၂၉ႏွစ္ၾကာ ဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္လုိက္တဲ့ အယ္လ္ဂ်ီးရီးယား

Photo Credit

Photo Credit ; B / R

အယ္လ္ဂ်ီးရီးယားအသင္းဟာ အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲမွာ ဆီနီေဂါကို ၁-၀ ဂုိးနဲ႔အႏိုင္ယူၿပီး ၁၉၉၀ ေနာက္ပိုင္း ၂၉ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ပဲြအစ ၂မိနစ္ကတည္းက အယ္လ္ဂ်ီးရီးယားအသင္း အႏိုင္ဂိုးရရွိခ့ဲတာျဖစ္ၿပီး တုိက္စစ္မွဴး ဘုိနီဒက္ရဲ႕ကန္သြင္းခ်က္ ဆီနီေဂါေနာက္ခံလူ ဆာလစ္ဖ္ဆာေနးနဲ႔ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားခဲ့တာပါ။

Photo Credit ; AFP / Getty Images

ဆီနီေဂါက အေစာပိုင္းမွာ ပြဲကို လႊမ္းမုိးကစားႏိုင္ခဲ့ေပမယ့္ မာေနး၊ နီယန္တုိ႔ အယ္လ္ဂ်ီးရီးယားခံစစ္ကို ထုိးေဖာက္ႏုိင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ဒုတိယပုိင္းမွာလည္း ဆီနီေဂါအသင္းကပဲ ပြဲကိုဦးေဆာင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၆၃မိနစ္မွာေတာ့ အစၥေမးလာဆားရဲ႕ထုိးေဖာက္မႈကေန အယ္လ္ဂ်ီးရီးယားကြင္းလယ္လူ ဂူဒိုရာရဲ႕လက္နဲ႔ထိသြားခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္က ပင္နယ္တီကန္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Photo Credit ; AFP / Getty Images

ဒါေပမဲ့ VAR ျပန္ၾကည့္ၿပီးတ့ဲေနာက္မွာေတာ့ ဒိုင္လူႀကီးက သူ႕ဆုံးျဖတ္ခ်က္ကို ျပန္ေျပာင္းကာ ပင္နယ္တီမေပးေတာ့လုိ႔ ဆီနီေဂါအသင္းနစ္နာခဲ့ရၿပီး ေနာက္ပိုင္းမွာလည္း ပြဲကို ဆက္လက္လႊမ္းမုိးကစားႏုိင္ခဲ့ေပမယ့္ အယ္လ္ဂ်ီးရီးယားခံစစ္ကို မေက်ာ္ျဖတ္ႏိုင္လုိ႔ ဒုတိယနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ဒီ႐ံႈးပြဲဟာ ဆီနီေဂါတုိက္စစ္မွဴးမာေနးအတြက္ေတာ့ နာက်င္စရာေကာင္းခဲ့ၿပီး လက္ေရြးစင္အသင္းအတြက္ အာဖရိကႏိုင္ငံမ်ားဖလားရယူေပးဖုိ႔ လီဗာပူးနဲ႔အတူ ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ဖလားနဲ႔ လဲလုိ႔ရရင္ လဲလုိက္ခ်င္တယ္လုိ႔ေတာင္ ၿပိ္ဳင္ပြဲမစခင္မွာ ေျပာခဲ့ဖူးပါတယ္။

Photo Credit ; AFP / Getty Images

Unicode

၂၉နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်လိုက်တဲ့ အယ်လ်ဂျီးရီးယား

အယ်လ်ဂျီးရီးယားအသင်းဟာ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ဆီနီဂေါကို ၁-၀ ဂိုးနဲ့အနိုင်ယူပြီး ၁၉၉၀ နောက်ပိုင်း ၂၉နှစ်ကြာဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ပွဲအစ ၂မိနစ်ကတည်းက အယ်လ်ဂျီးရီးယားအသင်း အနိုင်ဂိုးရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဘိုနီဒက်ရဲ့ကန်သွင်းချက် ဆီနီဂေါနောက်ခံလူ ဆာလစ်ဖ်ဆာနေးနဲ့ထိကာ လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။
ဆီနီဂေါက အစောပိုင်းမှာ ပွဲကို လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် မာနေး၊ နီယန်တို့ အယ်လ်ဂျီးရီးယားခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ဆီနီဂေါအသင်းကပဲ ပွဲကိုဦးဆောင်ကစားခဲ့ပြီး ပွဲချိန် ၆၃မိနစ်မှာတော့ အစ္စမေးလာဆားရဲ့ထိုးဖောက်မှုကနေ အယ်လ်ဂျီးရီးယားကွင်းလယ်လူ ဂူဒိုရာရဲ့လက်နဲ့ထိသွားခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတော့ ဒိုင်လူကြီးက သူ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ပင်နယ်တီမပေးတော့လို့ ဆီနီဂေါအသင်းနစ်နာခဲ့ရပြီး နောက်ပိုင်းမှာလည်း ပွဲကို ဆက်လက်လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့် အယ်လ်ဂျီးရီးယားခံစစ်ကို မကျော်ဖြတ်နိုင်လို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ ဆီနီဂေါတိုက်စစ်မှူးမာနေးအတွက်တော့ နာကျင်စရာကောင်းခဲ့ပြီး လက်ရွေးစင်အသင်းအတွက် အာဖရိကနိုင်ငံများဖလားရယူပေးဖို့ လီဗာပူးနဲ့အတူ ရရှိခဲ့တဲ့ချန်ပီယံလိဂ်ဖလားနဲ့ လဲလို့ရရင် လဲလိုက်ချင်တယ်လို့တောင် ပြိုင်ပွဲမစခင်မှာ ပြောခဲ့ဖူးပါတယ်။