၂၈ နှစ်အတွင်း မှတ်တမ်းကောင်းပျက်တဲ့ စပိန်နဲ့ အခွင့်အရေးကောင်းတွေရှိလာတဲ့ ဆွီဒင်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ဆွီဒင် လက်ရွေးစင် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ နာမည်ကြီး စပိန် အသင်း ကို အိမ်ကွင်းမှာ ၂ – ၁ နဲ့ အနိုင် ရရှိခဲ့ပါတယ်။

ဆွီဒင် ဟာအုပ်စု ဘီ ရဲ့ ပထမ နေရာကို ရရှိ ခဲ့ပြီး ၃ ပွဲ ကစား အပြီးမှာ ရမှတ် ၉ မှတ် ရယူ ထားနိုင်ခဲ့ ပါတယ်။

စပိန် ကတော့ ၄ ပွဲထိ ကစား အပြီးမှာ ၇ မှတ် နဲ့ ဒုတိယ နေရာကို ဆင်းပေးခဲ့ ရပါတယ်။

အခုဆိုရင် စပိန် အသင်းဟာ (၂၈)နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

စပိန် ဘက်မှာ အူနိုင်း ဆိုင်မွန် ၊ အက်ဇ်ပီလီ ကွီတာ ၊ အယ်ဘာ ၊ ဘက်စကွက် ၊ မိုရီနို ၊ ဖာရန်တော့ရက်စ် ၊ ကိုကီ ၊ လာပေါ့တ် ၊ မိုရာတာ တို့လို ထိပ်တန်း ကစားသမားတွေ ပါဝင်ခဲ့ ပေမယ့် အိမ်ရှင် ကို အနိုင် မယူနိုင်ခဲ့ ပါဘူး။

ဆွီဒင် ဘက်မှာတော့ ဆိုဆီဒက် တိုက်စစ်မှူးလေး အလက်ဇန်းဒါး အိုင်ဆက် အထူး ခြေပေါ်ခဲ့ကာ ၊ ဆွီဒင် လက်ရွေးစင် အသင်းခေါင်းဆောင် လက်ပတ် နဲ့ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ လင်ဒီလော့ဖ် အတွက်တော့ အဲဒီပွဲဟာ အမှတ်တရ ဖြစ်စေမှာ အသေအချာပါပဲ။

ပွဲအစ ၄ မိနစ် မှာ ကားလိုစ့် ဆိုလာ က စပိန် အတွက် အဖွင့်ဂိုး ကို ဖြတ်တင်ဘော ကို ပိတ်သွင်းကာ ရယူ ခဲ့ ပါတယ်။

ဒါပေမယ့် ၁ မိနစ် အကြာမှာပဲ အလက်ဇန်းဒါး အိုင်ဆက် က စပိန် ကစားသမားတွေရဲ့ မတိကျတဲ့ ပေးပို့မှု ကို အခွင့်ကောင်းယူ ဆွဲပြေးကာ ဧရိယာ ထိပ်ကနေ ကန်သွင်းပြီး ချေပဂိုး ရယူပေးခဲ့ ပါတယ်။

နောက်ပိုင်း မှာတော့ ၂ သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားခဲ့ကြပြီး မိုရာတာ ရဲ့ ကန်ချက် ဂိုးဘားပေါ် ကနေ ထွက်ခဲ့သလို ဆွီဒင် ရှေ့တန်းလူ ကူလူဆက်ဗ်စကီး ရဲ့ အနီးကပ် ကန်ချက် ကိုလည်း စပိန် ဂိုးသမား ဆိုင်မွန် ကာကွယ် နိုင်ခဲ့ ပါတယ်။

ဒုတိယပိုင်း ၅၆ မိနစ် မှာတော့ ဆီဒွင် ကစားသမား ကလက်ဆင် က ဧရိယာ ထဲကနေ ကန်သွင်းပြီး အိမ်ရှင် အသင်းကို ဦးဆောင်ခွင့် ပေးအပ် ခဲ့ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi






