
photo-gettyimages
photo-gettyimages
သြစတြီးယားကလပ်ဆဲလ်ဘတ်ကို ၃ ဂိုးပြတ်နိုင်နေရာကနေ ၃ ဂိုးပြန်ပေးခဲ့ရပြီး နောက်ဆုံးမှ ၄-၃ နဲ့အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးည အန်ဖီးလ်က ချန်ပီယံလိဂ်ညမှာ စိတ်လှုပ်ရှားစရာကောင်းခဲ့တဲ့ မယုံနိုင်ဖွယ်အနိမ့်အမြင့်အတက်အကျကသာ ပွဲရဲ့အဓိကအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အနိုင်ဂိုးအပါအဝင် ၂ ဂိုးသွင်းခဲ့တဲ့ဆာလာ၊ အဖွင့်ဂိုးသွင်းခဲ့တဲ့မာနီတို့ကသာ အဲဒီပွဲရဲ့ကစားသမားတွေထဲမှာ အာရုံစိုက်ခံရဆုံးတွေဖြစ်ခဲ့ကြတယ်။ အဲဒီနိုင်ပွဲမှာ အရေးပါဆုံးသူဖြစ်ခဲ့တာကတော့ ဂိုးဖန်တီးမှု ဟက်ထရစ်ရခဲ့တဲ့ဖာမီနိုပါပဲ။
photo-gettyimages
တကယ်တော့ အဲဒီပွဲကစားတဲ့နေ့မှာ ဖာမီနိုဟာ ၂၈ နှစ်ပြည့်ခဲ့တာပါ။ သူ့ရဲ့ ၂၈ နှစ်ပြည့်မွေးနေ့မှာပဲ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုလက်ဆောင်တွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မာနီသွင်းခဲ့တဲ့အဖွင့်ဂိုးဟာ ဖာမီနိုနဲ့ ဝမ်းတူးရိုက်ရာကနေ ရခဲ့တဲ့ဂိုးပါ။ ဆာလာသွင်းခဲ့တဲ့ တတိယဂိုးမှာလည်း ဖာမီနိုရဲ့ခေါင်းတိုက်ချက်ကို ဂိုးသမားပုတ်ရာမှာ ပြန်ထွက်လာတာကနေ သွင်းခဲ့တာပါ။ ဒ့ါအပြင် ဆာလာသွင်းခဲ့တဲ့အနိုင်ဂိုးကိုလည်း ဖာမီနိုက ခေါင်းတိုက်ချပေးခဲ့ပါတယ်။
photo-gettyimages
သူ့ရဲ့မွေးနေ့ညမှာ ဖာမီနိုတစ်ယောက် တစ်ဂိုးမှမသွင်းနိုင်ခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှုတွေနဲ့ အကောင်းဆုံးတာဝန်ကျေခဲ့တာ ဖြစ်ပါတယ်။ ဆာလာ၊မာနီတို့နဲ့ လီဗာပူးတိုက်စစ်မှာ ဖာမီနိုဟာ တစ်ကိုယ်ကောင်းမဆန်ဆုံးကစားသမားလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးရဲ့ဟန်ချက်ညီတိုက်စစ်မှာ သူဟာ အရေးပါဆုံးသူဖြစ်နေတာပါ။
[Zawgyi]
၂၈ ႏွစ္ျပည့္ေမြးေန႔မွာ အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးလက္ေဆာင္ေတြေပးခဲ့တဲ့ဖာမီႏို
ၾသစႀတီးယားကလပ္ဆဲလ္ဘတ္ကို ၃ ဂိုးျပတ္ႏိုုင္ေနရာကေန ၃ ဂိုးျပန္ေပးခဲ့ရၿပီး ေနာက္ဆုံးမွ ၄-၃ နဲ႔အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့ဗုဒၶဟူးည အန္ဖီးလ္က ခ်န္ပီယံလိဂ္ညမွာ စိတ္လႈပ္ရွားစရာေကာငး္ခဲ့တဲ့ မယုံႏိုင္ဖြယ္အနိမ့္အျမင့္အတက္အက်ကသာ ပြဲရဲ႕အဓိကအာရုံစိုက္စရာျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ အႏိုင္ဂိုးအပါအ၀င္ ၂ ဂိုးသြင္းခဲ့တဲ့ဆာလာ၊ အဖြင့္ဂိုးသြင္းခဲ့တဲ့မာနီတို႔ကသာ အဲဒီပြဲရဲ႕ကစားသမားေတြထဲမွာ အာရုံစိုက္ခံရဆုံးေတြျဖစ္ခဲ့ၾကတယ္။ အဲဒီႏိုင္ပြဲမွာ အေရးပါဆုံးသူျဖစ္ခဲ့တာကေတာ့ ဂိုးဖန္တီးမႈ ဟက္ထရစ္ရခဲ့တဲ့ဖာမီႏိုပါပဲ။
တကယ္ေတာ့ အဲဒီပြဲကစားတဲ့ေန႔မွာ ဖာမီႏိုဟာ ၂၈ ႏွစ္ျပည့္ခဲ့တာပါ။ သူ႔ရဲ႕ ၂၈ ႏွစ္ျပည့္ေမြးေန႔မွာပဲ အသင္းေဖာ္ေတြအတြက္ ဂိုးဖန္တီးမႈလက္ေဆာင္ေတြေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မာနီသြငး္ခဲ့တဲ့အဖြင့္ဂိုးဟာ ဖာမီႏိုနဲ႔ ၀မ္းတူးရိုက္ရာကေန ရခဲ့တဲ့ဂိုးပါ။ ဆာလာသြင္းခဲ့တဲ့ တတိယဂိုးမွာလည္း ဖာမီႏိုရဲ႕ေခါင္းတုိက္ခ်က္ကို ဂိုးသမားပုတ္ရာမွာ ျပန္ထြက္လာတာကေန သြင္းခဲ့တာပါ။ ဒ့ါအျပင္ ဆာလာသြင္းခဲ့တဲ့အႏိုင္ဂိုးကိုလည္း ဖာမီႏိုက ေခါင္းတုိက္ခ်ေပးခဲ့ပါတယ္။
သူ႔ရဲ႕ေမြးေန႔ညမွာ ဖာမီႏိုတစ္ေယာက္ တစ္ဂိုးမွမသြင္းႏိုင္ခဲ့ေပမယ့္လည္း ဂိုးဖန္တီးမႈေတြနဲ႔ အေကာင္းဆုံးတာ၀န္ေက်ခဲ့တာ ျဖစ္ပါတယ္။ ဆာလာ၊မာနီတို႔နဲ႔ လီဗာပူးတိုက္စစ္မွာ ဖာမီႏိုဟာ တစ္ကိုယ္ေကာင္းမဆန္ဆုံးကစားသမားလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လီဗာပူးရဲ႕ဟန္ခ်က္ညီတိုက္စစ္မွာ သူဟာ အေရးပါဆုံးသူျဖစ္ေနတာပါ။