါတယ္။